ဂျပန်ရဲ့သဘာဝတရားကနေ မြင်တွေ့ရမယ့် အံ့သြဖွယ်ရှုခင်းများ။

ဂျပန်ရဲ့ သဘာဝတရားမှာ လှပတဲ့ရှုခင်းတွေများစွာရှိပေမဲ့၊ ထိုအထဲမှာ မြင်တွေ့ဖို့ခက်ခဲတဲ့အရာတွေလည်း ရှိနေပါတယ်။
ဒီလိုရှုခင်းကို ကြည့်ချင်ပါသလား?

စိန်မှုန်


https://www.jalan.net/news/article/459683/

Biei (美瑛町)、Nayoro (名寄市)、Tokachi စတဲ့ ဟော့ကိုင်းဒိုးရဲ့မြို့တွေမှာသာတွေ့ရမယ့် လှပတဲ့ရှုခင်းဖြစ်ပါတယ်။
လေထုထဲမှာရှိတဲ့ ရေငွေ့လေးတွေဟာ အေးခဲပြီး crystals များဖြစ်သွားကာ၊ မနက်ခင်းနေရောင်ခြည်ထဲမှာ တောက်ပစွာ ကျလာတယ်။
၎င်းရဲ့လှပမှုက တကယ်ကို စိန်မှုန်လေးတွေ ကြွေကျသယောင်ပါပဲ။
၎င်းတို့တွေဟာ ဒီအခြေအနေအောက်မှာ  ဖြစ်ပေါ်လာပါတယ်။
・ -10 ℃ အောက်
・လေငြိမ်သက်ခြင်း
・နေထွက်ခြင်း
・ယခင်နေ့နဲ့ အပူချိန်ကွာခြားခြင်း

စတဲ့အခြေအနေတွေ စုဆုံမိတဲ့မနက်ခင်းမှာသာ မြင်တွေ့ရမယ့် ထူးခြားမြင်ကွင်းတစ်ခုဖြစ်ပါတယ်။
ဒီမြင်ကွင်းကို ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကြားမြင်တွေ့ရပေမဲ့၊ ပုံမှန်အားဖြင့် နံနက်တိုင်းမြင်တွေ့ရတာတော့ မဟုတ်ပါဘူး။ အကယ်၍ ဒါကိုမြင်လိုက်ရမယ်ဆိုရင် သင်ဟာကံကောင်းလို့ပဲဖြစ်ပါတယ်။

 

သစ်ပင်ပေါ်က ဆီးနှင်းခဲများ

Yamagata စီရင်စုနဲ့ Miyagi စီရင်စုမှာ မြင်ရမယ့် ထူးခြားရှုခင်းတစ်ခုဖြစ်ပါတယ်။
ပင်လယ်ကိုဖြတ်သန်းလာတဲ့ စိုစွတ်တဲ့တိမ်တွေဟာ အေးပြီး တောင်တွေဆီရောက်တဲ့အခါမှာတော့ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကို ဖြစ်စေပါတယ်။
ထင်းရှူးပင်ကိုတိုက်ခတ်တဲ့နှင်းမုန်တိုင်းဟာ အေးခဲပြီး၊ တစ်လွှာပေါ်တစ်လွှာ အေးခဲကာ ဆီးနှင်းခဲများဖြစ်လာပါတော့တယ်။
သူ့ရဲ့ပုံပန်းသွင်ပြင်ကြောင့် Snow Monster လို့တောင် အများကခေါ်ကြပါတယ်။
စိန်မှုန်လေးတွေနဲ့မတူဘဲ၊ ပုံသဏ္ဍာန်မှာချက်ချင်းပြိုကျမသွားနိုင်တဲ့အတွက်၊ ဒါကိုပိုပြီး မြင်ရနိုင်ချေများပါတယ်။

 

စိန်ပွင့်ဖူး ဖူဂျီ

ဖူဂျီတောင်ထိပ်ကနေ ထွက်လာတဲ့နေ။
နောက်ပြီး လှပစွာရေကန်မျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်နေတဲ့ သိမ်မွေ့တဲ့အချိန်လေး…
Shizuoka စီရင်စုရှိ Tanuki ရေကန်မှာ ဧပြီလ ၂၀ ရက်နဲ့ သြဂုတ်လ ၂၀ ရက်နေ့မတိုင်ခင် ၁ ပတ်ခန့်အလိုမှာသာ တွေ့နိုင်မယ့် မြင်ကွင်းဖြစ်ပါတယ်။
ဒီအခြေအနေဖြစ်ဖို့က နေကတော့ အမြဲတမ်းသာနေမှာပဲ။ ဒါပေမဲ့ ရေကန်မျက်နှာပြင်ပေါ် ဖူဂျီတောင်ရဲ့ ရောင်ပြန်ဟပ်မှု လှပဖို့ကတော့ လေမတိုက်ဖို့လိုအပ်ပါတယ်။
ဒါဟာ တော်တော်လေးတော့ခက်မယ့် အခြေအနေဖြစ်ပါတယ်။

ဆာကူရာ ကော်ဇော

ဒါဟာ Aomori စီရင်စုရဲ့ Hirosaki ရဲတိုက်ဖြစ်ပါတယ်။
ဆာကူရာရဲ့ပွင့်ဖက်လေးတွေကြွေကျပြီးနောက်၊ ရဲတိုက်ရဲ့ကျုံးထဲကိုကျပြီး၊ ရေမျက်နှာပြင်တစ်ခုလုံးဟာ အပန်းရောင်လွှမ်းနေတဲ့၊ ဆာကူရာ ကော်ဇောလိုဖြစ်နေပါတယ်။ ဆာကူရာအပင်အရေအတွက်နဲ့ ကျုံးအကျယ်တို့ရဲ့ ဟန်ချက်ညီနေမှုကလည်း ပန်းချီကားတစ်ချပ်လို ပိုပြီးပြည့်စုံစေပါတယ်။ Hirosaki ရဲတိုက်မှာရှိတဲ့ ဆာကူရာပင်များဟာ နှစ်စဉ် ဧပြီလကုန်ကနေ မေလအစအထိ တစ်ပင်လုံးပွင့်ကြပါတယ်။ အကုန်ပွင့်ပြီးနောက်ပိုင်း ၃ ရက်ကနေ၊ ၅ ရက်အထိက ပန်းကြည့်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ကောင်းကင်ရဲတိုက်

Fukui စီရင်စုရှိ Echizen Ono ရဲတိုက်။
တိမ်တွေပေါ်မှာ မျောနေတဲ့ရဲတိုက်ဟာ Castle in the sky (Laputa)ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုလိုပါပဲ။
အေးတဲ့ နံနက်အာရုံတက်ချိန်မှာ ဒီလိုထူးခြားတဲ့မြင်ကွင်း ဖြစ်ပေါ်တတ်ပေမဲ့၊ မိနစ် ၃၀ လောက်တောင်ပေါ် ကြိုးစားပန်းစားတက်ပြီးမှ မမြင်လိုက်ရဘူးဆိုရင်တော့ တော်တော်မခံချိမခံသာ ဖြစ်သွားနိုင်ပါတယ်။

ကဲ ဘယ်လိုသဘောရပါသလဲ?
ယခု ဂျပန်မှာတော့ ခရီးသွားကန့်သတ်ချက်တွေရှိပေမဲ့၊ ဒီလိုလှပတဲ့ရှုခင်းကို ပြန်ကြည့်နိုင်မယ့်နေ့ အမြန်ဆုံးရောက်လာခဲ့ရင် ကောင်းမယ်နော် ….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: