ဖန်ထည်အနုပညာ၊ ပုစဥ်းဘောလုံးများရဲ့ အလှကျက်သရေ

ဂျပန်အနုပညာဖြစ်တဲ့ ပုစဉ်းဘောလုံးလေးများ။
ဖန်ဘောလုံးငယ်လေးအတွင်းမှာ အဆင်ဒီဇိုင်းတွေကိုထည့်သွင်းပြီး၊ ဆံပင်အတွက်အဆင်တန်ဆာများ၊ လည်ဆွဲများ၊ ကြိုးများ စတာတွေအတွက် အသုံးပြုပါတယ်။

ဖန်ခွက်ကို အီဂျစ်ကစတင်တီထွင်ခဲ့ပေမဲ့၊ ထိုအချိန်ကတည်းက ပုစဉ်းဘောလုံးများကို တွေ့ရှိခဲ့ပြီး ၎င်းဟာ ဖန်ထည်ပစ္စည်းများရဲ့အစောဆုံးကာလဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

အဲ့ဒီနည်းပညာဟာ ဂျပန်ကိုရောက်လာပြီးနောက်ပြောင်းလဲလိုက်ကာ၊ ပုစဉ်းဘောလုံးအမည်နဲ့ ဂျပန်အနုပညာတစ်ခု ပေါ်ပေါက်လာပါတော့တယ်။
မူလက အပြာရောင်နောက်ခံမှာ အဖြူရောင်ပန်းဒီဇိုင်းလေးတွေပါရှိပေမဲ့၊ ပုစဥ်းမျက်လုံးနဲ့တူတယ်လို့ပြောရာကနေ ပုစဥ်းဘောလုံးဆိုပြီး နာမည်တွင်သွားခဲ့ပါတယ်။ အခုတော့ ချစ်စရာကောင်းတဲ့ ဖန်လုံးငယ်လေးတွေကို ပုစဥ်းဘောလုံးトンボ玉 လို့ခေါ်ကြပါတယ်။

ပုစဥ်းဘောလုံးလေးတွေရဲ့ ပြောင်မြောက်လှတဲ့အနုပညာလက်ရာတွေကိုလည်း ကြည့်ကြည့်လိုက်ပါ။

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

https://www.pinterest.jp/pin/

ကဲ ဘယ်လိုသဘောရပါသလဲ?
ရိုးရာပုစဉ်းဘောလုံးကနေ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အံ့သြစရာကောင်းလောက်အောင် ဒီဇိုင်းတွေပြောင်းလဲလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီလက်ရာတွေအများစုကို ဖန်မဟုတ်ဘဲ ကော်နဲ့လုပ်လာကြတယ်။ ကော်နဲ့လုပ်တဲ့အတွက် ဒီလိုအနုစိတ်ကျအောင်လုပ်နိုင်ရခြင်းပဲဖြစ်ပါတယ်။
သူ့ရဲ့လှပမှုကတော့ အံ့မခန်းပါပဲ။

ဒီနေ့ခေတ်မှာဆိုရင်တော့ စမတ်ဖုန်းရဲ့အလှဆင်ကြိုးလေးတွေအဖြစ်အသုံးပြုရင်တော့ အရမ်းလိုက်ဖက်မှာသေချာပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: