တစ်ခုတည်းသော အဏုမြူဗုံးကြဲခံရတဲ့နိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ကြိုးပမ်းပြီလား?

ဂျပန်ဟာ ကမ္ဘာပေါ်မှာတစ်ခုတည်းသော အဏုမြူဗုံးကြဲခံရတဲ့နိုင်ငံဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဟီရိုရှီးမားနဲ့နာဂါဆာကီတို့မှာ အဏုမြူဗုံးကြဲခံရပြီး ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုတွေနဲ့အတူ စစ်ရှုံးသွားခဲ့ပါတယ်။ အဲ့ဒီအတွက်၊ အခြားသောနိုင်ငံတွေထက်ကို နျူကလီးယားလက်နက်နဲ့ပတ်သက်ရင် ဆက်ဆက်ထိမခံတဲ့နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

မပိုင်ဆိုင်ရ၊ မထုတ်လုပ်ရ၊ ယူဆောင်ခွင့်မပြုရ

Three Non-Nuclear Principles ဆိုတဲ့အခြေခံမူ ၃ ခုကိုရေးဆွဲပြီး နျူကလီးယားလက်နက်ဖျက်သိမ်း‌ရေးကို စေ့စပ်စွာကြွေးကြော်တဲ့နိုင်ငံဖြစ်လာပါတယ်။
အဓိကဖြစ်တဲ့အမေရိကန်နဲ့ ရုရှားအပါအဝင် အခြားသောအင်အားကြီးနိုင်ငံတွေလည်း နျူကလီးယားလက်နက်ကိုပိုင်ဆိုင်လာကြပေမဲ့၊ လက်တွေ့အသုံးချဖို့အတွက်တော့ နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေခံရမယ်ဆိုတာကိုနားလည်တဲ့အတွက်၊ လက်တွေ့အသုံးမပြုဘဲ စစ်ပွဲကိုသာမန်လက်နက်တွေနဲ့သာအဆုံးသတ်ခဲ့ကြပါတယ်။

နျူကလီးယားလက်နက်ဟာ တစ်ဖက်အင်အားစုကို ခြိမ်းခြောက်ဖို့အတွက်သာဖြစ်တယ်လို့ ကမ္ဘာတစ်ဝှမ်းကလည်းနားလည်ထားပေမဲ့ ရုရှားသမ္မတပူတင်ရဲ့မိန့်ခွန်းမှာ ကမ္ဘာကအကြီးအကျယ်တုန်လှုပ်သွားခဲ့ပါတယ်။

သမ္မပူတင်ဟာ ရန်လိုတဲ့နိုင်ငံတွေကို နျူကလီးယားလက်နက်ခေါင်းစဉ်တပ်လာပါတော့တယ်။

တိုက်ခိုက်တော့မယ်လို့ တိုက်ရိုက်မထုတ်ပြန်ပေမဲ့၊ နျူကလီးယားလက်နက်ကိုအသုံးချပြီး ခြိမ်းခြောက်လာပါတယ်။
ဒီအပြင်နိုင်ငံတကာအသိုင်းအဝန်းက ရုရှားကိုစီးပွားရေးလိုက်လံပိတ်ပင်ရင် နောက်ဆုံးအဆင့်အနေနဲ့ နျူကလီးယားလက်နက်ကိုအသုံးချလာနိုင်တယ်လို့ ထိတ်လန့်ဖွယ်ကောင်းစွာ ကမ္ဘာကနားလည်သွားပါတယ်။

တစ်ချိန်းတည်းမှာပဲ ဂျပန်နိုင်ငံရေးသမားတွေထဲမှာ အမေရိကန်ရဲ့နျူကလီးယားလက်နက် ဂျပန်ကိုမျှဝေသင့်တယ်ဆိုတဲ့ ငြင်းခုံမှုဖြစ်လာပါတယ်။

ဂျပန်နိုင်ငံက နျူကလီးယားဓာတ်အားပေးစက်ရုံ‌နဲ့ လိုက်လျောညီထွေမှုရှိတဲ့ နည်းပညာအဆင့်ရှိပါတယ်။
နျူကလီးယားလက်နက်ကို ကိုယ်တိုင်ထုတ်လုပ်မယ်ဆို၊ အချိန်တိုလေးအတွင်းမှာ အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုပါတယ်။
နောက်ကွယ်မှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်နေပြီးမဟုတ်လား? ဆိုပြီး သံသယဝင်သူတွေတောင်ရှိပါတယ်။

နျူကလီးယားလက်နက်ဟာ ရန်သူတပ်ရဲ့အင်အားကိုဖြိုခွင်းဖို့မဟုတ်ဘဲ၊ လူသားအားလုံးကိုချေမှုန်းပစ်မယ့်လက်နက်ဖြစ်ပါတယ်။
ဒီအပြင် ညစ်ညမ်းသွားတဲ့ကမ္ဘာမြေကြီးအဖြစ် ဆိုးကျိုးတွေနဲ့ကျန်ခဲ့မှာဖြစ်တဲ့အတွက်၊ လုံးဝအသုံးမပြုသင့်သလို၊ ဒီလောကကြီးကနေ ပယ်ရှားသင့်တဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ဖို့မစဉ်းစားကြဘဲ၊ အင်အားကြီးနိုင်ငံတွေဟာ နျူကလီးယားလက်နက်တွေ အပြိုင်အဆိုင်ကိုင်ဆောင်ခြင်းဖြင့် ပြင်းထန်တဲ့အခြေအနေကို ဖန်တီးနေကြပါတယ်။

လူသားတွေဟာ နိုင်ငံတကာအသိုင်းအဝန်းမှာ စတင်လုပ်ဆောင်တဲ့အင်အားကြီးနိုင်ငံတွေရဲ့ ကြောက်စရာလက်နက်နဲ့ နျူကလီးယားလက်နက်တွေကို အမြစ်ပြတ်မချေမှုန်းပစ်နိုင်သေးပါဘူး။
နျူကလီးယားလက်နက်တွေ ထပ်မံမတိုးပွားစေဖို့နဲ့ နျူကလီးယားလက်နက်သစ်များပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေကို နိုင်ငံတကာအသိုင်းအဝန်းမှာ အရေးယူရမယ်။ ဒီအပြင် အင်အားကြီးနိုင်ငံရဲ့လုပ်ပိုင်ခွင့်ကို ဆုတ်ကိုင်ထားရမယ်။

ဒီနေ့ပြဿနာက ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားတစ်နိုင်ငံတည်းကဆိုးတာမဟုတ်ဘဲ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ နျူကလီးယားလက်နက်ကိုအသုံးချပြီး အခြားနိုင်ငံကိုခြိမ်းခြောက်ချုပ်ကိုင်ထားတဲ့ ပြဿနာပဲဖြစ်ပါတယ်။

တကယ်တော့ အာဏာမရှိရင် လွှမ်းမိုးခံရနိုင်တယ်။ ဒါဆို လက်နက်တိုးချဲ့ရုံကလွဲပြီး ရွေးစရာမရှိဘူး။စစ်ပွဲမှာအသက်တွေအများကြီးဆုံးရှုံးခဲ့ရတာတောင် လူသားတွေဟာ ဘာမှမပြောင်းလဲသေးဘူးဆိုတာကို မြင်တွေ့ရပါတယ်။

အဲ့ဒီအထဲမှာဂျပန်ဟာ အမေရိကန်ရဲ့နျူကလီးယားလက်နက်ကိုမျှဝေဖို့ စတင်လိုက်ပါတယ်။

 https://news.yahoo.co.jp/articles/db8f18477d3118b486019afa4afbaf3d7b4d8dd2

ဂျပန်မြေပေါ်က အမေရိကန်စစ်အခြေစိုက်စခန်းသို့ နျူကလီးယားလက်နက် သယ်ဆောင်ခွင့်ပြုမပြုကို ဆွေးနွေးနေကြဆဲဖြစ်ပေမဲ့၊ ဒါကို အိမ်နီးချင်းဖြစ်တဲ့ ရုရှားနဲ့တရုတ်ကတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ သို့သော် ရုရုားရဲ့မကြာသေးမီက သဘောထားအရ နျူကလီးယားလက်နက်မရှိတဲ့နိုင်ငံဟာ ခြိမ်းခြောက်ခံရမှာအမှန်ပင်ဖြစ်ပါတယ်။

လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ခြိမ်းခြောက်မှုမရှိဘဲ ငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့ခေတ်ဆိုတာ တကယ်မှရောက်လာပါ့မလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: