တံခါးပေါက်ကနေ အမေ့ရဲ့ ငယ်သံပါအောင် အော်ဟစ်တဲ့အသံကို ကြားလိုက်ရတယ်! အမလေး ဘုရား… ဘုရား…

ဂျပန်ရဲ့ Hokuriku ဒေသနဲ့ ဟော့ကိုင်းဒိုး စတဲ့နေရာတွေမှာ ဆောင်းရာသီဆို နှင်းတွေအရမ်းကျတတ်လို့ နှင်းကျပေမဲ့လည်း ဝမ်းမသာကြပါဘူး။ ဒါပေမဲ့ တိုကျိုတို့လို ပုံမှန်အားဖြင့် နှင်းသိပ်ကျလေ့မရှိတဲ့နေရာမှာ နှင်းတွေအများကြီးကျပြီဟေ့ဆိုရင် ကလေးတွေဟာ အလွန်ပျော်ရွှင်ကြပါတယ်။

ကျွန်တော်တော့ နှင်းလူသားအရုပ်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားဖူးပါတယ်။
အဲ့ဒီလောက်အထိ နှင်းကျရင်ပျော်စရာကိုကောင်းပါတယ်။

ဟုတ်ပါတယ်။ နှင်းကျတဲ့အခါ ကလေးတွေပဲပျော်ကြတာမဟုတ်၊ ကလေးစိတ်မကုန်သေးတဲ့ လူကြီးတွေပါ ပျော်ကြဆော့ကြပါတယ်။ လူကြီးတွေက ဆော့ပြီဟေ့ ဆိုရင်လည်း ချစ်စရာကောင်းတဲ့ နှင်းလူသားက လိပ်ပြာလွှင့်မတတ် ကြောက်စရာကောင်းတဲ့ အရာတွေအဖြစ် ပြောင်းသွားပါတော့တယ်။
တစ်မြို့လုံးအော်ဟစ် ဆူညံပွက်လောရိုက်သွားစေမယ့် နှင်းလူသားတွေကို ရှုစားကြပါအုံး…

https://twitter.com/yalalalalalala/

ကြောက်စရာကြီးနော်
လမ်းသွားရင်းလဲကျသွားတဲ့လူက နှင်းထဲမှာမြုပ်သွားသလိုမျိုး မြင်ရတယ်။
အိမ်တံခါးပေါက်မှာ ငယ်သံပါအောင် အောင်ဟစ်မယ့် အမေဖြစ်သူကိုတော့ မြင်ယောင်ပါသေးတယ်။

ကလေးကိုစားနေတာလား?

http://littletrip.diary.to/archives/43362902.html

တစ်စုံတစ်ခုက တိုက်ခိုက်နေတဲ့ပုံစံ… မျက်နှာကလည်း အရမ်းပီပြင်တယ်

https://twitter.com/hikaru079/status/434267140976156672

သင့်ကိုပြုံးပြုံးကြီးနဲ့ကြည့်နေမယ့် သူမ..

ပရင့်ထုတ်ထားတဲ့ မိန်းကလေးရဲ့မျက်နှာအစိတ်အပိုင်းကို ဖြတ်တောက်ပြီး နှင်းအရုပ်မှာ ကပ်ထားတာပါ။

ညကြီးမိုးချုပ် ရုတ်တရက်တွေ့လိုက်ရင် သင့်ကိုထိတ်လန့်သွားစေနိုင်ပါတယ်။
ညဘက် နှင်းတွေထူထပ်ပြီး အေးခဲနေတဲ့လမ်းတွေကို ကြောက်ရတဲ့ကြားက ဒီလိုရုတ်တရက်မြင်တာနဲ့ လိပ်ပြာလွှင့်စေမယ့် နှင်းလူသားတွေရှိတတ်တာကြောင့်လည်း သတိထားကြပါ။…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: