နာဂိုယရဲ့ ထူးခြားဆန်းပြားတဲ့ ဇောက်ထိုးအက “しゃちほこ踊り”

ဂျပန်ရဲ့ဒေသအသီးသီးမှာ ကိုယ်ပိုင်ရိုးရာအကတွေ ရှိကြပါတယ်။
သီချင်းစာသားနဲ့ အကြောင်းအရာတွေကိုလိုက်ပြီး လက်အချိုးအကွေ့တွေအတိုင်းကကြပေမဲ့ ၊ ဂျပန်ရဲ့အကမှာတော့ အကွက်ဆန်းတွေ သိပ်မရှိတာက ပိုများပါတယ်။
အကြောင်းအရင်းက ကီမိုနိုကြောင့်ပါပဲ…
အမျိုးသားရော အမျိုးသမီးရော၊ ကီမိုနိုကိုဝတ်လိုက်ရင် ခြေထောက်ကိုကျယ်ကျယ် မလှမ်းနိုင်တော့ပါဘူး။
ခြေထောက်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သလို ဖြစ်တဲ့အတွက် သိမ်မွေ့နူးညံ့တဲ့စည်းချက်တွေ ဖြစ်သွားပါတယ်။
ဒါပေမဲ့ နာဂိုယကတော့ ထူးခြားနေပါတယ်။
ဒါမှာပါ။
https://fundo.jp/108942
တကယ်ပဲရူးသွားတာလား
လူရွှင်တော်တွေက ဟာသလုပ်နောက်ပြောင်နေတာမဟုတ်ဘဲ၊ ဒါဟာ သူတို့ရဲ့အစဉ်အလာအကဖြစ်ပါတယ်။
နာဂိုယက နည်းနည်းတော့ ထူးခြားနေတာပဲနော်။
နာဂိုယမှာရှိတဲ့ Geiko / Maiko အဖွဲ့အစည်းမှာတော့ ဟောဒီ “しゃちほこ踊り” အကကို မဖြစ်မနေ သင်ယူရတယ်လို့ ဆိုပါတယ်။
ပထမဆုံးကတော့ ရိုးရိုးသာမန်ကကွက်ကနေ အစပြုပါတယ်။
ပြီးတဲ့အခါ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး..
ကဲ လာပါပြီ!
Youtube မှာလည်းတင်ထားပါတယ်။
တကယ်ကိုရူးသွပ်တာပဲ။ ဒါပေမဲ့ ကီမိုနိုဝတ်ပြီး ဒီလိုကတာကတော့ သိပ်မလိုက်ဖက်ဘူးနော်…
ဒီအကဟာ ဘာကိုဖော်ပြနေသလဲဆိုရင်၊ နာဂိုယရဲတိုက်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ “金のしゃちほこ” ဆိုတဲ့ အလှဆင်ထားတဲ့ ရုပ်တုဖြစ်ပါတယ်။
しゃちほこ ဆိုတာကတော့ ခြင်္သေ့ခေါင်းနဲ့ ငါးကြင်းကိုယ် ရွှေရောင်ရုပ်တုရဲ့နာမည်ပါ။
ကပွဲမှာတော့ အမျိုးသားအမျိုးသမီးပေါင်း ၄၃ ဦးဟာ နာဂိုယရဲတိုက်မှာ၊ しゃちほこ踊り အကကို ကခဲ့ကြပါတယ်။
ဘာသာအသစ်ရဲ့ ဆုတောင်းပုံများလားမသိဘူးနော်… (ရယ်လျက်)
ဂျပန်မှာတော့ ရိုးရာအနုပညာပေါင်းများစွာရှိပေမဲ့၊ ဒီလောက်အထိ ထူးခြားဆန်းပြား ဇော်ထိုးမိုးမျှော်အက ကတော့ တခြားမရှိတော့ဘူးလို့ ထင်ပါတယ်။
ကဲ စာဖတ်သူတို့လည်း သေချာပေါက် နာဂိုယရဲတိုက်ကိုရောက်ခဲ့ရင် “しゃちほこ踊り” အကနဲ့ ဓါတ်ပုံရိုက်ခဲ့ကြပါအုံး …