အသံလည်းမထွက် ဆူညံမှုလည်းမရှိတဲ့ ဘူတာရုံးခန်းကအလန်းနာရီ

ရထားဘူတာမှာတော့ ၂၄ နာရီပတ်လုံး လူမပြတ်ရှိတယ်ဆိုတာကို သိပါသလား?
ဟုတ်ပါတယ်။
မနက်အစောဆုံးထွက်မယ့် ရထားအတွက် ပြင်ဆင်ဖို့လိုအပ်‌တာကြောင့်၊ ဘူတာတိုင်းမှာ ပုံမှန်အားဖြင့် လူမပြတ်ရှိနေကြပါတယ်။
ဘူတာရုံးခန်းထဲမှာ ညဘက်အိပ်ကြပေမဲ့၊ အကယ်၍ အိပ်ရာထရမယ့်အချိန်မထဘဲ ဆက်အိပ်မိတာတို့၊ ထချိန်လွန်သွားတာတို့ဆိုရင် ဘယ်လိုလုပ်မလဲ?

မနက်အစောဆုံးရထားကို မပြေးဆွဲနိုင်တော့ပါဘူး။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ဘူတာရုံမှာ လက်မှတ်ဂိတ်မဖွင့်သေးတာ စတာတွေဖြစ်သွားခဲ့ရင် ဒုက္ခအကြီးအကျယ်ရောက်ပါပြီး။
ဟုတ်ပါတယ်။
ဘူတာဝန်ထမ်းက အိပ်ပျော်သွားတာတို့၊ နောက်တစ်ခေါက်ပြန်အိပ်မိတာတို့ လုံးဝလုပ်လို့မရပါဘူး။
အဲ့ဒီလိုဘူတာဝန်ထမ်းကို နှိုးပေးမယ့် အလွန်တုန်လှုပ်စရာ နာရီနှိုးစက်တစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ ဒီမှာပါ။

https://nlab.itmedia.co.jp/nl/articles/1905/24/news080.html

ဟုတ်ကဲ့
နာရီနှိုးစက်ပါ။ ဒီနာရီနှိုးစက်က တကယ်တော့ အရမ်းအံ့သြစရာကောင်းပါတယ်။
အသံကြောင့်လား? မဟုတ်ပါဘူး။ ပြောရမယ်ဆို အသံတောင်မထွက်ဘူးတဲ့..
အသံနဲ့နှိုးတဲ့ ပုံမှန်နှိုးစက်နာရီတွေဟာ အိပ်ရေးပျက်သလို၊ အလန်းပိတ်ပြီး ပြန်အိပ်တတ်တာမျိုးကို အားလုံးလည်းလုပ်ဖူးကြမယ်ထင်တယ်။ နောက်ထပ် ၅ မိနစ်လေးပါဆိုပြီး အိပ်လိုက်မိသွားတယ်။ ဒီလိုကြုံဖူးကြမှာပဲနော်?

ဒီနှိုးစက်နာရီရဲ့ ကောင်းတဲ့အချက်က အဲ့ဒီကနေချိတ်ဆက်ထားတဲ့ ဒီဟာပါ။

သံသယဖြစ်စရာရေပိုက်ရဲ့အစွန်းမှာ အိတ်ပုံစံအရာဝတ္ထုရှိနေတယ်။
ဒါကို အလျားလိုက်ထားပြီး ခန္ဓာကိုယ်ရဲ့အောက်မှာထားကာ အိပ်ရပါမယ်။
အချိန်ပြည့်ရင် အလန်းကအလုပ်လုပ်ပြီး၊ ပိုက်ကနေတစ်ဆင့် လေတွေဟာ ထိုအိတ်ထဲဝင်လာပါတယ်။
ဒီလိုပုံစံပါ။

စည်းစိမ်အပြည့်နဲ့အိပ်နေတဲ့အချိန် ခန္ဓာကိုယ်က ရုတ်တရက်လှုပ်ရှားသွားရင် တစ်ခါတည်းနှိုးလာတယ်လို့ ပြောပါတယ်။
လန်းလန်းဆန်းဆန်းနဲ့ထလာမယ်။
အလန်းပိတ်ပြီးပြန်အိတ်လို့လည်း မရတဲ့အတွက် မိုက်တယ်နော်

ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိပါတယ်။
အိပ်ရေးပျက်ခြင်းကြောင့် အိပ်ရင်းအိပ်ရာပေါ်ကနေ ပြုတ်ကျတတ်တဲ့လူမျိုးအတွက်ပါ။

အိတ်ပျော်နေတဲ့အချိန်က အိတ်ကဘယ်လောက်ပဲဖောင်းလာပါစေ ဒီပုံစံနဲ့နှိုးပေးတာမဟုတ်ပါဘူး။
ဒါကြောင့် စတင်ချိန်ကနေ ၃ မိနစ်ကြာအထိ ရပ်တဲ့ခလုတ်ကိုနှိပ်မရတာက ဆူဆူညံညံမြည်နေတဲ့ အလန်းတစ်ခုလိုပါပဲတဲ့။
လုပ်ငန်းသုံးအတွက်လည်း ဒါလေးက သင့်တော်တဲ့အလန်းမြည်သံလိုဖြစ်တဲ့အတွက်၊ နှိုးမှာ သေချာပါတယ်။

စကားမစပ် ဒီနှိုးစက်က ယန်း ၉၉၀၀၀ နဲ့ရောင်းတယ်လို့ သိရပါတယ်။
မနက်တော်တော်နဲ့မထနိုင်သူတွေ၊ စမ်းသုံးကြည့်ပါ။

အခြားပုံစံနှိုးစက်တွေမှာလည်း ဝါဆာဘီအနံ့ပြင်းပြင်းတွေနဲ့ နှိုးတဲ့နှိုးစက်မျိုးရှိပါသေးတယ်။ မနက်တိုင်း ဝါဆာဘီအနံ့တွေ တစ်ခန်းလုံးပြည့်နေမှာတော့ မကြိုက်ဘူးနော်…

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: