ဟင်းအရည်ကို ဝက်ဝံဂျယ်လီတုံးပုံစံလုပ်ထားပြီး၊ ပူလာမှအရည်ပျော်ကာ သောက်လို့ရမယ့် ဂျပန်ဆောင်းရာသီဟော့ပေါ့

ဂျပန်ရဲ့ချမ်းအေးတဲ့ဆောင်းရာသီမှာ အလိုက်ဖက်ဆုံးကတော့ Nabemono (鍋料理) ဂျပန်ဟော့ပေါ့ပဲဖြစ်ပါတယ်။
အနွေးဓါတ်ရဖို့ စောင်အုပ်ထားတဲ့ စားပွဲထဲခြေထောက်ကိုထည့်ပြီး၊ အားလုံးနဲ့အတူဟော့ပေါ့စားကြတာဟာ ဂျပန်ဆောင်းရာသီရဲ့ ပျော်စရာတစ်ခုပါပဲ။ နှစ်တိုင်းပဲ ဟော့ပေါ့ပုံစံအမျိုးမျိုးထွက်လာပြီး နာမည်ကြီးကြပေမဲ့၊ ဒီနှစ်ကတော့ တကယ့်ကို စွဲဆောင်မှုရှိနေပါတယ်။

ဟောဒီ ဝက်ဝံလေးဟော့ပေါ့ပါ။

https://anna-media.jp/

စားတဲ့အခါ ဒီလိုပုံစံနဲ့စားရပါတယ်။

ချစ်စရာကောင်းနေပါတယ်။

ဒီဝက်ဝံလေးကို ကိုက်စားရတာမဟုတ်ပါဘူး။ တကယ်တော့ ဝက်ဝံလေးဟာ ဂျယ်လီပုံအတုံးဖြစ်အောင်လုပ်ထားတဲ့ ဟော့ပေါ့အရည်ပဲဖြစ်ပါတယ်။ ဒီဝက်ဝံလေးအရည်ပျော်သွားတော့မှ အရသာရှိတဲ့ ဟင်းရည်ကိုရရှိမှာပါ။ နည်းနည်းတော့ စိတ္တဇဆန်တယ်နော်…

အပူမပေးခင် ဒီလိုတောင်ချစ်စရာကောင်းပေမဲ့၊ အပူပေးလိုက်ရင် တစ်ဖြည်းဖြည်းအောက်ကနေအရည်ပျော်သွားပြီး ဆူပွက်လာပါတယ်။ အရသာတွေမှာတော့ အညိုရောင်ဝက်ဝံလေးဟာ Dashi နဲ့ပဲငံပြာရည် ရောစပ်ထားတဲ့အရသာဖြစ်ပါတယ်။
တစ်ခြား အဖြူနဲ့အနီရောင်ဝက်ဝံကလည်း မတူညီတဲ့အရသာတစ်မျိုးစီရှိကြပါတယ်။

ချစ်စရာကောင်းလိုက်တာ…. လို့အရင်ပြောမိကြမှာပါ။
တစ်ဖြည်းဖြည်းအရည်ပျော်သွားမယ့် ဝက်ဝံလေးကိုကြည့်ရင်း ဘယ်လိုစကားတွေပြောနေကြမလဲ။

ကဲ စာဖတ်ပရိသတ်တို့ရော ဒီလိုဟော့ပေါ့ မစားကြည့်ချင်ကြဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: