နှစ်ပေါင်း ၇၀၀ ကျော်က အရက်သမားတစ်ဦး၏ ရင်တွင်းဖြစ်။ (စိတ်အနှောင့်အယှက်ဖြစ်စရာ အမူးကမ္ဘာ)

ကိုယ်တိုင်လည်းအရက်မူးနေသလို တစ်ခြားသူကိုလည်း အရက်အတင်းတိုက်နေတဲ့လူတွေ တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်နော်…ဒီလိုအတင်းအကြပ်နှောင့်ယှက်ခြင်းမျိုးက လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ မတိုင်ခင်ကတည်းက ရှိခဲ့ပါတယ်။ အရက်သောက်ပြီးမူးနေတဲ့ ဟိုးနှစ်ပေါင်း ၇၀၀ ကျော်ကလူတစ်ဦးနဲ့ ၎င်းရဲ့ငြီးတွားမှုကိုကြည့်ရအောင်။

အရက်သောက်ပြီး မူးတဲ့အရှိန်နဲ့ ပတ်ရမ်းကြတဲ့လူ ရှိတယ်နော်။
ကိုယ်ဟာကိုယ်သောက်ပြီး ကျေနပ်နေတာကတော့ အဆင်ပြေပေမဲ့၊ တစ်ခြားလူကိုပါ သောက်ဖို့အတင်းအကြပ်ဆွယ်နေတဲ့ စိတ်ရှုပ်စရာကောင်းတဲ့လူတွေ စာဖတ်သူတို့ပတ်ဝန်းကျင်မှာရော ရှိကြလား?
တကယ်တော့ဒါဟာ လွန်ခဲ့တဲ့နှစ် ၇၀၀ ကတည်းက မပြောင်းမလဲရှိနေခဲ့တာဖြစ်ပါတယ်။

ဟိုးလွန်ခဲ့တဲ့နှစ်‌ပေါင်း ၇၀၀ ကျော်လောက်ကပေါ့ 吉田兼好(よしだ けんこう)  “ ရော်ရှိဒ ခန်ခိုး” ဆိုတဲ့လူတစ်ဦးရေးထားခဲ့တဲ့ 徒然草(つれづれづさ) “ ဆုယဲဇုယဲဇုစ” ဆိုတဲ့ စာအုပ်တစ်အုပ်ရှိခဲ့ပါတယ်။ ထိုစာအုပ်မှာ အဲ့ဒီအချိန်ရဲ့နေ့စဉ်ဒိုင်ယာရီသဘောလိုရေးထားပေမဲ့၊ အဲ့ဒီစာအုပ်ထဲမှာပါတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာအမူးကမ္ဘာ ဆိုတဲ့အကြောင်းအရာက ဒီနေ့ခေတ်လိုပဲ တော်တော်တူတယ်ဆိုပြီး နာမည်ကြီးနေပါတယ်….

https://www.buzzfeed.com/jp/kotahatachi/

ဒီစာအုပ်ထဲမှာ ဒီလိုဖော်ပြထားပါတယ်။

友あるごとには、まづ酒をすゝめ、強ひ飮ませたるを興とする事、いかなる故とも心得ず、飮む人の顔、いと堪へ難げに眉をひそめ、人目をはかりて捨てむとし、遁げむとするを捕へて、引き留めて、すゞろに飮ませつれば、うるはしき人も忽ちに狂人となりてをこがましく、息災なる人も目の前に大事の病者びゃうじゃとなりて、前後も知らず倒たふれふす。

ဒီနေ့ခေတ်စကားနဲ့ ပြန်ရရင်။
(အရက်ကိုအတင်းသောက်ခိုင်းပြီး လူကိုပင်ပန်းစေတာဟာ၊ ဘယ်လိုအကြောင်းရင်းမျိုးနဲ့မှ နားမလည်နိုင်ဘူး) ဆိုပြီးအစချီရေးသားထားပါတယ်။ ဆက်ဖတ်ရရင်
(အတင်းတိုက်ခံရတဲ့လူဟာ သည်းမခံနိုင်ဘဲမျက်ခုံးတွန့်ကာ လူအလစ်မှာအရက်ကိုသွန်ပစ်ပြီး ထွက်ပြေးဖို့ကြိုးစားပါတယ်။ ဒါကိုမိသွားပြီး အတင်းဆွဲထားကာ ချက်ချင်းသောက်ခိုင်ပါတော့တယ်။)
(ယဉ်ကျေးသိမ်မွေ့တဲ့လူတောင် အရက်ဝင်သွားတဲ့အခါ ချက်ချင်းဆိုသလို အသိစိတ်လွတ်သူတစ်ယောက်လို ရူးမိုက်ပြီး၊ ကျန်းမာရေးကောင်းသူတောင် ဆိုးဆိုးဝါးဝါးကျန်းမာရေးထိခိုက်တာမျိုး၊ ဘာမှကိုမစဉ်းစားနိုင်တော့ဘဲ လဲကျသွားပါတယ်)

အဲ့ဒါလည်းဟုတ်တယ်နော်…
ဆက်ပြောပါ့မယ်။

(ဂုဏ်ပြုပွဲရှိတဲ့နေ့ဆိုရင် အလွန်သနားဖို့ကောင်းတယ်။ မသောက်ချင်ဘဲသောက်လိုက်ရတဲ့လူဟာ နောက်နေ့မှာ ခေါင်းကိုက်ခြင်းနဲ့ အစားတောင်မစားနိုင်ဘဲ အခြားကမ္ဘာတစ်ခုကိုရောက်သွားသလို အရက်နာကျသွားရပါတယ်)
(မနေ့ကဘာဖြစ်ခဲ့လဲ ဆိုတာလည်းမမှတ်မိတော့သလို၊ အလုပ်မှာရော ကိုယ်ရေးကိုယ်တာမှာပါ အရေးကြီးကိစ္စတွေကိုထိခိုက်ပြီး ပြဿနာတက်ရပါတယ်) …တဲ့

စာရေးဆရာ 吉田兼好 တစ်ယောက်၊ တော်တော် ဒေါသထွက်ခဲ့တာပဲနော်…
ဒီလိုအတင်းအကြပ် အတိုက်ခံရရင် အရက်ကိုတော်တော်လေးမုန်းသွားမှာပဲ .. ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ဒီလိုဆက်ရေးထားပါတယ်။

(ဆောင်းတွင်း အခန်းကျဉ်းလေးထဲမှာ ချက်ပြုတ်ရင်း မိတ်ဆွေနဲ့အတူ သောက်ရတဲ့ခံစားချက်ကလည်း အရမ်းကောင်းသလို၊ ခရီးသွားနေတာမျိုး ပျော်ပွဲစားထွက်နေချိန်မျိုးမှာ “ ဒီလိုအမြည်းလေးရှိရင်မိုက်မှာပဲ” ဆိုပြီး ထင်ယောင်ထင်မှားနဲ့ မြက်ခင်းပေါ်မှာ သောက်ချင်တယ်။)

(အရက်ကိုမုန်းတယ်ဆိုရင်တောင် နည်းနည်းလေးအဖော်သောက်ပေးတယ်ဆို တော်ပါပြီ။ အထက်လူကြီးက အထူးတလည် “ နည်းလိုက်တာ နောက်ထပ်နည်းနည်းသောက်ပါအုံး” လို့လာစကားပြောခံရရင်ပျော်ရသလို၊ သွားပြီးခင်မင်ရင်းနှီးချင်တဲ့မိတ်ဆွေက အရက်သမားကြီးဖြစ်နေလို့ လိုက်သောက်ရင်း တစ်ဖြည်းဖြည်းခင်မင်သွားရတာကလည်း ပျော်စရာကောင်းပါတယ်..) တဲ့..

ဘာကြီးလဲ.. သူလည်း အရက်ကိုကြိုက်သွားတာပဲမဟုတ်လား.. (ရယ်လျက်)

လူဆိုတဲ့အမျိုးဟာ နှစ်ပေါင်း ၇၀၀ ကြာသွားပါစေအုံး ဘာမှမပြောင်းလဲဘဲ ဒီလိုပဲသောက်ကြရင်း ဒေါသတစ်လှည့် နောင်တတစ်လှည့်နဲ့ … ဒါကိုပဲပြန်လုပ်နေမိတတ်ကြပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: