သစ်သားဖြင့် အလွှာ ၁၇ လွှာရှိ အထပ်မြင့်အဆောက်အဦးကို ဆောက်လုပ်ဖို့ရည်မှန်းထား

ဂျပန်မှာအရင်တုန်းက တော်တော်များများက သစ်သားအဆောက်အဦးတွေပဲရှိခဲ့ပါတယ်။
ဒါပေမဲ့ မြို့ပြတိုးတက်လာတာနဲ့အမျှ ကွန်ကရစ်နဲ့ဆောက်လုပ်မှုများလာတဲ့အထဲ၊ ယခုထပ်မံပြီး သစ်သားအဆောက်အအုံးဟာ ပြန်အာရုံစိုက်ခြင်းခံလာရပါတယ်။
အဲ့ဒါကတော့ ၁၇ လွှာရှိတဲ့ သစ်သားအဆောက်အဦးဆောက်လုပ်ဖို့ စီစဉ်နေကြခြင်းပဲဖြစ်ပါတယ်။

သစ်သား၊ တစ်နည်းအားဖြင့် သစ်နဲ့ဆောက်ထားတဲ့အဆောက်အဦးပေါ့။
ဒါပေမဲ့ သစ်နဲ့ ကွန်ကရစ်မှာ ဘယ်ဟာက ပိုပြီးကြာရှည်ခံလဲဆိုတာ အားလုံးသိကြပါသလား?
သစ်ဆိုတာဆွေးတတ်လို့ အဆင်ပြေမှာမဟုတ်ဘူးလို့ အများစုကထင်ကြပေမဲ့၊ တကယ်က အယူအဆအမှားကြီးတစ်ခုသာဖြစ်ပါတယ်။

ဂျပန်ရဲ့အဟောင်းနွမ်းဆုံး သစ်သားအဆောက်အအုံဖြစ်တဲ့ 法隆寺(ほうりゅうじ)ဘုရားကျောင်းဟာ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က ဆောက်လုပ်ထားခဲ့တဲ့အဆောက်အအုံဖြစ်ပေမဲ့၊ သုံးထားတဲ့သစ်သားဟာ Hinoki လို့ခေါ်တဲ့ ထင်ရှုးတစ်မျိုးဖြစ်ပါတယ်။


https://www.travelbook.co.jp/topic/13994

သာမန်သစ်တွေက ခုတ်ပြီးတဲ့နောက် နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဆို တစ်ဖြည်းဖြည်း ကြွပ်ဆတ်လာပါတယ်။ ဆိုလိုတာက သာမန်သစ်သားဟာ နှစ်ပေါင်းရာနဲ့ချီ ကြာရှည်ခံပေမဲ့၊ ထင်ရှူးပင်ကတော့ နှစ် ၁၀၀၀ ကျော်သွားလည်း ကြီးကြီးမားမားပြောင်းလဲမှု မရှိဘူးလို့ဆိုပါတယ်။
သစ်သားမှာ အတန်အသင့်ပျော့ပျောင်းမှုရှိတဲ့အတွက် ငလျင်ရဲ့လှုပ်ခတ်မှုကိုလည်း ခံနိုင်ရည်ရှိတဲ့ ထူးခြားချက်ရှိပါတယ်။ ဒီအပြင် စိုထိုင်းဆမြင့်မားတဲ့ ဂျပန်နွေရာသီမှာ သစ်သားအဆောက်အဦးဟာ စိုထိုင်းဆကို အသင့်အတင့်စုပ်ယူပေးပါတယ်။ ဂျပန်ပတ်ဝန်းကျင်မှာ ဒီလောက်ကိုက်ညီတဲ့ ဆောက်လုပ်ရေးပစ္စည်း မရှိတော့ပါဘူး။

ဒါကြောင့် သစ်သားအဆောက်အဦးဘက်ကို ပြန်သုံးသပ်လာကြပါတယ်။
တိုကျိုရဲ့ Nihonbashi မှာ မြေပြင်အထက် မီတာ ၇၀ မြင့်ပြီး၊ အလွှာ ၁၇ လွှာပါရှိကာ ၊ ဧရိယာစုစုပေါင်း 26,000㎡ ရှိအဆောက်အဦး တစ်ခုဆောက်လုပ်ဖို့ လျာထားကြပါတယ်။ ထိုအဆောက်အဦးကို၂၀၂၃ ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး၊ ၂၀၂၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးဖို့ ရည်မှန်းထားပါတယ်။

https://www.watch.impress.co.jp/docs/news/1279734.html

အားသာချက်ရှိသလို အားနည်းချက်လည်းရှိပါတယ်။
သစ်သားအဆောက်အဦးရဲ့ အကြီးဆုံးအားနည်းချက်ကတော့ မီးလောင်လွယ်တဲ့အချက်ပေါ့။
သစ်သားအဆောက်အဦးတွေ ပြွတ်သိပ်ရှိနေခဲ့တဲ့ ဟိုးအရင်ကတိုကျို (အဲဒို)မှာ မီးကူးပြီး တစ်မြို့လုံးနီးနီးမီးလောင်သွားတဲ့ မီးဘေးအန္တရာယ်ကို မကြာခဏကြုံခဲ့ရပါတယ်။
အထပ်မြင့်အဆောက်အအုံမှာ ဒီလိုမီးလောင်သွားမယ်ဆို တော်တော်တော့ကြောက်စရာကောင်းမှာပါ။
ဒါကြောင့် ပုံစံအသစ်နဲ့ဆောက်လုပ်ဖို့ ဒီဇိုင်းဆွဲလိုက်ပါတယ်။

အပြင်ကနေကြည့်ရင်တော့ သစ်သားပဲမို့ မီးလောင်လွယ်ပေမဲ့၊ သစ်သားအောက်မှာ မီးမလောင်နိုင်တဲ့အလွှာတစ်ခုရှိနေပြီး၊ အလယ်ကသစ်ဆီကို မီးမကူးမယ့်ပုံစံအဖြစ် ဒီဇိုင်းထုတ်ထားပါတယ်။

ဒီလိုအဆောက်အအုံပစ္စည်းနဲ့ဆောက်လုပ်မယ်ဆို အရွယ်အစားတူ ကွန်ကရစ်အဆောက်အဦးနဲ့ နှိုင်းယှဉ်ကြည့်ရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို ၂၀ ရာခိုင်နှုန်းလျှော့ချပေးတယ်လို့ ဆိုပါတယ်။
ဒီလိုဆောက်လုပ်ဖို့အတွက် သစ်ကိုအလွန်အကျွံခုတ်ပြီး တောပြုန်းသည်အထိအဖြစ်ရလေအောင် သစ်တောကိုသေသေချာချာ ထိန်းချုပ်စီစစ်ထားတယ်လို့လည်း သိရပါတယ်။

ရှေးယခင်ကသစ်သားအဆောက်အအုံနဲ့ ခေတ်နောက်ပြန်ဆွဲမယ့် သစ်သားအဆောက်အုံတို့ရဲ့ ယှဉ်ပြိုင်မှုကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရပါတော့မယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: