Curry ဟင်းကိုစားလို့ တာဝန်ကနေ ၄ ရက်ကြာ ရပ်ဆိုင်းခံလိုက်ရတဲ့ ရေကြောင်းအရာရှိတစ်ဦး။

ဂျပန်ကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့။
ကိုယ့်ကိုကိုယ်ကာကွယ်စောင့်ရှောက်ဖို့အတွက်သာ ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် စစ်တပ်လို့မခေါ်ဘဲ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လို့သာခေါ်ပါတယ်။ သို့သော် ပုံစံကတော့ စစ်တပ်လိုပါပဲ။
နိုင်ငံအသီးသီးမှာရှိကြတဲ့စစ်တပ်တွေဟာ စည်းကမ်းတင်းကြပ်တယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီထဲမှာ တော်တော်လေးစည်းကမ်းတင်းကြပ်တယ်လို့အသံထွက်နေတဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှာ အလွန်အံ့သြစရာကောင်းတဲ့ကိစ္စတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

www.excite.co.jp

ကျိုတိုစီရင်စုအတွင်း ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၀ အရွယ်အရာရှိတစ်ဦး။
စားဖို့ခွင့်မပြုတာတောင် ၂ နှစ်လုံး၊ အပတ်တိုင်းသောကြာနေ့ရောက်ရင် curry ဟင်းကိုပဲစားနေလို့၊ ၄ ရက်ကြာ တာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။

ဘာများမှားလို့လဲ?
ဒီလိုတွေးမိတယ်နော်.. အဓိပ္ပါယ်မရှိဘူးလို့ထင်ရပါတယ်။

curry မှာဘာအပြစ်ရှိလို့လဲ ပြောသံတွေထွက်လာလို့ Japo စာဖတ်သူတို့အတွက် အနည်းငယ်ရှင်းပြပေးပါမယ်။
ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ပင်လယ်ပြင်ပေါ်မှာတာဝန်ထမ်းဆောင်ရသလို အခြေအနေနဲ့လိုက်ပြီး ပင်လယ်ပြင်အောက်က ရေငုတ်သင်္ဘောထဲမှာလည်း ရက်ပေါင်းများစွာ မစ်ရှင်တွေလုပ်ရပါတယ်။

ပင်လယ်အောက်မှာ အကြာကြီးနေရတဲ့အခါ နေ့တွေလတွေကိုမေ့ပျောက်လာတတ်တယ်။ ဒါကြောင့် အပတ်တိုင်းသောကြာနေ့ကိုရောက်ရင် curry ဟင်းကိုစားကြတာဟာ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှာ သတ်မှတ်ချက်တစ်ခုဖြစ်လာပါတယ်။

စကားမစပ် သူတို့စားကြတဲ့ပုံစံကတော့ ဒီလိုပါ။

ဒါဟာအခြေစိုက်စခန်းအပြင်သင်္ဘောနဲ့လိုက်ပြီး ဟင်းအမယ်တွေမတူညီသလို၊ သင်္ဘောနာမည်တပ်ထားတဲ့ curry ဆို ရောင်းရလောက်တဲ့အထိ နာမည်ကြီးပါတယ်။

curry တစ်ခုတည်းကိုပဲ အပတ်တိုင်းချက်ရမယ်ဆို curry ချက်နည်းကိုတောင် ကျွမ်းကျင်လာမယ်မဟုတ်ပါသလား။
အရသာလည်းအရမ်းကောင်းတယ်လို့ ချီးကျူးခံရပေမဲ့၊ ဒါကိုစားလိုက်ရုံလေးနဲ့ အပြစ်ပေးခံလိုက်ရတယ်တဲ့…

ထိုအချိန်ကဒီအရာရှိဟာ မြေပြင်အခြေစိုက်ဌာနမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ စားသောက်ဖို့ခွင့်မပြုခဲ့တာကိုမှ သူ့ရဲ့စီနီယာဘဝကတည်းက အရသာမြည်းစမ်းကြည့်ရင်းနဲ့ ပုံမှန်လိုစားဖြစ်ခဲ့ပြီး၊ လုံးဝအပြစ်လို့မခံစားမိခဲ့ပုံရပါတယ်။

ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့မှာတော့ ကိုယ်တိုင်အစားအသောက်ရယူဖို့ခက်ခဲတဲ့ ပင်လယ်ပြင်မှာတာဝန်ထမ်းဆောင်နေသော သင်္ဘောအမှုထမ်းတွေကိုသာ အစားသောက်အခမဲ့ပေးဖို့ စည်းကမ်းချက်ရှိပါတယ်။
တစ်နည်းအားဖြင့် မြေပြင်မှာတာဝန်ထမ်းဆောင်ပြီး ကိုယ်တိုင်အစားအသောက်ရယူနိုင်တဲ့ဌာနတွေကိုတော့ အစားအသောက်ပေးဝေဖို့ ခွင့်မပြုထားပါဘူး။ ဒါကို ဒီအရာရှိဟာ အပတ်တိုင်း Curry ဟင်းကို ၂ နှစ်ကြာစားခဲ့တယ်။

နောက်ဆုံးမှာ ဒီကိစ္စကိုသိသွားကြပြီး၊ ၄ ရက်ကြာ တာဝန်ကနေရပ်ဆိုင်းခံလိုက်ရပါတယ်။

Curry ဟင်းကိုစားရုံလေးပါပဲ။
Curry ဟာအရသာရှိပြီးအနံ့လည်းမွှေးပါတယ်။
ဒီအနံ့လေးကြောင့်စားမိသွားတာဖြစ်ပါလိမ့်မယ်။
Curry ဟင်းအတွက်နဲ့ ဒီလောက်လုပ်သင့်သလားလို့တွေးကြည့်တာကလည်း ချိုမြိန်တဲ့ဆုံးဖြတ်ချက်ဖြစ်မယ်ထင်ပါတယ်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: