အမြဲတမ်းကျန်းမာစွာ အလုပ်လုပ်နိုင်ဖို့ ဦးနှောက်ကိုလေ့ကျင့်ပေးပါ။

ဂျပန်မှာ သက်ကြီးရွယ်အိုများလာပြီး ပင်စင်ငွေပေးရခြင်းက လူငယ်တွေအတွက် ဝန်ထုတ်ဖြစ်လာပါတယ်။ ပင်စင်အသက်ဟာ ၆၀ ကနေ ၆၅ ဖြစ်သွားပြီး၊ ခုနောက်ပိုင်းဆို အသက် ၇၀ ကျော်တွေဖြစ်လာပါတယ်။ အသက် ၇၀ ဆိုတာ ဦးနှောက်ကကောင်းကောင်း အာရုံမစိုက်နိုင်တော့ပါဘူး။

ခန္ဓာကိုယ်ကအလုပ်လုပ်နိုင်ဖို့လည်းအရေးကြီးပေမဲ့ အဲ့ဒါထက်အရေးကြီးဆုံးကတော့ ဦးနှောက်နုပျိုနေဆဲဖြစ်ဖို့ ဖြစ်ပါတယ်။ အာရုံမစူးစိုက်နိုင်တော့ရင် ဘယ်လောက်ပဲ ခန္ဓာကိုယ်ကကြံ့ခိုင်နေပါစေ အသုံးမဝင်တော့ပါဘူး။

သင့်နိုင်ငံလည်း နှောင်ဆယ်စုနှစ်အတွင်း ဒီလိုအခြေအနေမျိုးကြုံရနိုင်ချေရှိပါတယ်။ ကျန်းမာရေးဟာ လူတိုင်းနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်၊ အခုကတည်းက ဦးနှောက်ကိုလေ့ကျင့်ပေးရအောင်။

ဦးနှောက်သိပ္ပံပညာရှင် Nobuko Nakano ဆိုတဲ့အမျိုးသမီးရဲ့အဆိုအရ လူငယ်တွေဟာ မသိစိတ်ကနေ ဦးနှောက်ကိုအလေ့အကျင့်ကောင်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။
ထိုနည်းလမ်းကတော့
မိမိပျော်ရွှင်နေချိန်မှာ တစ်ပါးသူကိုလည်းပျော်ရွှင်‌အောင်လုပ်ပေးခြင်းဟာ
ဦးနှောက်က ခံစားရတဲ့ကြည်နူးမှုကို အစပေါင်းများစွာ ပြန်ရရှိတယ်။

လို့ပြောပါတယ်။
သင်ရော မိမိပျော်ရွှင်ရရုံလေးနဲ့ ကျေနပ်သွားပါသလား?

လူသားတွေရဲ့ဦးနှောက်ဟာ စိတ်ဝင်စားဖွယ်ကောင်းစွာအလုပ်လုပ်နေပြီး၊ လူမှုရေးချီးမွမ်းခံရတာမျိုးရှိတဲ့အခါ Dopamine လို့ခေါ်တဲ့ ဓာတ်အမြောက်အများကို လျှို့ဝှက်လိုက်ပြီး၊ ပျော်ရွှင်မှုခံစားရကာ လှုံ့ဆော်မှုလည်း တိုးလာပါတယ်။

ပိုက်ဆံလိုချင်တဲ့ လောဘစိတ်၊ အရသာရှိတာတွေ အများကြီးစားချင်တဲ့ အစာစားချင်စိတ်လည်း ထို့အတူပါပဲ။ ဦးနှောက်ဟာ လူမှုရေးဆုလာဘ်တွေကို တောင်းဆိုပါတယ်။

သို့သော် မိမိရဲ့လုပ်ရပ်က ကမ္ဘာကြီးကိုကယ်တင်တာလိုမျိုး ကြီးကြီးမားမားမဟုတ်ရင်တောင် အသေးအမွှားလေးတွေဆို အဆင်ပြေပါတယ်။

ဥပမာ လူပျိုလူလွတ်နဲ့ လက်ထပ်ထားသူ၊ ချစ်သူရှိသူတို့ဟာ ကွဲပြားပါတယ်။ ကိုယ့်ဘာသာကိုယ်ထမင်းဟင်းချက်စားရင်တောင် တစ်ယောက်တည်းကျေနပ်ရမှာပါ။ ဒါပေမဲ့ ချစ်သူနဲ့စားပြီး “ အရသာရှိတယ်” လို့ တုံ့ပြန်ခံရရင် ပိုပြီးပျော်တယ်နော်?

သူကြိုက်တဲ့ဟင်းကဘာဖြစ်မလဲ? လို့စဉ်းစားရင်းချက်ပြုတ်ခြင်း၊ ချစ်သူမိန်းကလေးကြိုက်တတ်တဲ့ကိတ်ကို အိမ်အပြန်ဝယ်သွားပေးခြင်း။ ဒီလိုကိစ္စသေးသေးလေးတွေတောင် ဦးနှောက်ကို လုံလောက်တဲ့လှုံ့ဆောင်မှုပေးနိုင်ပါတယ်။

ဒီအပြင် ရလဒ်အဖြစ် ချစ်သူနှစ်ဦးကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာလည်း ထို့အတူပါပဲ။
မိမိလုပ်နေတဲ့အလုပ်ဖြစ်ဖြစ် လက်တလောလုပ်ဆောင်နေစဉ်ဖြစ်ဖြစ် “ ဒီမုန့်စားတဲ့သူဟာ ပြုံးရွှင်သွားရပါစေ” လို့စဉ်းစားရင်းစေတနာထည့်သွင်းရုံနဲ့ အဆင်ပြေပါတယ်။

ဒါဟာလည်း မ‌မျှော်လင့်တဲ့ရလဒ်အဖြစ်၊ အလုပ်မှာပိုအကောင်းမြင်တတ်လာပြီး ချီးမွမ်းခံလာရတတ်ပါတယ်။

နောက်တစ်ခုကတော့ ပြောခြင်းထက် နားထောင်ပေးခြင်းက ပိုကောင်းမွန်ပါတယ်။ တစ်စုံတစ်ဦးအကျိုးရှိစေချင်တဲ့ရည်ရွယ်ချက်နဲ့ သင့်ပြောချင်တာကို ပြောရုံသာမက တစ်ဖက်လူပြောချင်တာကိုလည်း ကရုတစိုက်နားထောင်ပြီး ဖြေပေးဖို့လည်းအရေးကြီးပါတယ်။ အရင်ဆုံး တစ်ဖက်လူကို သူကြိုက်သလောက် စကားပြောခွင့်ပေးပါ။ ၎င်းနောက်မှ မိမိထင်မြင်ချက်ကိုပြောပါ။

ဒီလိုသတိထားရုံနဲ့ သင့်ဦးနှောက်ဟာ အမြဲတမ်းနုပျိုနေစေမှာဖြစ်ပါတယ်။
အမြဲတစေ ကျန်းမာပြီးတက်ကြွကာ ပတ်ဝန်းကျင်က အံ့သြရမယ့် အဖိုးကြီးအဖွားကြီးဖြစ်လာဖို့ အခုကတည်းက အလေ့အကျင့်လုပ်သင့်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: