ရုရှား-ယူကရိန်းအရေးမှာ သမ္မတပူတင် နျူကလီးယားလက်နက်ဖြင့်ခြိမ်းခြောက်ခဲ့စဥ်က ဟီရိုရှီးမားမြို့တော်ဝန်ဟောင်း ဘာပြောလာခဲ့သလဲ?

၁၉၄၅ ခုနှစ် ၈ လပိုင်း ၆ ရက်နေ့။
ရာသီဥတုကြည်လင်တဲ့ ဟီရိုရှီးမားရဲ့ကောင်းကင်ယံကိုပျံသန်းလာသော အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးကနေ ဗုံးတစ်လုံးကျလာခဲ့တယ်။ကမ္ဘာမှာပထမဆုံး စစ်ပွဲအတွင်းအသုံးချခံရတဲ့ နျူကလီးယားဗုံးပဲဖြစ်ပါတယ်။

အမြင့် ၆၀၀ မီတာအထိပေါက်ကွဲသွားခဲ့တဲ့ ဒီနျူကလီးယားဗုံးဟာ သာမန်ဗုံးတွေနဲ့တောင်ယှဥ်လို့မရတဲ့ ပေါက်ကွဲမှုနဲ့အပူကို ထုတ်လွှတ်ပြီး မြို့တိုင်းကိုအစဖျောက်ပစ်လိုက်ပါတယ်။
ဒီအပြင် အဲ့ဒီနောက်ပိုင်းသက်ရောက်လာတဲ့ ဓာတ်ရောင်ခြည်ကြောင့် အသေအကြေများခဲ့ပြီး၊ လူပေါင်း ၁ သိန်း ၄ သောင်း သေဆုံးခဲ့တယ်လို့ပြောပါတယ်။

ဒါတင်မကသေးဘဲ နောက် ၃ ရက်ကြာ၊ ၈ လပိုင်း ၉ ရက်နေ့မှာတော့ နာဂါဆာကီစီရင်စုကို ဗုံးတစ်လုံးထပ်ကြဲခဲ့ပြန်တယ်။
ဒီနေရာမှာလည်း အကြီးအကျယ်ထိခိုက်ပျက်စီးပြီး၊ လူပေါင်း ၇၃၀၀၀ သေကြေခဲ့ရပြန်ပါတယ်။

သာမန်လက်နက်တွေနဲ့မတူ၊ တစ်ဖက်ရန်သူရဲ့တပ်အင်အားကိုဖြိုခွင်းဖို့မဟုတ်ဘဲ မြို့တွေကိုဖျက်ဆီးပစ်ဖို့အတွက်၊ ပြည်သူတွေကိုဓါးစာခံလုပ်ခဲ့ခြင်းဟာ မယုံနိုင်စရာလုပ်ရပ်ဖြစ်ပါတယ်။
ဒီအပြင် ဓာတ်ရောင်ခြည်ကြောင့် ညစ်ညမ်းသွားတဲ့ ထိုဗုံးဒဏ်သင့်မြေပြင်ဟာလည်း သီးနှံတွေစိုက်လို့မရတော့ဘဲ ဂေဟစနစ်ပျက်စီးသွားခဲ့ပါတယ်။

ဒါဟာစစ်ပွဲမဟုတ်၊ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးသာဖြစ်ပါတယ်။
ဒါကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ မတိုင်ခင်ကတည်းက လူသားတွေနားလည်ခဲ့သင့်ပါတယ်။

ဒီလိုသာပြောပေမဲ့ ၂၀၂၂ ခုနှစ်ကိုရောက်လာတဲ့ ဒီနေ့ခေတ်မှာတော့၊ ကမ္ဘာကိုကိုင်လှုပ်လာတဲ့ နျူကလီးယားလက်နက်ဖြင့်ခြိမ်းခြောက်မှုဟာ လျော့နည်းမသွားပါဘူး။ နျူကလီးယားမပြန့်ပွားရေးစာချုပ်တော့ရှိပါတယ်။ ဒါပေမဲ့ နျူလက်နက်ရှိပြီးသားနိုင်ငံတွေကလွဲပြီး ကျန်နိုင်ငံတွေမပိုင်ဆိုင်ရ ဆိုတဲ့အင်အားကြီးနိုင်ငံတို့ရဲ့အကျိုးအမြတ်အတွက်စာချုပ်သာဖြစ်နေတယ်။
ဒီစာချုပ်နဲ့တော့ နျူလက်နက်နဲ့ခြိမ်းခြောက်မှုကို မတားဆီးနိုင်ပါဘူး။

နိုင်ငံတကာဥပဒေအရ နျူကလီးယားလက်နက်အသုံးပြုမှုကိုကြေငြာပြီး ခြိမ်းခြောက်ခြင်းဟာ တရားမဝင်လုပ်ရပ်ဖြစ်ပေမဲ့၊ တရားမဝင်ဘူးလို့ဝေဖန်ပြီး၊ စီးပွားရေးပိတ်ဆို့အရေးယူရုံလေးနဲ့တော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ နျူကလီးယားလက်နက်ခြိမ်းခြောက်မှုဟာ လုံးဝပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

ဂျပန်ကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့အတွက်၊ ကိုယ်တိုင်နျူကလီးယားလက်နက်မတည်ဆောက်ရင်တောင် နျူကလီးယားလက်နက်နဲ့ ကာကွယ်ခံထားရတယ်လို့ပြောရင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါဘူး။

နောက်ဆုံး လူသားမျိုးနွယ်ဟာ နောက်ဆုံးအဆင့်နျူကလီးယားလက်နက်မရှိရင် ယခုကမ္ဘာကြီးကို မထိန်းချုပ်နိုင်တော့ဘူး။

တစ်ဖက်မှာလည်းဂျပန်ဟာ တစ်ခုတည်းသော နျူကလီးယားဗုံးဒဏ်သင့်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီအပြင် လက်တွေ့နျူကလီးယားဗုံးကြဲချခံရတဲ့ ဟီရိုရှီးမားမြို့တော်ဝန်ဟောင်းဟာ ဒီလိုသတင်းစကားပါးလိုက်ပါတယ်။

နျူကလီးယားလက်နက်ကိုမသုံးပါနဲ့။ လူသားတစ်ယောက်အနေနဲ့ ‌အနိမ့်ဆုံးတာဝန်ကိုကျေပွန်ပါမယ်လို့ ချက်ချင်းပြန်ပြောပါ။
ရုရှားတစ်နိုင်ငံတည်းမှမဟုတ်၊ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံအားလုံးနဲ့ဆိုင်တဲ့တာဝန်ဖြစ်တယ်။

ချိုကိုထုတ်မသုံးရ။ ဒါဟာလူသားတစ်ယောက်ရဲ့ အနိမ့်ဆုံးတာဝန်ဖြစ်တယ်။
ပထမဆုံးအဆင့်က တရုတ်နိုင်ငံလိုပဲ နျူကလီးယားလက်နက်ကိုပထမဆုံးအသုံးမပြုကြောင်း ကြေငြာရမယ်။

လက်ရှိ ဝန်ကြီးချုပ်Kishida ကလည်း ကမ္ဘာကြီးကို ဒီလိုသတင်းစကားပါးလိုက်ပါတယ်။
No more ဟီရိုရှီးမား
No more နာဂါဆာကီ

စစ်ပွဲကို အမှန်တကယ် ပပျောက်စေချင်တယ်။
သို့ပေမယ့် နိုင်ငံတစ်ခုနဲ့တစ်ခုတိုက်ခိုက်နေတာတွေဟာ ပျောက်ကွယ်မသွားဘူး။
ဒါဆို အနိမ့်ဆုံးစည်းကမ်းချက်ဖြင့် လူသားတွေကိုအကာအကွယ်ဒိုင်းသဖွယ်လုပ်ခြင်းနဲ့၊ ကမ္ဘာကြီးကိုညစ်ညမ်းစေမယ့် အဆိုးဆုံးလက်နက်ကို ဖျက်သိမ်းစေချင်တယ်။
ပြောသာပြောရတာပါ ဒါလည်းလုပ်ဖို့မလွယ်ပါဘူး။
မဖျက်သိမ်းနိုင်ဘူးဆိုရင်တောင် အသုံးမပြုဖို့လိုအပ်ပါတယ်။

 

www.advan-group.co.jp

အားလုံးကမျှော်လင့်တောင့်တနေတဲ့ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ခြင်းမှာ ဘာကြောင့်ဒီလောက်အထိ ညှိနှိုင်းနေရတာလဲ?

ကိုရိုနာအပြင် ယူကရိန်းပြဿနာမှာ လူသားမျိုးနွယ်တွေ ဒီတစ်ခေါက်မှမပြောင်းလဲရင် ဘယ်တော့မှမပြောင်းလဲတော့ပါဘူး။
ဒီလိုအချိန်ကာလအချိုးအကွေ့တစ်ခုကို ကျွန်တော်တို့အခုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: