ရှေးခေတ်ဂျပန်မှာ ဖောက်ပြန်ရင် အမျိုးသားရော၊ အမျိုးသမီးကိုပါ သေဒဏ်ပေးတယ်!?

လင်မယားအကြားက ပြဿနာဆိုတာ တစ်ပါးသူနားမလည်တဲ့ကိစ္စပါ။

အပြင်ကနေကြည့်ရင်တော့ အရမ်းကိုအဆင်ပြေကြတဲ့လင်မယားစုံတွဲဖြစ်နေမယ့် လက်တွေ့မှာက ဘယ်လိုဖြစ်နေမလဲ?

အဲ့လိုမျိုး တစ်ပါးသူကို မပြောနိုင်တဲ့ စိတ်ပင်ပန်းမှုတွေကနေ အမှုမှတ်အမှတ်မဲ့နဲ့ ဖောက်ပြန်မိတဲ့လူနှစ်ယောက်။

လူတိုင်းကို မပြောနိုင်တဲ့ လျှို့ဝှက်ချက်ဆိုတဲ့အတားအဆီးက အချစ်ကို ပိုလို့ ပူလောင်စေတာကြောင့် ဖောက်ပြန်မှုဟာ ကြောက်စရာကောင်းပါတယ်။

ဒါက အရင်တုန်းကရော အခုပါ ကြောက်စရာကောင်းတဲ့အရာဖြစ်ပေမယ့် မတူတာကတော့ အဲ့ဒါအတွက်ပေးတဲ့ပြစ်ဒဏ်ဖြစ်ပါတယ်။

အတိတ်က ဂျပန်နိုင်ငံရဲ့ ရာဇဝတ်မှုအတွက် ဥပဒေကို ကြည့်ကြည့်ရအောင်။

https://mag.japaaan.com/archives/112351/2

ခမခုရခေတ်

ဆာမူရိုင်း ခေတ်ရဲ့ အစောကာလလို့ ဆိုရမယ့် ဒီခမခုရခေတ်မှာ ဖောက်ပြန်မှုအတွက် ပြစ်ဒဏ်ကို ချမှတ်ထားရှိပါတယ်။

・မြေပိုင်ယာပိုင်ရှိသူဆိုပါက အဆိုပါမြေယာတစ်ဝက်တိတိကို သိမ်းယူခြင်း

・အစိုးရဝန်ထမ်းဆိုပါက အကြီးတန်းရာထူးအတွက် လျှောက်ထားခွင့်မရှိခြင်း

・ပိုင်ဆိုင်မှုမရှိသူဆိုပါက ကျွန်းတစ်ကျွန်းပေါ်တွင် သီးသန့်ခွဲထားခြင်း

ဒါကို သဘောတူတူမတူ အမျိုးသားရော၊ အမျိုးသမီးဖြစ်သူပါ တန်းတူအပြစ်ပေးခံရမှာဖြစ်ပါတယ်။

မုရိုမချိခေတ်

ခမခုရခေတ်နောက်ပိုင်းဖြစ်တဲ့ မုရိုမချိခေတ်မှာ မင်းမျိုးမင်းနွယ်တွေ ရှိနေပါသေးတယ်။

အဲ့ဒီခေတ်က ပြစ်ဒဏ်က ပိုလို့တောင်ဆိုးပါတယ်။

ဇနီးဖြစ်သူကို လုယူခံရတဲ့လင်ယောကျ်ားက လုယူသူ ဖောက်ပြန်သူအမျိုးသားကို သတ်ခွင့်ရှိပါတယ်။

ဟုတ်ပါတယ် လူသတ်ခြင်းကို တရားဝင်ခွင့်ပြုထားတာပါ။

ဒီဥပဒေကို ဒေသအသီးသီးမှာ အနည်းငယ်ပြောင်းလဲမှုတွေလုပ်ပြီး ရှိခိုခုမှာတော့ ဒီလိုစည်းမျဉ်းပြုလုပ်လိုက်ပါတယ်။

ဆာမူရိုင်းတစ်ယောက်ဟာ ဖောက်ပြန်ခံရရင် ဖောက်ပြန်သူဇနီးနဲ့ ဖောက်ပြန်တဲ့ယောကျာ်းကိုပါ သတ်ရမှာဖြစ်ပါတယ်။

မသတ်နိုင်ရင် သုံးယောက်လုံးကို သေဒဏ်ပေးမှာ ဖြစ်ပါတယ်။

တော်တော့ကို ဆိုးတဲ့ ပြစ်ဒဏ်ပဲနော်။

အဲဒိုခေတ်

ဆာမူရိုင်းခေတ်နောက်ဆုံးလို့ဆိုရမယ့် ဒီခေတ်မှာ ဖောက်ပြန်မှုဟာ သေဒဏ်ဖြစ်ပါတယ်။

ပြီးတော့ မုရိုမချိခေတ်ကလို ဖောက်ပြန်ခံရတဲ့ယောကျ်ားဟာ ဖောက်ပြန်တဲ့မိန်းမနဲ့ ယောကျာ်းကို သတ်ခွင့်ရှိပါတယ်။

ဒါ့အပြင် သမီးဖြစ်သူဟာ လက်မထပ်မှီ ဒီလိုဖောက်ပြန်မှုမှာ ပါဝင်ခဲ့ရင် ဖခင်ဖြစ်သူက သတ်ခွင့်ရှိတဲ့စည်းမျဥ်းကိုပါ ထပ်ပေါင်းခဲ့ပါတယ်။

အခြေခံအားဖြင့်တော့ ဒီစည်းမျဥ်းတွေက ဆာမူရိုင်းတွေအတွက် ထုတ်ပြန်ထားတဲ့စည်းမျဥ်းတွေဖြစ်ပါတယ်။

ဆာမူရိုင်းတစ်ယောက်အတွက် အားသန်မှုသာမက ဉာဏ်ပညာလည်း လိုအပ်ပါတယ်။

ပြီးတော့ လူသားတစ်ယောက်အနေနဲ့ လေးစားထိုက်သူဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ဆာမူရိုင်းတစ်ဦးတည်းသာမက တစ်အိမ်သားလုံးအတွက် အကျုံးဝင်ပါတယ်။

အခွင့်ထူးခံရတဲ့အတွက်ကြောင့် ထူးခြားတဲ့အရာတွေ လိုအပ်တာကို နားလည်ပေမယ့် သဘောတူမတူနဲ့ အခြေအနေကို လုံးဝထည့်သွင်းမစဥ်းစားတာလည်း ကြောက်စရာစည်းမျဥ်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယနေ့ထက်ထိ ဖောက်ပြန်မှုတွေရှိနေသေးလို့ လူသားတွေကတော့ အံ့သြဖွယ်ရာပါပဲ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: