ယန်း ၁၀၀ တန်ဆိုင်က အလွန်ဈေးပေါတဲ့ဓာတ်ခဲခြောက်များ၊ တကယ်ရောအသုံးပြုဖို့အဆင်ပြေပါ့မလား?

တီဗွီရဲ့ အဝေးထိန်းခလုတ်၊ ရေဒီယို စတဲ့နေရာအမျိုးမျိုးမှာ ဓာတ်ခဲခြောက်ကိုအသုံးပြုကြပါတယ်။
သင်ရော ဘယ်လိုဓာတ်ခဲကိုအသုံးပြုပါသလဲ?

ဓာတ်ခဲတွေမှာ အရွယ်အစားအမျိုးမျိုးရှိတာကို စာဖတ်သူတို့လည်းသိပြီးသားမို့ အကျယ်တဝင့်မရှင်းပြတော့ပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိ ကြာရှည်ခံတဲ့သာမန်ဓာတ်ခဲတွေထဲမှာတော့ アルカリ乾電池 အမျိုးအစားဓာတ်ခဲက ပိုနာမည်ကြီးပါတယ်။

ကျွန်တော်ကျောင်းသားဘဝတုန်းက လွန်ခဲ့တဲ့နှစ် ၃၀ ကျော်လောက်ကပေါ့… ကျောင်းအသွားအပြန် တောက်လျှောက်လမ်းမှာသီချင်းနားထောင်သွားတယ်။ စက်လေးမှာသုံးရတာလည်း ဓာတ်ခဲခြောက်ပါပဲ။
ဓာတ်ခဲ ၂ လုံးကို ယန်း ၃၀၀ ပေးရပြီး၊ တစ်နည်းအားဖြင့် ဓာတ်ခဲ ၁ လုံးကို ယန်း ၁၅၀ လောက်‌ပေးခဲ့ရပါတယ်။

အခုတော့ ယန်း ၁၀၀ တန်ဆိုင်မှာ ဓာတ်ခဲခြောက်တွေဝယ်နိုင်တဲ့ခေတ်ရောက်လာခဲ့ပြီ။
ဓာတ်ခဲ ၄ လုံးကနေ ၆ လုံးကို ယန်း ၁၀၀ တဲ့…
၁ လုံးစီကို ယန်း ၂၀ လောက်သာကျသင့်ပါတယ်။
တော်တော်လေးဈေးပေါတယ်၊ ဈေးသက်သာပါတယ်။

ဒါနဲ့ယှဥ်ရင်တော့ ကုမ္ပဏီထုတ်ဓာတ်ခဲက ယခုချိန်ထိ အတိုင်းအတာတစ်ခုထိဈေးရှိနေသေးတယ်။ ဓာတ်ခဲ ၁ လုံးတည်းကို ယန်း ၁၀၀ လောက်ပေးရပါတယ်။ ဈေးနှုန်းက ၅ ဆလောက်ကွာနေတယ်။

ဒီဈေးနှစ်ခု တော်တော်လေးကွာနေပေမဲ့ သင်ဆိုရင်ရော ဘယ်တစ်ခုကိုသုံးချင်လဲ?

ဂျပန်မှာ စစ်တမ်းကောက်ထားတဲ့ရလဒ်အရ တစ်ဝက်လောက်က ယန်း ၁၀၀ တန်ဆိုင်ကဓာတ်ခဲကိုသဘောကျပြီး ကျန်တစ်ဝက်က ကုမ္ပဏီထုတ်ဓာတ်ခဲကိုသာ အသုံးပြုကြတယ်တဲ့..
ဒီလောက်ဈေးပေါနေရင် စိတ်မချရနိုင်ဘူး ဆိုတဲ့အကြောင်းကြောင့်ဖြစ်ပါတယ်။

တကယ်လက်တွေ့ လက်နှိပ်ဓာတ်မီးမှာ စမ်းသပ်ကြည့်တဲ့အခါ ယန်း ၁၀၀ တန်ဆိုင်ကဓာတ်ခဲထက် ကုမ္ပဏီထုတ်ဓာတ်ခဲက ၂၀ ရာခိုင်နှုန်းလောက် ပိုမိုကြာရှည်ခံတာကိုတွေ့ရတယ်။
ဒါကလည်း ဈေး ၅ ဆလောက်ကွာနေလို့ ၂၀ ရာခိုင်နှုန်းပိုမိုကြာရှည်ခံတာက သင့်လျော်ပါတယ်။

စွမ်းအားမြင့်ပြီး ကြာရှည်အသုံးပြုချင်တဲ့လူအတွက်တော့ ကုမ္ပဏီထုတ်ကိုအကြံပြုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ယန်း ၁၀၀ တန်ဆိုင်ကဓာတ်ခဲနဲ့တင် လုံလောက်ပါတယ်။
ဒီလိုခွဲသုံးတတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

စိတ်ချရမှုကတော့အတူတူပါပဲ။ ဒါကြောင့် ယုံယုံကြည်ကြည်နဲ့အသုံးပြုကြည့်ပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: