ယူကရိန်းကိုကူညီဖို့ ဂျပန်တပ်သား ၇၀ စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်။

အားလုံးသိနေကြတဲ့အတိုင်း၊ ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုဟာ စတင်ခဲ့ပြီး၊ စစ်ပွဲအခြေအနေထဲကိုကျရောက်သွားပါတယ်။ ယူကရိန်းဘက်မှာလည်း အတိုင်းအတာတစ်ခုအထိ စစ်အင်အားတော့ရှိပေမဲ့၊ ရုရှားကိုတော့မယှဉ်နိုင်ပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေလည်း ရုရှားရဲ့ကျူးကျော်မှုကို ဒဏ်ခတ်တဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့၊ ရေတိုနဲ့အပြတ်တိုက်မယ့်ကျူးကျော်မှုမှာတော့ ယူကရိန်းလည်း ဟန့်တားနိုင်မှာမဟုတ်ပါဘူး။

ဒီအခြေအနေထဲမှာ ယူကရိန်းအစိုးရဟာ ခုခံစစ်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စစ်အင်အားမလုံလောက်မှုကို ဖြည့်တင်းဖို့အတွက် နိုင်ငံခြားကစေတနာ့တပ်သားတွေ တောင်းဆိုနေတာကို သိလိုက်ပါသလား?

ယူကရိန်းအစိုးရဟာ ကျေးဇူးပြန်ဆပ်ဖို့စိတ်ကူးမိကောင်း စိတ်ကူးမိနိုင်ပေမဲ့၊ စစ်ပြီးနောက်ဘာဖြစ်အုံးမလဲ မသိတဲ့အတွက် သူလည်းအသေအချာတော့မပြောနိုင်ဘူး။ ဒါကြောင့်ကူညီမယ်ဆို စေတနာ့ဝန်ထမ်းအဖြစ်သာ ပါဝင်ရမှာဖြစ်ပါတယ်။

ကိုယ့်လူမျိုးမဟုတ် ကိုယ့်နိုင်ငံမဟုတ်ဘဲ စေတနာ့ဝန်ထမ်းအဖြစ် တိုက်ပွဲဝင်ရမှာပါ။
အသက်အန္တရာယ်ရှိပါတယ်။

ဘာကြောင့်လဲလို့ပြောရင် အမှန်တရားအတွက်လို့သာပြောနိုင်ပေမဲ့၊ ဂျပန်ကနေလည်း တပ်သား ၇၀ ဟာ စေတနာ့ဝန်ထမ်းအဖြစ်သွားကြပါတယ်။ အဲ့ဒီအထဲမှာ လူ ၅၀ ဟာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်။ ဒီအပြင် ပြင်သစ်နိုင်ငံခြားရေးအဖွဲ့ဝင် ၂ ဦးလည်းပါဝင်နေပါတယ်။

အများစုက “ ဂျပန်မှာနေပြီး လက်ပိုက်ကြည့်ရုံနဲ့ ဘာမှအကူအညီမဖြစ်ဘူး။
အသုံးဝင်တာတစ်ခုခုလုပ်ချင်တယ်။” ဆိုပြီးဆန္ဒပြင်းပြသူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့လိုင်းပေါ်မှာတော့ သူတို့တွေကို “ ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့စေတနာ့ဝန်ထမ်း” ဆိုပြီး ဆဲဆိုပြစ်တင်နေကြတယ်။
သူတို့ပြစ်တင်ပြောဆိုနေတာက တကယ်ပဲအဲ့ဒီလိုဖြစ်နေလို့လား?

လက်ရှိအချို့ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ စစ်မီးမကူးစေဖို့နဲ့ ကိုယ့်နိုင်ငံကိုလာမထိခိုက်ဖို့ တိုက်ရိုက်တိုက်ပွဲဝင်ခြင်းရော ထောက်ပံ့ပေးခြင်းမျိုးပါမလုပ်ကြပါဘူး။ ဒါဆို ယူကရိန်းပြည်သူတွေကပဲ ဒီစစ်ပွဲအတွက်စတေးခံလိုက်ပါလို့ လျစ်လျူရှုလိုက်ရမှာလား?

နိုင်ငံကြီးတွေ အမှန်တရားကိုမစောင့်ရှောက်ရင်၊ ကျွန်တော်တို့စောင့်ရှောက်မယ်။…လို့ဆိုပါတယ်။

တကယ့်ကို SAMURAI တွေလိုပါပဲ။

မှန်ရာကိုလုပ်ပြီး အသက်ပေးရမယ်ဆို ဂုဏ်ယူစွာနဲ့အသေခံမယ်။ ဒီလိုခံယူချက်နဲ့ ပါဝင်ခဲ့တယ်လို့ထင်ပါတယ်။

တစ်ဖက်ရန်သူနိုင်ငံဟာ အင်အားကြီးတဲ့ရုရှားပါ။
နောက်ဆုံးအဆင့်အနေနဲ့ နျူကလီးယားလက်နက်တွေတောင်ရှိလို့ လွယ်လွယ်နဲ့တိုက်လို့ရမယ့်နိုင်ငံတော့မဟုတ်ပါဘူး။
အဲ့ဒီအထဲမှာ အမှန်တရားတစ်ခုတည်းကိုကြည့်ပြီး ရှုံးတဲ့ဘက်ကရပ်တည်တယ်။ သူတို့အတွက် လေးစားဂုဏ်ယူမိပါတယ်။

သူတို့ထဲကအများစုဟာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းများဖြစ်ပါတယ်။
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ဂျပန်တစ်ခုတည်းမှမဟုတ်၊ ကမ္ဘာကိုကာကွယ်ဖို့ တိုက်ပွဲဝင်တယ်ဆိုရင် ကျွန်တော်ကတော့ တတ်နိုင်သမျှ အားပေးသွားပါမယ်။

သူတို့လုပ်ရပ်ကို စာဖတ်သူတို့ရော ဘယ်လိုမှတ်ချက်ပေးချင်လဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: