ဂျပန်မှာအစွမ်းဆုံး အငြိုးကြီးသရဲ ၃ ကောင်ရဲ့ ကြောက်မက်ဖွယ်ရာအဖြစ်မှန်

ကျိန်စာ အမှောင်ဝိဇ္ဇာနဲ့ လူတွေကို ဘေးဥပဒ်ဖြစ်စေတဲ့ မကောင်းဆိုးဝါးမိစ္ဆာများ။
အာဃာတတရားတွေ ကြီးရင်ကြီးသလို၊ ၎င်းတို့ရဲ့စွမ်းအားလည်းပြင်းထန်ပါတယ်။ ဒါကိုစာဖတ်သူတို့ ယုံပါသလား?

https://thegate12.com/jp/article/351

သိပ္ပံနည်းကျသက်သေမပြနိုင်တာကြောင့်၊ မယုံကြတဲ့လူတွေလည်း များစွာရှိပေမဲ့၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ မတိုင်ခင်ကတည်းက ဒီလိုအကြောင်းအရာရှိတယ်ဆိုတာက သက်သေမပြနိုင်ရုံလေးသာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဂျပန်မှာပြောကြတဲ့ အစွမ်းဆုံး အငြိုးကြီးသရဲ ၃ ယောက်နဲ့ပတ်သက်ပြီး ပြောပြပေးပါမယ်။
ဂျပန်မှာ နည်းနည်းထူးဆန်းတဲ့ဓလေ့ထုံးစံတွေရှိပြီး၊ အငြိုးကြီးသရဲရဲ့ အမျက်ဒေါသကို ပြေငြိမ်းအောင်လုပ်နေရင်းနဲ့၊ သတိမထားမိတဲ့အချိန်မှာပဲ အငြိုးကြီးသရဲကိုဘုရားအဖြစ်နဲ့ ကိုးကွယ်မိသွားကြတဲ့ ယဉ်ကျေးမှုရှိပါတယ်။
အဲ့ဒီလို ဂျပန်မှာသာတွေ့နိုင်မယ့် ထူးခြားမှုများကို ပြောပြချင်ပါတယ်။
စကားမစပ် ကျွန်တော်က သရဲအရမ်းကြောက်တတ်တယ်။
စာဖတ်ပရိသတ်တွေကို ပြောပြပေးချင်လို့သာ ကြောက်ကြောက်နဲ့ ရေးပေးလိုက်ပါတယ်။

ဂျပန်ရဲ့အစွမ်းဆုံး အငြိုးကြီးသရဲများမှာ၊
・菅原道真Sugawara no Michizane
・平将門Taira no Masakado
・崇徳天皇ဧကရာဇ် Sutoku
တို့ပဲဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးလုံးဟာ တစ်ချိန်ကလူသားများဖြစ်ခဲ့ပြီး၊ သနားကောင်းတဲ့အဆုံးသတ်နဲ့ အာဃာတအငြိုးကြီးခြင်းကနေ ဂျပန်ဒေသအသီသီးမှာ ဘေးအန္တရာယ်တွေကို ယူဆောင်လာခဲ့တဲ့ အစွမ်းဆုံး အငြိုးကြီးများဖြစ်သွားပါတယ်။
၁ ဦးချင်းစီရဲ့ အထ္ထုပတ္တိကတော့

သင်ကြားရေးနတ်ဘုရားဖြစ်လာတဲ့ Sugawara no Michizane

သင်ကြားရေးနတ်ဘုရားအဖြစ် အများကသိကြတဲ့ Sugawara no Michizane ဟာ လူလတ်တန်းစား မင်းမျိုးမင်းနွယ်ရဲ့ အိမ်တော်ကနေ မွေးဖွားလာခဲ့တယ်။ ကလေးဘဝကတည်းက အလွန်ဉာဏ်ကောင်းတဲ့အတွက် ပတ်ဝန်းကျင်ကသူ့ကို နတ်ဘုရားရဲ့သားတော်ဆိုတဲ့အဓိပ္ပါယ်နဲ့ “神童(しんどう)” လို့တောင် ခေါ်ခဲ့ကြပါတယ်။
၈၇၀ ခုနှစ်မှာ ဓမ္မစာမေးပွဲကိုဝင်ဖြေပြီး အတော်ဆုံးအဆင့် ၁ နဲ့စာမေးပွဲအောင်ခဲ့ကာ၊ တစ်ခါတည်းအဆင့်တက်သွားတဲ့သူ့ကိုမနာလိုသူတွေလည်း အများကြီးပေါ်ပေါက်လာခဲ့တယ်။
အဲ့ဒီအထဲမှာ အထူးသဖြင့် Michizane ကိုမျက်မုန်းကျိုးနေတဲ့လူကတော့ 藤原時平Fujiwara no Tokihira ဆိုသူပဲဖြစ်ပါတယ်။

ဟောဒီ Tokihira ဆိုသူက၊ ဗီလိန်တွေထဲမှာ အဲ့ဒီအချိန်က ဧကရာဇ်မင်းမြတ်ဖြစ်တဲ့ ဧကရာဇ် Daigo ဆီကို Michizane ရဲ့မကောင်းကြောင်းတွေချည်းသာ လျှောက်တင်ခဲ့တယ်။
ဧကရာဇ် Daigo ဟာ Michizane က အာဏာထသိမ်းနိုင်တယ်လို့ တွေးမိသွားပြီး၊ Michizane ကိုဝရမ်းပြေးလို့ သတ်မှတ်လိုက်တော့တယ်။
အားလုံးထက်ကို ထူးချွန်ခဲ့တဲ့ Michizane ဟာ မှားယွင်းစွပ်စွဲမှုနဲ့ အလုပ်ကိုပါဆုံးရှုံးခဲ့ရပါတယ်။

Michizane ဟာ မဟုတ်ကြောင်းရှင်းပြသော်လည်း လုံးဝနားမထောင်ပေးဘဲ၊ အကျဉ်းသားတစ်ယောက်လို ဆက်ဆံခံရပြီး ထောင်ကျသွားတဲ့ Michizane ဟာ ထောင်ထဲမှာပဲ ၂ နှစ်ကြာတဲ့နောက် ဝမ်းနည်းခြင်း၊မုန်းတီးခြင်းတွေနဲ့ သေဆုံးသွားပါတော့တယ်။

အဲ့ဒီအချိန်၊ Michizane နေရာမှာ Tokihira ဟာ အာဏာရသွားခဲ့ပေမဲ့၊ အသက် ၃၉ နှစ်လောက်မှာပဲ ရုတ်တရက်ဆုံးပါးသွားပါတယ်။ ဒီအပြင် တော်ဝင်တရားရုံးကြီး မိုးကြိုးပစ်ခံလိုက်ရပြီး တော်ဝင်မိသားစုများစွာ သေဆုံးခဲ့တယ်။
ဒါတင်မကသေးဘဲ Michizane ကိုနှင်ထုတ်လိုက်တဲ့ ဧကရာဇ် Daigo နဲ့သူ့ရဲ့သားဟာလည်း ရောဂါနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ သေဆုံးသွားကြတယ်။

ကျိန်စာနဲ့ လက်စားချေတဲ့ဝိညာဉ်ကိုမယုံတဲ့လူတောင် မယုံဘဲအနေနိုင်ဖြစ်လာတဲ့ ဒီသံသယဖြစ်စရာ ဆက်တိုက်သေဆုံးမှုမှာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့တဲ့ ထိုအချိန်ကလူတွေဟာ၊ ဒီဘဝမှာမရှိတော့တဲ့ Michizane ကို အတော်လေးမြင့်တဲ့ဂုဏ်ရာထူးကို ပေးအပ်လိုက်ပါတယ်။
ဒါပေမဲ့ Michizane ရဲ့အာဃာတတွေကတော့ လျော့မသွားခဲ့ပါဘူး။

နောက်ဆုံးမှာ Michizane ရဲ့ဝိညာဉ်ကို နတ်ဘုရားအဖြစ်ကိုးကွယ်ဖို့ Kitano Tenmangu (北野天満宮) နတ်ကွန်းကို တည်ဆောက်လိုက်ပါတော့တယ်။

မိုးကြိုးပစ်ချနိုင်တဲ့ Michizane ကို မိုးကြိုးနတ်ဘုရား 天神Tenjin လို့ ခေါ်ဝေါ်ကြပါတော့တယ်။
အချိန်ကြာလာတာနဲ့အမျှ Tenjin ဟာ ကြောက်စရာကောင်းတဲ့ အမုန်းအာဃာတဝိညာဉ်ဖြစ်ကြောင်းကို လူတွေမေ့ပျောက်လာကြပြီး၊ အဲဒီအစား ဘဝတစ်လျှောက်လုံး ပညာရေးမှာအလွန်ထူးချွန်ခဲ့တာကြောင့် ပညာရေးနတ်ဘုရားအဖြစ် သတ်မှတ်လိုက်ပါတော့တယ်။

တိုကျိုရဲ့ Yushima မှာလည်း Tenjin နတ်ဘုရားကိုကိုးကွယ်တဲ့ ဘုရားကျောင်းရှိပါတယ်။
ဘုရားကျောင်းနာမည်က 湯島天神Yushima Tenjin ပါ။
ဒီနတ်ကွန်းမှာဝယ်တဲ့ခဲတံနဲ့ စာမေးပွဲဖြေမယ်ဆို စာမေးပွဲအောင်တယ်လို့ပြောကြပေမဲ့၊ ကျွန်တော်စမ်းကြည့်တာတော့ ကျတယ်ဗျ! (ရယ်လျက်)
Tenjin နတ်ဘုရားကြောင့်မဟုတ်ဘဲ၊ ကျွန်တော်ရဲ့ လုံ့လဝီရိယနည်းခဲ့လို့ပဲဖြစ်မှာပါ…

 

Kanto ဒေသရဲ့အစွမ်းဆုံး အငြိုးကြီးဝိညာဉ်၊ 平将門Taira no Masakado

Taira no Masakado (平将門)ဟာ Heian ခေတ် Kanto ဒေသက အင်အားကြီးမိသားစုရဲ့သားဖြစ်ပေမဲ့၊ Masakado ဟာ ကျိုတိုက Fujiwara မျိုးနွယ်စုမှာ အမှုထမ်းခဲ့တဲ့ ဆာမူရိုင်းတစ်ဦးဖြစ်ပါတယ်။
အဖေသေတဲ့သတင်းကြားလို့ Kanto ကိုပြန်သွားတဲ့အခါ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဆွေမျိုးချင်းအငြင်းပွားမှုဖြစ်ခဲ့တယ်။

Masakado ဟာ ဦးလေးတွေရဲ့ ရုတ်တရက်တိုက်ခိုက်ခြင်းကိုခံရပေမဲ့ ရှောင်နိုင်ပြီး အနိုင်ရခဲ့တယ်။
ထိုရဲရင့်မှုဟာ Kanto ဒေသတစ်ခုလုံးကို ချက်ချင်းပြန့်နှံ့သွားပြီး၊ အဲ့ဒီနေရာက ဆာမူရိုင်းတွေအုပ်စုလိုက် သူ့ဆီရောက်လာခဲ့တယ်။
အရှိန်အဟုန်နဲ့ပြေးလာတဲ့ Masakado ကို အစိုးရအရာရှိတွေကြောက်ရွံ့သွားပြီးထွက်ပြေးကာ၊ Masakado ဟာလွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာလိုက်ပါတယ်။
ထိုအချိန် Kanto ဒေသကလူတွေဟာ အစိုးရရဲ့ဖိနှိပ်မှုကို ခံခဲ့ရတာကြောင့်၊ ဝမ်းသာအားရနဲ့ Masakado ကိုကြိုဆိုကြတယ်။

ဒီအပြင် အစိုးရဘက်က ဒါကိုလက်မခံဘဲနှိမ်နင်းဖို့၊ 平貞盛Taira no Sadamori နဲ့藤原秀郷Hidesato Fujiwara နှစ်ယောက်ကို အမိန့်ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို 平将門の乱(たいらのまさかどのらん)လို့ခေါ်ပြီး၊ မင်းမျိုးမင်းနွယ်ခေတ်ကနေ ဆာမူရိုင်းခေတ်ကိုပြောင်းလဲသွားတဲ့ လမ်းစပဲလို့ ပြောကြပါတယ်။

Masakado ဟာ ပုန်ကန်မှုနဲ့အသတ်ခံလိုက်ရပြီး၊ ခေါင်းတစ်လုံးတည်းကိုသာ ကျိုတိုသို့ပြန်ယူသွားကြကာ၊ ထိုခေါင်းကို မြစ်ကမ်းဘေးမှာ ဝါးလုံးဖျားပေါ် စိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကနေစပြီး ထူးဆန်းတာတွေ မကြာခဏဖြစ်လာတော့တယ်။

လပေါင်းများစွာ မျက်လုံးဖွင့်လျှက်သားဖြစ်နေတဲ့ Masakado ရဲ့ခေါင်းပြတ်ဟာ ညသန်းခေါင်းမှာ အံသွားကိုကြိတ်ခဲနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ခေါင်းပြတ်ဟာ သူ့ခန္ဓာကိုယ်ကိုလိုက်ရှာပြီး၊ Kanto တစ်ခွင်မှာပျံသန်းနေခဲ့တယ် လို့လည်းပြောကြပါတယ်။

ထိုခေါင်းပြတ်ကြီးရောက်သွားတဲ့နေရာက လက်ရှိတိုကျို Chiyoda ရပ်ကွက်၊ Otemachi မြို့မှာရှိတဲ့ 将門塚Shomonzuka နေရာပဲဖြစ်ပါတယ်။

Masakado ရဲ့ဒေါသဟာ မပြေသေးပါဘူး။

၁၉၂၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ မဟာ Kanto ငလျင်ကြီးမှာ ဘဏ္ဍာရေးဝန်ကြီးဌာနရုံး အဆောက်အဦတစ်ခုလုံး မီးလောင်သွားပြီး၊ ယာယီအစိုးရရုံးကို Masakado ရဲ့အုပ်ဂူရှိတဲ့နေရာမှာဆောက်လိုက်တဲ့အခါ၊ အဲ့ဒီအချိန်က ဘဏ္ဍာရေးဝန်ကြီးနဲ့အတူ ပတ်သက်ဆက်နွယ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးသွားကြတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အလျင်အမြန်ပဲ ဒီအစိုးရရုံးကို ဖယ်ရှားလိုက်ပါတယ်။

ဒီအပြင် စစ်ကြီးပြီးနောက် နယ်ချဲ့စစ်တပ်ဟာ ကားပါကင်ဆောက်လုပ်ဖို့အတွက် Masakado ရဲ့အုပ်ဂူကို ဖျက်ခဲ့ကြတဲ့အချိန်၊ စက်ယန္တရားကြီးလဲကျကာ ယာဉ်မောင်းသေဆုံးခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

အခြားမှာလည်း ဒီ Masakado ရဲ့အုတ်ဂူကို ဖျက်ဆီးဖို့လုပ်တဲ့အချိန်တိုင်း ကံဆိုးမှုတွေဖြစ်လာတယ်လို့ပြောကြပြီး၊ ယနေ့ခေတ်တိုင် အဲ့ဒီနေရာမှာ ထူးဆန်းတာတွေ ဆက်လက်ဖြစ်နေပါတယ်။

Masakado သေဆုံးပြီးနှစ်ပေါင်း ၁၀၀၀ ကြာသည်ထိအောင် အငြိုးဟာပျယ်မသွားခဲ့ပါဘူး။
ကြောင်းကျိုးဆီလျော်နေပါတယ်။

Masakado ရဲ့ဝိညာဉ်ကို Akihabara အနီးက၊ Kanda Myojin မှာကိုးကွယ်ထားပါတယ်။
အံ့သြစရာကောင်းလွန်းပါတယ်။ Masakado ….

 

崇徳天皇ဧကရာဇ် Sutoku

အသက် ၃ နှစ်အရွယ်နဲ့ ဂျပန်ရဲ့ ၇၅ ဆက်မြှောက် ဧကရာဇ်ဖြစ်လာတဲ့ ဧကရာဇ် Sutoku
သူ့ရဲ့အဖေ 鳥羽上皇Toba jōkō ရဲ့ ပရိယာယ်ဖြစ်ပါတယ်။ အမှန်တကယ် အာဏာမရဘဲ ဧကရာဇ် Toba က အရာအားလုံးကို ထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက် ဆယ်ကျော်သက်အရွယ်မှာပဲ နန်းချခံလိုက်ရပါတယ်။

ဧကရာဇ်နေရာကနေ နန်းချခံရပြီးနောက်မှာ ဂုဏ်ထူးဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံရပြီး၊ လူငယ်တွေကို ချစ်မြတ်နိုးကာ တည်ငြိမ်ရင့်ကျက်သူတစ်ယောက်ဖြစ်လာတယ်လို့ပြောကြပေမဲ့၊ သူ့အတွက် တရားမျှတမှုမရှိတဲ့အပေါ် နာကြည်းနေခဲ့ပုံရပါတယ်။ ဧကရာဇ် Toba ကွယ်လွန်ပြီးတဲ့နောက် အာဏာကိုပြန်ရဖို့အတွက် အဲ့ဒီအချိန်က ဧကရာဇ်ဖြစ်တဲ့ 後白河天皇ဧကရာဇ် Goshirakawa နဲ့တိုက်ခိုက်ခဲ့တယ်။

နောက်ဆုံးမှာ ဧကရာဇ် Sutoku ဟာ ရှုံးနိမ့်ပြီး အိမ်တော်ကနေထွက်ကာ ဘုန်းကြီးဝတ်သွားခဲ့တယ်။
အဲ့ဒီအချိန် ဧကရာဇ်မိသားစုဟာ ပုန်ကန်ပြီး၊ အိမ်တော်ကနေထွက်မယ်ဆို အပြစ်ပေးမခံရတဲ့ ဓလေ့ထုံးစံရှိခဲ့ပေမဲ့၊ သူကိုတော့ Shikoku ကိုခေါ်သွားပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပါတယ်။

အူဒွန်ခေါက်ဆွဲမှာနာမည်ကြီးတဲ့ 讃岐Sanuki အရပ်မှာအကျဉ်းကျခံလိုက်ရတဲ့ ဧကရာဇ် Sutoku ဟာ၊ ဗုဒ္ဓဘာသာကို အလေးအနက်ကိုင်းရှိုင်းပြီး ကျမ်းဂန်စာပေးတွေရေးသားကာ၊ ထိုစာတွေကို ကျိုတိုဘုရားကျောင်းမှာ ထားစေချင်တယ်လို့ ဧကရာဇ်ရုံးကို ပေးပို့လိုက်တယ်။ ဒါပေမဲ့ ကျိန်စာတွေ ထည့်ရေးထားလေမလား? ဆိုပြီး ဘုရားကျောင်ကိုမပို့ပေးဘဲ သူ့ဆီပဲပြန်ပို့လိုက်ပါတယ်။

ဒါကိုရှက်ပြီးခံပြင်းသွားတဲ့ ဧကရာဇ် Sutoku ဟာ “ မကောင်းဆိုးဝိညာဉ်အဖြစ် ပြန်လည်မွေးဖွားလာပြီး ပူဆွေးဝမ်းနည်းမှုကို သက်သာစေမယ်” ဆိုကာ သေသည်အထိအငြိုးထားပြီး ဆံပင်လည်းဖြန့်ပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့တယ်။ နောက်ပြီး အဲ့ဒီအတိုင်းသေဆုံးသွားခဲ့ပါတယ်။

သူသေဆုံးပြီးတဲ့နောက် မီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဂျပန်တစ်ဝှမ်းလုံးမှာဖြစ်ပြီး တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပါတယ်။
နောက်ပြီး ဧကရာဇ် Sutoku နဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဧကရာဇ် Shirakawa နဲ့သူ့ရဲ့ဆွေမျိုးတွေဟာ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးသွားကြတယ်။
ဧကရာဇ် Sutoku ရဲ့အငြိုးဟာ အဲ့ဒီနောက်ပိုင်းလည်း ဧကရာဇ်အိမ်တော်ကို ကြောက်ရွံ့စေပြီး၊ လက်ရှိအချိန်ထိ ဧကရာဇ်အိမ်တော်မှာ ဧကရာဇ် Sutoku ဝိညာဉ်ရဲ့ခြောက်ခြားမှုတွေ ရှိတုန်းပဲလို့ ပြောကြပါတယ်။

အဲ့ဒီလို အာဃာတနတ်ဘုရားသုံးပါး၊ သူတို့ရှိနေတဲ့နေရာကို မိတ်ဆက်ပေးပါမယ်။

 

Sugawara no Michizane နဲ့သက်ဆိုင်တဲ့နေရာ၊ Kitano Tenmangu 北野天満宮

ကျိုတိုမြို့မှာရှိတဲ့ ဒီနတ်ဘုရားကျောင်းဟာ Michizane ရဲ့ကျိန်စာ ပျယ်စေဖို့ ဆောက်လုပ်ထားတဲ့ကျောင်းဖြစ်ပါတယ်။
ဇီးသီးအပင်ပေါင်း ၁၅၀၀ ကနေ ပန်းတွေပွင့်လာတဲ့အချိန်ကို ဖေဖော်ဝါရီလကနေ မတ်လအထိ မြင်တွေ့ရပါတယ်။
စာမေးပွဲမဖြေခင် ဒီဘုရားကျောင်းမှာ ဆုသွားတောင်းကြည့်ပါ..

Kitano Tenmangu ဘုရားကျောင်း
京都府京都市上京区馬喰町

Masakado အုတ်ဂူ

首塚ခူဘိဇူက လို့ခေါ်ကြတဲ့ “ မည်သူမျှမရွေ့နိုင်သော” အုတ်ဂူဖြစ်ပါတယ်။
ဒီအတိုင်းသွားလည်ပတ်ရင်း ကျိန်စာတွေထွက်လာမှာလည်း ကြောက်ရသလို၊ Masakado ပြုခဲ့တဲ့ကောင်းမှုတွေကြောင့် ကံကောင်းခြင်း၊ အလုပ်အကိုင်ပွင့်ခြင်း၊ စီးပွားတက်ခြင်း စတဲ့အကျိုးကျေးဇူးများလည်း ရရှိတယ်လို့ ဆိုပါတယ်။

ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်နိုင်စွမ်းကိုပေးတဲ့ အစွမ်းထက်နေရာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။

東京都千代田区大手町1丁目2−1外

 

安井金比羅宮Yasui Konpiragu

ဧကရာဇ် Sutoku အတွက် ရည်စူးထားတဲ့ နတ်ကွန်းဖြစ်ပါတယ်။ ကျောက်စာတစ်ခုရှိပါတယ်။
အလယ်မှာဖောက်ထားတဲ့ အပေါက်ကိုဖြတ်ပြီး ဆုတောင်းစာတွေကပ်မယ်ဆိုရင် ထိုဆုတောင်းတွေပြည်လာမယ်လို့ ပြောကြပါတယ်။

京都府京都市東山区弁天町70

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: