ဆာမူရိုင်းတွေ ဆူရှီကို ဘယ်လောက်ပေးပြီး စားခဲ့ကြသလဲ?
စာဖတ်သူတို့ ဆူရှီကိုကြိုက်ပါသလား?
ကျွန်တော်လည်း ဆူရှီကိုအရမ်းကြိုက်ပါတယ်။
ဒီနေ့ခေတ်မှာတော့ ဆူရှီကို ကမ္ဘာတစ်ဝှမ်းကစားကြပေမဲ့၊ သိကြတဲ့အတိုင်း ဂျပန်ကိုကိုယ်စားပြုတဲ့ အစားအစာတစ်ခုဖြစ်ပြီး၊ ဂျပန်လူမျိုးတွေကိုယ်တိုင်ကတောင် ကြိုက်ကြတဲ့ အစားအစာဖြစ်ပါတယ်။
အခုအချိန်မှာ ဆူရှီကိုဈေးသက်သာစွာနဲ့ ရောင်းချပေးတဲ့ဆိုင်တွေ များပြားလာပေမဲ့၊ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်တုန်းကတော့ ဆူရှီလို့ပြောရင် ဇိမ်ခံအစားအစာဆိုပြီး ဂျပန်ဟာသတ်မှတ်ခဲ့ပါတယ်။ ဆူရှီစတင်ပေါ်ပေါက်လာခဲ့ချိန်ကတော့ ဆာမူရိုင်းနောက်ဆုံးခေတ်ဖြစ်သော အဲဒိုအချိန်ကာလဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆာမူရိုင်းတွေဟာ ဘယ်လိုပုံစံနဲ့ ဆူရှီကိုဘယ်လောက်ပေးပြီး စားခဲ့ကြသလဲဆိုတာကို သိပါသလား?
တကယ်တော့ ယနေ့ခေတ်ဆူရှီနဲ့ တော်တော်လေးကွဲပြားနေခဲ့ပါတယ်။
အရင်ဆုံး ဆူရှီဆိုင်ရဲ့ပုံစံကိုပြောပြပါမယ်။ ဒီလိုဆိုင်လေးဖြစ်ခဲ့ပါတယ်။
https://www.cookdoor.jp/sushi/dictionary/21602_sushi_002/
နောက်ပြီး ဆူရှီဝယ်နေတဲ့ဒီလူတွေ၊ ပိုက်ဆံရှိမယ့်ပုံလည်းမပေါ်ဘူးနော်?
ဟုတ်ပါတယ်၊ ဆူရှီဟာ fast food ဖြစ်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကအဲဒိုဟာ သစ်သားအဆောက်အအုံးတွေသာရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။
ဒီအပြင် ကမ္ဘာ့နံပါတ် ၁ လူဦးရေအထူထပ်ဆုံးမြို့လည်းဖြစ်ခဲ့ပြီး၊ လူနေအိမ်တွေလည်းများစွာရှိခဲ့ပေမဲ့၊ ၁၆၅၇ ခုနှစ်မှာ မီးလောင်မှုကြီးဖြစ်တဲ့အခါ နေအိမ်များစွာ မီးထဲပါသွားခဲ့ပါတယ်။
ဒါကြောင့် အဲဒိုမြို့ကိုပြန်လည်ထူထောင်ဖို့ရန်အတွက် တစ်နိုင်ငံလုံးက အလုပ်သမားတွေကို စုစည်းခဲ့ရပါတယ်။
ဒီအလုပ်သမားတွေ ဝင်ရောက်လာခြင်းကြောင့် အဲဒိုရဲ့အစားအစာယဉ်ကျေးမှုနဲ့ အစားအသောက်ပုံစံတွေဟာ ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတော့တယ်။
ဒီအချိန်ထိကတော့ မနက်နဲ့ညနေ တစ်ရက်ကိုနှစ်ကြိမ်နှုန်းနဲ့သာ အစားစားခဲ့ကြပေမဲ့၊ ကာယလုပ်သားတွေအတွက်အတွက်ကတော့ (၂ ) ကြိမ်ဆိုတာ မဝလင်ခဲ့ပါဘူး။ဒါကြောင့် နောက် ၁ ကြိမ် ထပ်တိုးစားကြပြီး၊ တစ်ရက်ကို ၃ ကြိမ်နှုန်းနဲ့စားတဲ့ပုံစံဟာ အလေ့အထဖြစ်လာပါတော့တယ်။ ဒီအပြင် မြို့ကိုပြန်လည်တည်ဆောက်ဖို့အတွက် စုရုံးရောက်ရှိလာတဲ့အလုပ်သမားတွေဟာ မိသားစုလိုက်မဟုတ်ဘဲ တစ်ဦးတည်းသာရောက်လာကြတဲ့အတွက်၊ အပြင်မှာသာအဓိကစားကြပြီး၊ ပေါ့ပေါ့ပါးပါးစားနိုင်တဲ့အပြင်အစားအစာတွေလည်း များလာသလို၊ ဆူရှီလမ်းဘေးဆိုင်လေးတွေကလည်း တစ်ဟုန်ထိုးများလာခဲ့ပါတော့တယ်။
ကာယလုပ်သားတွေ စားခဲ့တဲ့ဆူရှီဆိုတာ ဒီနေ့ခေတ်ဆူရှီလိုမဟုတ်ပါဘူး။ အရင်ဆုံးအရွယ်အစားမှာ ဒီလောက်တောင်ကြီးပါတယ်။
https://www.news24.jp/articles/2019/05/31/06444210.html
အရွယ်အစားက ဆူရှီလို့ပြောရမှာထက်တောင် Onigiri ဆိုဒ်လောက်ဖြစ်နေပါပြီ။
မိန်းကလေးအတွက်ဆို ၁ ခုတည်းစားရုံနဲ့ ဗိုက်တင်းလောက်ပါတယ်။
ထွားထွားကြိုင်းကြိုင်းယောက်ျားတွေတောင် ၃ ခုလောက်ဆို ဗိုက်ပြည့်နေမှာပါ။
စကားမစပ် ဒီနေ့ခေတ်ဆူရှီတွေကိုတော့ ၂ ခုကို ၁ ပွဲနှုန်းနဲ့ချပေးတာ များတယ်နော်?
တကယ်တော့ ပုံပါဆူရှီဟာ မူလအရွယ်အစားဖြစ်ပြီး၊ ဆိုဒ်ကြီးလို့စားရခက်တယ်ဆိုရာကနေ၊ ၂ ပိုင်းပိုင်းပြီး တစ်ပွဲဖြစ်သွားပါတယ်။
စားခဲ့ကြတဲ့ပါဝင်ပစ္စည်းတွေလည်း တော်တော်လေး ကွဲပြားခဲ့ပါတယ်။
ဆော်လမွန်ကို အားလုံးကြိုက်ကြတယ်နော်…။ ဂျပန်မှာတော့ ဆော်လမွန်ကိုစသုံးတာက နော်ဝေးစတဲ့နိုင်ငံတွေကနေ တင်ပို့တဲ့ မွေးမြူရေးဆော်လမွန်ပါ။ ဂျပန်မှာလည်းရှိပေမဲ့၊ ဆော်လမွန်အမျိုးအစားဟာ သဘာဝထဲမှာ ကပ်ပါးပိုးတွေ တွယ်ကပ်နေလို့ အစိမ်းစားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့်အရင်ခေတ်က ဆူရှီကိုဆော်လမွန်ငါးနဲ့လုပ်တာမျိုး မရှိခဲ့ပါဘူး။
လက်ရှိအားလုံး စားနေကြတဲ့ ဆော်လမွန်ဟာ သေသေချာချာ မွေးမြူထားတဲ့ငါးများသာဖြစ်ပါတယ်။
အဲ့ဒီလိုနည်းပညာလည်းမရှိတဲ့ရှေးတုန်းက ဆူရှီရဲ့ပါဝင်ပစ္စည်းအဖြစ် ဆော်လမွန်ကိုသုံးဖို့ဆိုတာတောင် မတွေးမိခဲ့ကြပါဘူး။
စကားမစပ် ဒီနေ့ခေတ်ဂျပန်ဆူရှီရဲ့ ပါဝင်ပစ္စည်းအမျိုးအစားထဲမှာ ဈေးကြီးတာကတော့ တူနာငါးဗိုက်သားပါ။
လတ်ဆက်တဲ့တူနာအသားလည်း ဈေးကြီးပေမဲ့၊ အဆီပါတဲ့အပိုင်းက ပိုအရသာရှိပါတယ်။
ဒါပေမဲ့လည်း ….
အဲဒိုခေတ်မှာတော့ အဲ့ဒီအဆီဗိုက်သားပိုင်းကို လွှင့်ပစ်ခဲ့ကြပါတယ်။ အထားမခံလို့ပါတဲ့။
အအေးခံနည်းပညာမရှိသေးတဲ့ ထိုအချိန်ကဂျပန်မှာတော့ အထားမခံတဲ့အရာတွေကို မသုံးခဲ့ကြပါဘူး။
တူနာငါးရဲ့အဆီနည်းတဲ့ အသားပိုင်းကတော့ ပဲငံပြာရည်အချည်မှာစိမ်ပြီး သိမ်းထားနိုင်ခဲ့ပါတယ်။ ဒါကို “漬けマグロ(づけまぐろ)” လို့ခေါ်ပါတယ်။
နောက်ထပ်တစ်မျိးကတော့ Kohada ငါး ဖြစ်ပါတယ်။
ရှာလကာရည်ထဲမှာစိမ်ထားတဲ့အတွက် ဒါလည်းအထားခံပါတယ်။
နောက်ပြီး ဟောဒီငါးရှည့်။
သေသေချာချာပြုတ်ပြီး ချိုချိုစပ်စပ်ဆော့စ်ကိုဆမ်းပြီး စားရပါတယ်။ ဒါလည်း အထားခံတဲ့ငါးတစ်မျိုးဖြစ်ခဲ့ပါတယ်။ ပုဇွန်ကိုပြုတ်တာကလည်း အထားခံဖို့လုပ်လိုက်တဲ့ စားသောက်ပုံတစ်မျိုးပဲနော်။
ဒါဆို အဲ့ဒီလိုဆူရှီကို ဆာမူရိုင်းတွေဟာ ဘယ်လောက်ပေးပြီး စားခဲ့ကြပါသလဲ? အဲဒိုခေတ်မှာ လုံးဝတည်ငြိမ်ခဲ့တဲ့ ငွေကြေးတန်ဖိုးကို ဒီနေ့ခေတ်စံနှုန်းနဲ့ တိုင်းတာကြည့်ရင်၊ ဆူရှီ ၁ ခုကို ၄ 文(もん)ကနေ ၈ 文 ပေးရပါတယ်။ ဒီနေ့ခေတ်တန်ဖိုးနဲ့ဆို ယန်း ၁၂၀ ကနေ ၂၄၀ အထိပေါ့။ “ Kaiten sushi” နဲ့တော့သိပ်မကွာလှပေမဲ့၊ အရွယ်အစားမှာ အဲဒိုခေတ်ဆူရှီကပိုကြီးလို့ ပိုတန်တယ်လို့ ပြောရပါမယ်။
ဈေးအကြီးဆုံး ကုန်ကြမ်းကတော့ ငါးမဟုတ်ဘဲ “ ကြက်ဥလိပ်ဆူရှီ” ဖြစ်ပါတယ်။
玉子巻き “ ကြက်ဥလိပ်ဆူရှီ” ဆိုရင် ၄၈၀ ယန်းတောင်ရှိခဲ့ပါတယ်။
စကားမစပ် တူနာဈေးနှုန်းကိုပြောရရင် ခုချိန်တော့တော်တော်ဈေးကြီးသလို၊ နှစ်သစ်ရဲ့ ပထမဆုံးလေလံပွဲမှာ တူနာတစ်ကောင်ကို ယန်းသိန်း ၃၀၀ ကျော်ပေါက်ဈေးရှိပါတယ်။
ဒါပေမဲ့ အဲဒိုခေတ်မှာရောဆိုရင် တစ်ကောင်ကို ယန်း ၆၀၀၀ သာရှိခဲ့ပါတယ်။ အဆီများတဲ့ဗိုက်သားဟာ ဒီနေ့ခေတ်ဆိုဇိမ်ခံအစားအစာဖြစ်ပေမဲ့ အရင်ကဒါကိုလွှင့်ပစ်ကြပြီး၊ အသားကိုသာအသုံးပြုခဲ့ကြပါတယ်။ ဒါတောင် ၁ ကောင်ကို 100kg ကျော်ရှိပါတယ်။ ၁ ကောင်သာရရင် တော်တော်ကုန်အောင်စားပေးရမယ့် အလုပ်ရှုပ်တဲ့ငါးဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဈေးမကြီးခဲ့တာပါ။
နှမြောဖို့တော့ကောင်းပါတယ်….
အများသူငါ စားနိုင်တဲ့အခြေအနေကနေ ဇိမ်ခံအစားအစားဖြစ်သွားတယ်။ ပြီးမှ ဒီနေ့ခေတ် 回転寿司 “ Kaiten sushi” ပေါ်လာခြင်းကြောင့် လူတန်းစားမရွေးပြန်စားနိုင်သွားတယ်။ ဒီအပြင် နိုင်ငံခြားအထိပါ ရောက်ရှိတဲ့ဆူရှီဟာ ပေါ်ပေါက်စကနေ ယခုလိုပုံစံမဟုတ်ဘဲ ကြီးမားစွာပြောင်းလဲသွားခဲ့ပါတယ်။ ဒါဟာ သာမန်ဂျပန်အစားအစာနဲ့ လုံးဝကွဲထွက်သွားတဲ့အချက်ဖြစ်ပါတယ်။ နောက်ပိုင်းလည်း ဆူရှီရဲ့အဆင့်မြင့်ပြောင်းလဲလာမှုတွေဟာ ရင်ခုန်စရာပါပဲ။
Kengo Abe