လိုအပ်သောမကောင်းမှု လို့တင်စားခံရတဲ့ ယာကူဇာများ။

ဂျပန်လူမျိုးတွေက ပြတ်ပြတ်သားသား မလုပ်ကြဘူး။
ဘာကိုစဥ်းစားတွေဝေနေမှန်းမသိဘူးလို့လည်း မကြာခဏမပြောခံရပါတယ်။

ဒါဟာဂျပန်ဘာသာစကားရဲ့ စကားအသုံးအနှုန်းမှာလည်း ပါဝင်တာတွေ့ရပါတယ်။
များသောအားဖြင့် စကားကိုကွေ့ပတ်ပြောကြပါတယ်။ ဒါဟာယဥ်ကျေးမှုအနေနဲ့ မပြတ်သားတာက များလို့ဖြစ်ပါတယ်။

အဲ့ဒီလိုဂျပန်မှာမွေးဖွားလာတာတဲ့ ယာကူဇာဆိုတဲ့လူတစ်စုကို ဒီဆောင်းပါးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။

www.sueddeutsche.de

ဂျပန်မှာတော့ 必要悪(ひつようあく)ဆိုတဲ့စကားလုံးရှိပါတယ်။
တရားမျှတမှု၊ အမှန်တရားကိုလိုအပ်ပေမဲ့၊ ဒုစရိုက်ဆိုရင်တော့ မလိုချင်ကြဘူးနော်…
လူတိုင်းဒီလိုတွေးကြပါတယ်။ ဒါပေမဲ့ မပြတ်မသားဖြစ်နေမှုကိုမှကြိုက်တဲ့ဂျပန်မှာတော့ ဒုစရိုက်လည်း အသုံးဝင်မယ့်နေရာရှိရင် လိုအပ်မှာပဲလို့ ခံယူထားကြပါတယ်။

ဟိုးအရင်တုန်းက တီဗွီအစီအစဥ်မှာ မကြာခဏလာလေ့ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။
အဲ့ဒါကတော့ 鼠小僧(ねずみこぞう)Nezumi Kozō
ခေါင်းဆောင်မင်းသားက သူခိုးပါ။
ဒါပေမဲ့သူက မတရားသဖြင့်ရထားတဲ့ ငွေမည်းတွေကိုသာလိုက်လံခိုးယူပြီး၊ ထိုငွေတွေကို မရှိဆင်းရဲသားတွေဆီ တိတ်တဆိတ်ကြဲဖြန့်ပါတယ်။

သူခိုးကတော့သူခိုးပဲ ဒါကြောင့်ဘာပဲဖြစ်ဖြစ်မကောင်းမှုပါပဲ။ ဒီလိုကြည့်ရင် တရားမမျှတမှုမရှိပါဘူး။
ဒါပေမဲ့ အားလုံးအတွက် ဆိုတဲ့အချက်ကြောင့်နာမည်ကြီးပြီး၊ လိုအပ်သောမကောင်းမှုဆိုတဲ့ ဘောင်ထဲကိုရောက်သွားပါတယ်။

နောက်တစ်ခုကတော့ Hissatsu series ဖြစ်ပါတယ်။ လူသတ်သမားအုပ်စုပါ။
ထိုအချိန်ကရဲတွေ လွယ်လွယ်မဖမ်းနိုင်တဲ့အာဏာရှင်တွေနဲ့ နောက်ကွယ်ကလူသတ်သမားတွေကို ပြန်လည်လုပ်ကြံသတ်ဖြတ်တဲ့ အုပ်စုဖြစ်ပါတယ်။ လူသတ်ခြင်းကလည်း ရာဇဝတ်မှုပဲမို့လို တရားမျှတမှုနဲ့မညီညွတ်ပါဘူး။
ဒါပေမဲ့ ဒီလိုလူတွေလည်းလိုအပ်တဲ့အတွက် လိုအပ်သောမကောင်းမှုဆိုပြီး ခေါ်လိုက်ပါတယ်။

ဒီအထိကတော့ တီဗွီဒရမ်မာအကြောင်းပဲရှိပါသေးတယ်။
ဒါပေမဲ့ လက်တွေ့ဘဝမှာလည်း ထို့အတူပါပဲ။
အဲ့ဒါကတော့ ယာကူဇာဆိုတဲ့တည်ရှိမှုပါ။

ယာကူဇာလည်း ခေတ်တွေပြောင်းလဲလာတာနဲ့လိုက်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကဲ့သို့ လူ့ကျင့်ဝတ်နဲ့မညီတာတွေလုပ်လာကြပေမဲ့၊ ယခင်ယာကူဇာတွေကတော့ လူ့ကျင့်ဝတ်နဲ့မသွေဖယ်ဘဲ လိုအပ်သောမကောင်းမှုသာဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့အခန်းကဏ္ဍက ဥပဒေနဲ့ရဲက မဖြေရှင်းနိုင်တဲ့ပြဿနာကို စနစ်တကျကိုင်တွယ်ဖြေရှင်းပေးပါတယ်။
ဒါပေမဲ့ လုပ်ရပ်တွေဟာ တရားမဝင်တဲ့အတွက် တရားမျှတတယ်လို့ပြောလို့မရဘဲ လိုအပ်သောမကောင်းမှုလို့သာပြောနိုင်ပါတယ်။

ကျွန်တော်တို့ကလေးဘဝက အရမ်းခုန်ပေါက်ပြေးလွှားတဲ့အခါ အနီးအနားကယာကူဇာဆီကနေ အော်ငေါက်တာတွေခံရတယ်။ အရမ်းကြောက်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ ဒီလိုမပြေးလွှားရဘူးဆိုတဲ့အသိကိုရရှိသွားပါတယ်။

ဒီကနေတစ်ဆင့် ယာကူဇာတွေတစ်ဖြည်းဖြည်းပုံစံပြောင်းလဲပြီး လူ့အသိုင်းအဝန်းနဲ့သွေဖီကာ နောက်ဆုံးမှာရဲတွေက ယာကူဇာဆို နှိုက်နှိုက်ချွတ်ချွတ် ရှင်းပစ်လာကြပါတော့တယ်။

ရဲတွေရဲ့ဖိအားအောက်မှာ ယာကူဇာတွေအင်အားနည်းလာတဲ့ယခုအချိန်မှာ နိုင်ငံခြားက မာဖီးယားဂိုဏ်တွေထကြွလာတာတို့၊ ဂျပန်မှာ စည်းမဲ့ကမ်းမဲ့လူငယ်တွေ သောင်းကျန်းတာတို့ ဖြစ်လာပါတယ်။

လိုအပ်သောမကောင်းမှုကို ဆက်ထားဖို့မသင့်ပေမဲ့၊ လက်ရှိအခြေအနေကိုကြည့်လိုက်ရင် လိုအပ်သောမကောင်းမှုဟာ အမှန်တကယ်ကိုလိုအပ်တယ်လို့ စာဖတ်သူတို့ရော ထင်မိပါသလား?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: