ဂျပန်နိုင်ငံသားမဟုတ်တဲ့ ဂျပန်လူမျိုးများနှင့် အမေရိကန်အလံ (နောက်တစ်ကြိမ် လူမျိုးရေးခွဲခြားဆက်ဆံမှုမျိုး မဖြစ်ရပါစေနဲ့။)

ဒုတိယကမ္ဘာစစ်ကြီးဖြစ်သွားတဲ့အချိန်၊ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ (日系人= ဂျပန်နိုင်ငံသားမဟုတ်တဲ့ ဂျပန်သွေးရင်း) တွေဘယ်လိုဖြစ်ခဲ့လဲဆိုတာ သိကြပါသလား? အမေရိကန် ဒီအပြင် အမေရိကန်ရဲ့ မိတ်ဖွဲ့နိုင်ငံတွေဖြစ်တဲ့ Mexico နဲ့ Peru တို့မှာရောက်နေကြတဲ့ ဂျပန်ပြောင်းရွေ့နေထိုင်သူ 120,313 ဦဟာ အတင်းအကြပ်စခန်းကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

အဲ့ဒီထဲမှာ ဂျပန်နိုင်ငံသားခံယူထားသူဟာ သုံးပုံတစ်ပုံဖြစ်ပါတယ်။ အများစုက ၎င်းတို့နေထိုင်တဲ့နိုင်ငံရဲ့ နိုင်ငံသားအဖြစ်ခံယူထားတာကြောင့် ထိုနိုင်ငံရဲ့နိုင်ငံသားများဖြစ်ကြပါတယ်။ သို့သော် သွေးသားကဂျပန်ဖြစ်နေတဲ့အတွက်ကြောင့် ဖမ်းဆီးခံရပါတယ်။

ဆန့်ကျင်ဘက် ဂျပန်မှာလည်း အမေရိကန်လူမျိုးတွေကို အတင်းအကြပ်အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးကျွန်းဆွယ်၊ အရှေ့အိန္ဒိယ စတဲ့နိုင်ငံတွေမှာ ဂျပန်စစ်တပ်လက်အောက်မှာရှိနေတဲ့ဒေသတွေနဲ့ Manchuria နိုင်ငံစတဲ့ ဂျပန်ရဲ့မဟာမိတ်နိုင်ငံတွေမှာ ရောက်နေတဲ့ သံတမန်၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသားပညာတော်သင်ကျောင်းသားတွေကို အမေရိကန်သို့အတင်းအကြပ် ပြန်ပို့ခဲ့ပါတယ်။

ဒါကိုမလိုက်နာဘူးဆိုရင် အသက် ၄၅ နှစ်အထက်အမျိုးသားတွေကိုပစ်မှတ်ထားပြီး ဖမ်းဆီးချုပ်နှောင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံသားခံယူထားသူဆိုရင်တော့ ဒီအမိန့်ကနေလွှတ်ပါတယ်။

ဂျပန်ဘက်ကအရေးယူမှုဟာ မိမိတိုင်းပြည်ပြန်မယ်ဆိုရင်တော့ လွတ်ကင်းနိုင်ပေမဲ့၊ အမေရိကန်က ထုတ်ပြန်ထားတဲ့စည်းကမ်းကတော့ ဒီထက်ပိုပြီးတင်းကြပ်ခဲ့ပါတယ်။

အဲ့ဒါကလည်း အမေရိကန်ဘက်မှာအဲ့ဒီအချိန်က ဂျာမန်သူလျှိုတွေရဲ့ အဖျက်အမှောက်လုပ်ရပ်တွေဟာ သောင်းကျန်းနေပြီး၊ ဂျပန်မှာလည်း အဲ့ဒီလိုလုပ်ခံရလို့မဖြစ်ဘူး ဆိုတဲ့အသိရှိခဲ့ပါတယ်။ ဒီလိုပဲ ဂျပန်သူလျှိုအနည်းငယ် ရှိခဲ့မယ်လို့သာထင်ပေမဲ့၊ သာမန်လူတွေတောင် စခန်းသို့ဖမ်းဆီးခေါ်ဆောင်ခံရတာဟာ တကယ့်ကိုအလွန်အကျွံဖြစ်ခဲ့ပါတယ်။

အဲ့ဒီလိုကြေကွဲစရာတွေအစပြုခဲ့တဲ့ ၁၉၄၂ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ သမ္မတ Franklin D. Roosevelt အမိန့်ဟာ ယခုနှစ် ၂ လပိုင်း ၁၉ ရက်နေ့မှာ နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နောက်တစ်ကြိမ် လူမျိုးရေးခွဲခြားမှု မဖြစ်စေဖို့အတွက် လော့စ်အိန်ဂျလိစ်မြို့ရှိ Japanese American National Museum မှာ ပွဲကိုကျင်းပခဲ့ကြပါတယ်။

https://gunosy.com/articles/eNo1d?s=s

အမေရိကန်နိုင်ငံရဲ့အမှတ်အသားဖြစ်တဲ့ အမေရိကန်နိုင်ငံအလံမှာ လက်မှတ်များရေးထိုးနေကြသူတွေဟာ အမှန်တကယ် စခန်းကိုအတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ ဂျပန်သွေးရင်းတွေဖြစ်ပါတယ်။
ခန့်မှန်းချေလူပေါင်း ၃၀၀ လောက်လက်မှတ်ထိုး၊ စာရေးသားထားတဲ့ အမေရိကန်အလံဟာ နောက်ပိုင်းမှာလည်း လူမျိုးရေးခွဲခြားဆက်ဆံမှု ဖျက်သိမ်းရေးကို အယူခံဝင်တဲ့အနေနဲ့ ပြတိုက်မှာပြသထားမှာဖြစ်ပါတယ်။

မျိုးစိပ်သစ်ကိုရိုနာကူးစက်မှုမှာ၊ အာရှတိုက်သားတွေအပေါ် ခွဲခြားမှုတွေ ထပ်မံတိုးပွားလာပါတယ်။ လူတစ်ဦးရဲ့အနှစ်သာရကို လူမျိုးရေး၊ အသားအရောင်၊ လိင်ဖြစ်တည်မှု၊ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်တွေနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ဂျပန်လူမျိုး၊ မြန်မာလူမျိုး၊ တရုတ်လူမျိုးဆိုပြီး အားလုံးမှာ ပေါင်းစည်းခံထားရတဲ့ အတွေးအခေါ် ရှိကြတာမဟုတ်ပါဘူး။ ဒါကို တစ်ခုတည်းအဖြစ်စုစည်းပြီး ခွဲခြားဆက်ဆံမှုလုပ်ခြင်းဟာ ရူးမိုက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။

နောက်တစ်ကြိမ် လူမျိုးရေးခွဲခြားမှုတွေ မဖြစ်လာဖို့ဆန္ဒပြုပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: