သင်ဆိုဘယ်တစ်ခုကိုရွေးချယ်မလဲ? သေနတ် vs လေးနှင့်မြှား

တိုက်ခိုက်နေတဲ့ဆာမူရိုင်းရဲ့ လက်နက်ကိုပြောပါဆိုရင် ဓားလို့ဖြေကြမယ်နော်။
ဒါပေမဲ့ တိုက်ပွဲတစ်ခုဖြစ်လာရင် အမှန်တကယ်အသုံးပြုခဲ့ကြတဲ့လက်နက်ကတော့ လှံဖြစ်ပါတယ်။ ဒါကိုစာဖတ်သူတို့ သိကြပါသလား?
တစ်ယောက်နဲ့တစ်‌ယောက် တိုက်ခိုက်ကြတဲ့အခါ သေချာ‌ပေါက်ဓားကိုထုတ်သုံးပေမဲ့ Sengoku ခေတ်က စစ်ပွဲထဲမှာ အဓိကအသုံးပြုခဲ့ကြတာကတော့ လှံဖြစ်ပါတယ်။


သို့သော် လှံဆိုတာကလည်း အတိုင်းအတာတစ်ခုလောက်သာရှည်တဲ့အတွက် အဝေးကနေတိုက်ခိုက်ဖို့အတွက်ဆို သုံးလို့မရပါဘူး။ ဒါကြောင့် ဒီနေရာမှာအသုံးပြုကြတာကတော့ သေနတ်နဲ့ လေးမြှားတို့ဖြစ်ပါတယ်။
အကယ်၍သင် စစ်ပွဲထဲသွားရမယ်ဆို ဘယ်တစ်ခုကိုအသုံးပြုမလဲ?

အရင်ဆုံး သေနတ်ရဲ့သမိုင်းကိုကြည့်ကြပါစို့။

၁၅၅၂ ခုနှစ်မှာ လူငယ်တစ်ယောက်ဖြစ်တဲ့ နိုဘူနာဂါ အိုဒါ (Oda Nobunaga) ဟာ လေးနဲ့သေနတ်ပေါင်း အလက် ၅၀၀ ကိုအသုံးပြုပြီးတိုက်ခိုက်တယ်။ 武田信玄(Takeda Shingen ကတော့ သေနတ်အလက် ၃၀၀ ကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

သေနတ်ကို ၁၅၄၃ ခုနှစ်၊ ဂျပန်မှာပထမဆုံးစတင်မိတ်ဆက်ခဲ့ပြီး နောက် ၁၀ နှစ်အကြာမှာတော့ ဒေသအသီးသီးမှာ ဒီနောက်ဆုံးပေါ်လက်နက်တွေ တပ်ဆင်နိုင်ခဲ့ပါတယ်။ လက်နက်သစ်တပ်ဆင်မှုကို ဒီလောက်အမြန်နှုန်းနဲ့ ဂျပန်တစ်ဝှမ်းတွင်လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ခေတ်ကိုကစစ်ချည်းပဲတိုက်နေကြတဲ့ Sengoku ခေတ်ဖြစ်နေတာကြောင့်လည်း ပါ,ပါတယ်။

သေနတ်ရဲ့အားသာချက်မှာ ထိုးဖောက်နိုင်စွမ်းဖြစ်တယ်။
ဂျပန်ရဲ့သံချပ်ကာဟာ လေးမြှားနဲ့ ဓားရဲ့တိုက်ခိုက်မှုကို ကာကွယ်နိုင်ပေမဲ့ သေနတ်ရဲ့ထိုးဖောက်နိုင်စွမ်းကိုတော့ မကာကွယ်နိုင်ပါဘူး။ ဒီအပြင် ပစ်ခက်ရာတွင် ကျယ်လောင်တဲ့အသံများထွက်ခြင်းကလည်း တစ်ဖက်ရန်သူတပ်အတွက် ထိတ်လန့်စရာတစ်ခုဖြစ်ပါတယ်။

ထိုအချိန်ကသေနတ်တွေဟာ ပစ်ခက်ဖို့ အချိန်ယူခဲ့ရတယ်။
ဗူးထဲကယမ်းမှုန့်ထည့်၊ ကျည်ဆန်တစ်တောင့်ထည့်၊ ပြီးရင် ကြိုးနဲ့ဆွဲထားတဲ့ မီးခြစ်ဆံခေါင်းကို သေနတ်ကိုယ်ထည်မှာထည့်ပြီးရင် ပြင်ဆင်လို့ပြီးပါပြီ။ ဒါတွေလုပ်ဖို့ အချိန်ယူရပါတယ်။

ဒါနဲ့ယှဉ်ရင် လေးနဲ့မြှားဟာ ပိုပြီးမြန်ဆန်ပါတယ်။
တကယ်ထိုးဖောက်နိုင်ချင်မှ ထိုးဖော်နိုင်ပေမဲ့၊ ဆက်တိုက်ပစ်ရင် ရန်သူမချဉ်းကပ်နိုင်ပါဘူး။

ဒီအပြင် မြှားထိပ်မှာမီးညှိပြီးပစ်နိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုပါ။
နောက်ပြီး တစ်ကြိမ်တည်းမှာ parabolic ပုံစံနဲ့ပစ်ရင် ရန်သူများစွာကို တစ်ပြိုင်နက်တည်း ထိမိနိုင်တာကလည်း သေနတ်မှာမရှိတဲ့အားသာချက်ဖြစ်ပါတယ်။
ဖွဲ့စည်းတည်ဆောက်ထားပုံက ရိုးရှင်းတဲ့အတွက် ပြဿနာကြီးကြီးမားမားလည်းမရှိပါဘူး။

သင်ဟာဆာမူရိုင်းတစ်ယောက်အနေနဲ့ ရှေ့တန်းထွက်ရမယ်ဆို ဘယ်တစ်ခုကိုယူသွားမလဲ?
သင်ဟာစစ်ဗိုလ်တစ်ယောက်ဆိုရင် သေနတ်နဲ့လေးမြှား ယှဉ်တွဲလာရင် ဘယ်လိုလုပ်မလဲ? ဒါဟာ Sengoku ကာလအတွင်း တိုက်ပွဲကိုလွှမ်မိုးခဲ့တဲ့ ကိန်းဂဏန်းဖြစ်နိုင်ပါတယ်။

စကားမစပ်၊ ဂျပန်နိုင်ငံထဲကို သေနတ်စတင်ဝင်ရောက်လာတဲ့အချိန်ကစပြီး အချိန်တိုအတွင်းမှာ အရေအတွက်အများအပြားကို ပြန်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ပထမဆုံး ဥရောပကနေ ဈေးကြီးကြီးပေးဝယ်ပြီး ၎င်းသေနတ်ကိုပြည်တွင်းမှာ ထုတ်လုပ်နိုင်ခဲ့ကာ၊ ဆယ်စုနှစ်အနည်းငယ်အတွင်း သေနတ်အလက်ပေါင်း ၅ သိန်းကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ အလျင်အမြန်ပဲ ကမ္ဘာ့အကြီးဆုံးသေနတ်ကိုင်ဆောင်တဲ့နိုင်ငံအဖြစ်သို့ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ထပ်ဆင့်မြှင့်တင်မှုများပြုလုပ်ပြီး၊ ပစ်ချက်တိကျမှန်ကန်မှုကလည်း ဥရောပနှင့်အမေရိကန်တို့ထက် သာလွန်ကောင်းမွန်လာပြီး၊ ကျည်ပြန်ဖြည့်နှုန်းပိုပြီးမြန်အောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။ အသုံးပြုပုံမှာလည်း လှည့်ကွက်တစ်ခုထည့်သွင်းပြီး တစ်ပြိုင်နက်တည်း ကျည် ၇ လုံးနီးပါးထွက်နိုင်အောင်လို့ ပြောင်းလဲပြုပြင်လိုက်တာဟာ ဂျပန်စတိုင်ဖြစ်ပါတယ်။ ထူးခြားတဲ့စက်မှုလုပ်ငန်းတွေက ဟိုးအရင်ကတည်းကရှိခဲ့ပုံပါပဲ။

အဲ့ဒီနောက်ပိုင်းဂျပန်ဟာ ဆာမူရိုင်းကြောင့် ငြိမ်းချမ်းတဲ့ခေတ်ကို ရောက်ရှိခဲ့ပါတယ်။
ထိုခေတ်ကုန်သွားတဲ့နောက်မှာတော့ ဂျပန်စစ်တပ်ဟာ ခေတ်မီလာခဲ့ပေမဲ့၊ ပထမဆုံး စစ်သင်္ဘောတွေကို နိုင်ငံခြားကနေ ဝယ်ယူခဲ့ပါတယ်။
ဒီစစ်သင်္ဘောကိုလည်း အချိန်တိုအတွင်း ကိုယ်တိုင်ဆောက်လုပ်နိုင်လာတာသာမက စွမ်းဆောင်ရည်ကိုပါ မြှင့်တင်လိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံးစစ်သင်္ဘောကိုဆောက်လုပ်ပြီး၊ ကမ္ဘာနဲ့စစ်တိုက်ဖို့ အင်အားရှိလာခဲ့တယ်။

ဒီခေတ်ကိုရောက်လာချိန်မှာတော့ လေးတွေမြှားတွေကိုမသုံးတော့ပေမဲ့၊ ဆာမူရိုင်းခေတ်တုန်းကတော့ တော်တော်ရွေးချယ်ရခက်ခဲခဲ့ပါတယ်။ အကယ်၍သင်သာ ဆာမူရိုင်းခေါင်းဆောင်ဆိုပါစို့၊ လေးနဲ့သေနတ်၊ ဒီအပြင်မနီးမဝေးကနေတိုက်ခိုက်နိုင်တဲ့လှံအဖွဲ့တို့ကို တစ်ဖွဲ့ချင်းစီအတွက် ဘယ်လောက်ရာခိုင်နှုန်းစီအမှတ်ပေးချင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: