ဒေါက်တစ်ချောင်းတည်းရှိတဲ့ ဂျပန်ဖိနပ် Geta !!! ခန္ဓာကိုယ်အတွက် အထောက်အကူပြုမလား?

စာဖတ်သူတို့အားလုံး Geta ဆိုတဲ့ ဖိနပ်ကိုကြားဖူးကြပါသလား?
သစ်သားနဲ့လုပ်ထားတဲ့ ဂျပန်ရဲ့ရိုးရာညှပ်ဖိနပ်တစ်ခုဖြစ်ပါတယ်။ ပုံစံလေးကတော့ ဒီလိုပုံစံပါ

ခြေထောက်တင်တဲ့သစ်သားပြားတဲ့အောက်မှာ ဒေါင်လိုက်သစ်သားချောင်းကိုတွဲထားပါတယ်။ ဒီသစ်သားကို 歯(は)လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဒေါက် ၂ ချောင်းနဲ့ဟန်ချက်ကိုထိန်းထားပေမဲ့၊ ဒါကို ဒေါက် ၁ ချောင်းတည်းသာထားလိုက်တော့မယ်ဆို ဘယ်လိုဖြစ်သွားမလဲသိပါသလား?

ဒီလိုဖြစ်သွားပါတယ်။

https://mag.japaaan.com/archives/

ဘယ်လိုပဲစဉ်းစားပါစေ ဟန်ချက်ညီဖို့တော်တော်ခက်ခဲမှာပါ။
ဖိနပ်အဖြစ်ကတော့ ချွတ်ယွင်းထုတ်ကုန်တစ်ခုသာမြင်ရတဲ့ ဒီဖိနပ်ဟာ အမှန်တကယ်မှာ ခန္ဓာကိုယ်ကိုတည့်မတ်စေဖို့ အကောင်းဆုံးဖြစ်ပြီး ရှေးခေတ်ကယောက်ျားလေးတွေဟာ ခန္ဓာကိုယ်ကိုတစ်ဖြောင့်တည်းဖြစ်စေဖို့အတွက် ဒီလိုဖိနပ်ကိုစီးခဲ့ကြပါတယ်။

ဒီဖိနပ်ဟာဒီနေ့ခေတ်မှာ ခေတ်ပြန်စားလာပါပြီ။

စီးကြည့်လိုက်မယ်ဆိုရင်တော့ ဒီလိုပုံစံဖြစ်ပါတယ်။

အရင်ဆုံး ကောင်းကောင်းမတ်တပ်ရပ်ဖို့ အဆင်မပြေပေမဲ့ ကျင့်သားရမယ်ဆိုရင်တော့ အလိုအလျောက်လမ်းလျှောက်သွားနိုင်ပါတယ်။ ဒီလိုပုံစံဖြစ်ပါတယ်။

ဒီလိုဒေါက်တစ်ချောင်းတည်းဖိနပ်ရဲ့ဟန်ချက်ညီမှုကို လေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ်တစ်ဖြောင့်တည်းဖြစ်ဖို့ လေ့ကျင့်ရာမှာလည်း လွန်စွာအထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်တစ်ဖြောင့်တည်းဖြစ်ဖို့လေ့ကျင့်တဲ့အခါမှာ လှပတဲ့ကိုယ်နေဟန်ထားနဲ့ မတ်တပ်ရပ်နိုင်လာသလို လမ်းလျှောက်နိုင်လာပါတယ်။ ဒီအပြင် ခန္ဓာကိုယ်ဖြောင့်မတ်ဖို့လေ့ကျင့်တယ်ဆိုတာက အတွင်းကြွက်သားကိုလေ့ကျင့်ရာလည်းရောက်ပါတယ်။

http://football-dialy.blogspot.com/2017/09/

အတွင်းကြွက်သားကိုလေ့ကျင့်ပေးခြင်းကလည်း ခန္ဓာကိုယ်ကိုကျစ်လစ်စေတဲ့အပြင် ဇီဝဖြစ်စဉ်ကိုမြင့်တက်စေတဲ့အတွက် diet လုပ်ခြင်းအတွက် အထောက်အကူပြုပေးပါတယ်။
ဒါတွေအားလုံးထက်ကို အမြင်ပိုင်းဆွဲဆောင်မှုက အလွန်အံ့သြဖွယ်ကောင်းပါတယ်။ အခြားသူများနဲ့မတူတဲ့ဖက်ရှင်ကိုမှ ဝတ်ဆင်ချင်ကြတဲ့စာဖတ်ပရိသတ်တို့အတွက် ဒီလို Geta ဖိနပ်လေးကိုစီးပြီး အပြင်ထွက်ကြမယ်ဆို စိတ်ဝင်စားဖို့ကောင်းနေမှာပါ။

အခုတော့ ရာသီဥတုကအနည်းငယ်အေးနေသေးလို့၊ နွေရာသီရောက်လာခဲ့ရင်တော့ စမ်းစီးကြည့်ကြပါအုံးနော်.

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: