ဂျပန်နိုင်ငံကအစားအစာတွေဟာ စိတ်ချရရဲ့လား? Trans-Fatty Acids ရဲ့အန္တရာယ်။

ဂျပန်မှာရောင်းချနေတဲ့ margarine ဆိုတာကို စာဖတ်သူတို့သိကြပါသလား?
ဟင်းသီးဟင်းရွက်ဆီ ဒါမှမဟုတ် တိရစ္ဆာန်ဆီကိုအခြေခံပြီး ထောပတ်လိုပုံစံနဲ့ထုတ်လုပ်ထားတဲ့ ပြုပြင်စားသောက်ကုန်ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဒီမှာပါ။

ဒါကတော့ ဂျပန်မှာပုံမှန်အားဖြင့်အသုံးပြုကြတဲ့ စားသောက်ကုန်ဖြစ်ပြီး၊ စူပါတွေမှာတောင်အလွယ်တကူဝယ်နိုင်သလို၊ ထောပတ်ထက်တောင် ဈေးသက်သာလို့ အများအားဖြင့် ဒါကိုအသုံးပြုကြပေမဲ့၊ ကမ္ဘာကြီးကိုကြည့်လိုက်ရင် margarine ရောင်းချမှုကို တားမြစ်ထားတဲ့ နိုင်ငံတွေအများကြီးရှိနေပါတယ်။

အတည်ပြုချက်တော့ မရှိသေးပေမဲ့၊ Trans-Fatty Acids ဟာ နှလုံးရောဂါနှင့်နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ အရေပြားတွင်အနီစက်များထွက်ပြီး ယားယံခြင်း၊ အသက်ရှူလမ်းကြောင်း ယားယံခြင်း၊ လေပြွန်တွင် ရင်ကြပ်ပန်းနာဖြစ်ခြင်း စတဲ့ Allergic ရောဂါများရဲ့တရားခံလို့ မှတ်ယူနိုင်ပါတယ်။ ဒီအပြင် Trans-Fat ကိုအပြင်သို့ပြန်စွန့်ထုတ်တဲ့အခါ ဗီတာမင်နဲ့သတ္တုဓါတ်အမြောက်အများ ဆုံးရှုံးရပြန်ပါတယ်။

WHO ဟာလည်း ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းရှိ စားစရာတွေအားလုံးကနေ လူတွေမှာ Trans-Fat ကိုဖယ်ရှားဖို့ ရည်မှန်းထားပေမဲ့၊ ဂျပန်မှာတော့ ပုံမှန်လိုရောင်းချနေသလို၊ အာဟာရတန်ဖိုးဇယားမှာတောင် ထိန်ချန်ထားခြင်းမရှိပါဘူး။
၂၀၂၃ ခုနှစ်ဟာ နောက်နှစ်ပဲမဟုတ်ပါသလား?

ဘာကြောင့် ဂျပန်မှာတော့ မထိန်းချုပ်ထားတာလဲ? ၎င်းရဲ့အကြောင်းအရင်းကို ကြည့်လိုက်ရအောင်။

စံနှုန်းတန်ဖိုးကို ကျော်မသွားခြင်း?
WHO ဟာ တစ်ရက်မှာ Trans-Fat စားသုံးမှုဟာ စုစုပေါင်းကယ်လိုရီပမာဏ ၁ ရာခိုင်နှုန်းအောက်သာရှိသင့်တယ်လို့ ထုတ်ပြန်ထားပေမဲ့၊ ဂျပန်လူမျိုးတွေရဲ့ ပျှမ်းမျှစားသုံးမှုကတော့ 0.6% ဖြစ်ပါတယ်။
စံသတ်မှတ်ထားတဲ့နှုန်းအောက်ရှိတဲ့အတွက် အဆင်ပြေပေမဲ့၊ ဒီကိန်းကဏာန်းတန်ဖိုးဟာ ကလေးငယ်လေးတွေကနေ အသက်ကြီးရွယ်ကြီးတွေအတွက် ပျှမ်းမျှတွက်ထားတဲ့တန်ဖိုးဖြစ်ပါတယ်။
အသက် ၃၀ ကနေ ၄၀ နှစ်ရှိ လူတွေရဲ့အချက်အလက်ကိုထုတ်ယူကြည့်ရင်တော့ တန်ဖိုးဟာ 1 % ကိုကျော်လွန်နေပါတယ်။
ဟုတ်ပါတယ်။ စံနှုန်းအောက်နိမ့်တဲ့အတွက် အဆင်ပြေတယ်လို့ထင်ရပေမဲ့ တကယ်တော့ အဆင်မပြေပါဘူး။

စတိုးဆိုင်က အစားအစာအတွက် ကိုက်ညီရဲ့လား?
Trans-Fat ဟာ အသီးအရွက်ဆီ၊ တိရစ္ဆာန်ဆီမှာ ဟိုက်ဒြိုဂျင်ကို ထပ်ပေါင်းထည့်ထားတဲ့ ဆီအတုဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ဟင်းသီးဟင်းရွက်ဆီက အလွန်မတည်ငြိမ်တဲ့ဆီဖြစ်လို့ပါ။ ပါဝင်ရလွယ်ကူပြီး ကြာရှည်မခံဘူး လို့ဆိုလိုတာပါ။ ဟိုက်ဒြိုဂျင်ကိုပေါင်းထည့်ပြီး ပစ္စည်းအရည်အသွေး ကျဖို့ခက်ခဲတဲ့ဆီဖြစ်လာခြင်းဟာ Trans-Fat ရဲ့ ကြီးမားတဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ ဒီထူးခြားချက်ဟာ စားသောက်ကုန်ပစ္စည်းတွေ တာရှည်ခံတဲ့ထူးခြားချက်ဖြစ်လာပါတယ်။

ဒီအပြင် Convenience store တွေက စားသောက်ကုန်တွေမှာ တင်းကျပ်တဲ့ဘေးကင်းရေးစံနှုန်းကို လုပ်ဆောင်ထားပြီး၊ အစာအဆိပ်မသင့်ရလေအောင် စီမံထားကြပါတယ်။

30°C ပတ်၀န်းကျင်မှာ ၂ ရက်ကြာထားသော်လည်း မပုပ်မသိုးဘဲစားသုံးနိုင်တဲ့အဆင့်ကို လိုအပ်တယ်။
အစာအဆိပ်သင့်ခြင်းဟာ အစာစားပြီးချင်းဖြစ်ပွားတဲ့အတွက် အကြောင်းအရင်းကို အလွယ်တကူသိနိုင်ပြီး ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါကိုရှောင်ရှားဖို့ Trans-Fatty Acids ကိုအသုံးပြုကြပါတယ်။

စကားမစပ် Trans-Fatty Acids များစွာပါဝင်တဲ့ စားသောက်ကုန်တွေကတော့ ဒါတွေဖြစ်ပါတယ်။
margarine၊
Shortening၊
အသင့်စား အစားအစာများ၊
ထုတ်ပိုးထားပြီးမှ ပြန်နွှေးပြီးစားရသည့် အစားအစာ၊
အားလူးကြော်၊
အေးခဲထားသောအစားအစာ၊
ဒိုးနက်နှင့် ကွတ်ကီးကဲ့သို့ ဖုတ်ထားသောမုန့်များ၊
ကိတ်မုန့်၊
ဆီနှင့်ရှာလကာရည်ရောထားသည့် အသုပ်သုပ်ရာတွင် သုံးသည့်အရည်၊
ရေခဲမုန့်
အကြော်
ချောကလက်
ဒီအပြင် Convenience store တွေမှာရောင်းနေတဲ့ ထမင်းဗူးတွေမှာလည်း အမြောက်အများပါဝင်ပါတယ်။

ထုတ်လုပ်သူဘက်က ဒီပြဿနာအပေါ်တစ်စုံတစ်ရာဖြေရှင်းမှု မလုပ်ဘူးလားလို့ပြောရင် အချို့ထုတ်လုပ်သူတွေဟာ စတင်လှုပ်ရှားလာပါတယ်။ Trans-Fat လို့ပြောရင်၊ margarine ကိုတော့မစားသင့်ဘူး၊ ထောပတ်ဆိုရင်တော့ အဆင်ပြေတယ် ဆိုတဲ့ပုံစံမျိုးဖြစ်ပေမဲ့၊ သာမန်ထောပတ်တွေမှာလည်း Trans-Fat ပါဝင်နေပြီး၊ ဂျပန်ရဲ့ margarine တွေထဲမှာလည်း ထောပတ်ထက် Trans-Fat ပါဝင်မှုကိုလျော့ချပြီး ထုတ်လုပ်လာတဲ့ ကုန်ပစ္စည်းတွေရှိပါတယ်။

မဖြစ်မနေဖော်ပြဖို့တာဝန်မရှိတဲ့ဂျပန်မှာတော့ ဆုံးဖြတ်ဖို့တော်တော်‌လေးခက်ခဲပေမဲ့၊ အစားအသောက်ထုတ်ပိုးမှုအပေါ်မှာ Trans fat ကိုရေးထားတဲ့အတွက် သတိထားပြီး စစ်ဆေးကြည့်ပါ။

အစားအသောက်ဆိုတာ ခန္ဓာကိုယ်ကိုချက်ချင်း ဒုက္ခမပေးပါဘူး။ Trans-Fatty Acids ကလည်း အချိန်ကြာမြင့်စွာ စုလာပြီးတော့မှ တစ်ဖြည်းဖြည်း ဒုက္ခပေးတာဖြစ်ပါတယ်။

သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်စောင့်ရှောက်ရမှာဖြစ်ပါတယ်။
အစားအသောက်ကို သေသေချာချာကရုစိုက်ကြပါ…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: