ဖူဂျီတောင်ပေါက်ကွဲဖို့ countdown လုပ်ရတော့မှာလား? နောက်ဆုံးတော့ သဘာဝဘေးကြီး နီးကပ်လာပြီး။

ဂျပန်နံပါတ်တစ် ဖူဂျီတောင်ဟာ ဂျပန်ရဲ့ပြယုဂ်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်က တောင်များစွာနဲ့နှိုင်းယှဉ်ကြည့်ရင်တော့ ဖူဂျီတောင်ဟာ အဲ့ဒီလောက်အထိမမြင့်ပေမဲ့၊ ပုံသဏ္ဍာန်ရဲ့လှပမှုမှာတော့ ကမ္ဘာ့ထိပ်စာရင်းဝင်ဖြစ်ပါတယ်။

https://gunosy.com/articles/ePHVu?s=s

မီးတောင်တွေကို အမျိုးအစား ၃ မျိုးခွဲခြားထားပါတယ်။
မပေါက်ကွဲနိုင်တော့တဲ့ မီးငြိမ်းတောင်死火山(しかざん)၊ မြုံနေတဲ့မီးတောင် 休火山(きゅうかざん)နဲ့ မကြာခဏပေါက်ကွဲနေတဲ့ မီးတောင်ရှင် 活火山(かつかざん) တို့ပဲဖြစ်ပါတယ်။

ကျွန်တော်ကလေးဘဝက၊ ဖူဂျီတောင်ဟာ မြုံနေတဲ့မီးတောင်ဆိုပြီး မှတ်ယူခဲ့ဖူးပေမဲ့၊ ယနေ့ခေတ်မှာတော့ သူ့ရဲ့အမျိုးအစားဟာ မီးတောင်ရှင်တစ်ခုဖြစ်တယ်လို့ ပြောလာကြပါတယ်။
ဂျပန်တစ်နိုင်ငံလုံးမှာ ဘယ်တော့ထပေါက်ကွဲမလဲ မခန့်မှန်းနိုင်တဲ့အန္တရာယ်ရှိ မီးတောင်ရှင်တွေထဲမှာ ဖူဂျီတောင်လည်းတစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

စောင့်ကြည့်မှုမှတ်တမ်းများအရ၊ ၇၈၁ ခုနှစ်မှာပေါက်ကွဲခဲ့ခြင်းကနေ ယခုချိန်ထိဆို ပေါက်ကွဲမှုအကြိမ်ပေါင်း ၁၇ ကြိမ်ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့်ပျှမ်းမျှအားဖြင့် ၇၃ နှစ်မှာ ၁ ကြိမ်နှုန်းနဲ့ ပေါက်ကွဲတယ်လို့ မှတ်ယူရပါတယ်။

မီးတောင်ပေါက်ကွဲမှုဟာ မီးတောင်အောက်မှာ ချော်ရည်တွေစုလာပြီး၊ ၎င်းကိုမထိန်းချုပ်နိုင်တော့တဲ့အခါ တစ်ဟုန်ထိုးပေါက်ထွက်ကာ မီးတောင်ပေါက်ကွဲခြင်း ဖြစ်ပေါ်လာပါတော့တယ်။
ဆိုလိုတာက နှစ်ပေါင်းများစွာပေါက်ကွဲခြင်းမရှိဘူးဆိုတာက၊ မြေပြင်အောက်မှာစုဝေးနေတဲ့ ချော်ရည်ပမာဏက ကြီးမားလာမယ်၊ ပြီးရင်တော့ ပေါက်ကွဲတဲ့အခါ ပျက်စီးမှုကြီးကြီးမားမားတွေကို ဖြစ်စေနိုင်ချေရှိပါမယ်။

ဖူဂျီတောင်နောက်ဆုံးပေါက်ကွဲခဲ့တဲ့အချိန်က ၁၇၀၇ ခုနှစ်မှာဖြစ်ပြီး၊ နှစ်ပေါင်း ၃၁၅ ခုနှစ်တိုင် ငြိမ်နေပါတယ်။
စောစောကပြောတဲ့ ပျှမ်းမျှတွက်ချက်မှုကနေစဉ်းစားကြည့်ရင် အချိန်တော်တော်ကြာနေပြီဖြစ်ကြောင်း နားလည်ရပါတယ်။
မြေပြင်အောက်မှာ ချော်ရည်တွေ ဘယ်လောက်တောင်များ စုမိနေလိမ့်မလဲ…

စကားမစပ် ၁၇၀၇ ခုနှစ်က ပေါက်ကွဲမှုကြီးဖြစ်ခါနီး ၄၉ ရက်အလိုမှာ ငလျင်ကြီးလှုပ်ခတ်သွားခဲ့ပါတယ်။
ထိုမတိုင်ခင်က ၈၆၄ ခုနှစ် မီးတောင်ပေါက်ကွဲခါနီးလေးမှာပဲ Kanto ဘက်မှာ ငလျင်ကြီးတစ်ခုလှုပ်သွားခဲ့တယ်လို့ ပြောပါတယ်။

ဟုတ်ပါတယ်၊ ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲ မီးတောင်ပေါက်ကွဲတဲ့ ဥပမာတွေများစွာရှိနေပါတယ်။

တကယ်က ၂၀၀၀ ခုနှစ်မှာလည်း မီးတောင်ပေါက်ကွဲမယ့် အန္တရာယ်ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဒီနှစ်တွေအတွင်း မီးတောင်အများအပြားပေါက်ကွဲခဲ့ပြီး၊ ၎င်းဟာအစပျိုးတဲ့ပုံစံနဲ့ ဖူဂျီတောင်အောက်မှာလည်း မီးတောင်ငလျင်တွေ များလာတယ်။ နှစ်ဝက်လောက်ထိ ငလျင်လှုပ်ခဲ့ပေမဲ့၊ ယခင်အတိုင်း တစ်နေရာတည်း စုဆုံခဲ့ပါတယ်။

နောက်ထပ် ၂၀၁၁ ခုနှစ်ရဲ့ ဂျပန်အရှေ့ပိုင်းငလျင်ကြီး…
ဒီငလျင်ကြီးဖြစ်ပြီး ၄ ရက်အကြာမှာ ဖူဂျီတောင်အနီးမှာလည်း ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားပြီး သုတေသနပညာရှင်တွေဟာ ဖူဂျီတောင်ပေါက်ကွဲမှုအတွက် ကြိုတင်ပြင်ဆင်ချက်တွေကို ချမှတ်လိုက်တယ် လို့ပြောပါတယ်။

ဒီအပြင်လက်ရှိအချိန်ကာလ…
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ဖူဂျီတောင်အနီးမှာ ငလျင်လှုပ်သွားတယ်လို့ အစီရင်ခံစာထွက်လာပါတယ်။
တစ်ချိန်ချိန်မှာ ပေါက်ကွဲမှာတော့ သေချာပါတယ်။
ပြောချင်တာက၊ မီးတောင်ပေါက်ကွဲတဲ့အချိန် ဘာတွေဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းတိုင်းတာထားဖို့ လိုအပ်ပါတယ်။

ဖူဂျီတောင်အနီးဟာ ချော်ရည်စီးဆင်းမှုနဲ့ လွှင့်စင်မယ့်ကျော်တုံးအန္တရာယ်ရှိပေမဲ့၊ နေထိုင်သူဦးရေ အတော်လေးနည်းပါတယ်။ ပျက်စီးမှုအများဆုံးဖြစ်မှာကတော့၊ မီးတောင်ပြာရဲ့ လွှင့်စင်မှုဖြစ်ပါတယ်။

https://www.nhk.or.jp/ashitanavi/article/2795.html

ဖူဂျီတောင်ပေါက်ကွဲရင် မီးတောင်ပြာအမြောက်အများဟာ ကောင်းကင်အထက် ၂၀ ကီလိုမီတာအထိတက်ပြီး အဲ့ဒီနောက်လေနဲ့အတူ ဧရိယာကျယ်ကျယ်ပြန့်ပြန့်ကို လွှင့်လာမှာဖြစ်ပါတယ်။
ခေါင်မိုးပေါ်မှာ ပမာဏများစွာ စုပုံမိရင်အလေးချိန်ကြောင့် အိမ်ပြိုကျနိုင်မယ်။
စိုစွတ်တဲ့မီးတောင်ပြာတွေဟာ လျှပ်စစ်ကူးနိုင်တဲ့အတွက်လည်း လျှပ်စစ်ဓါတ်အားလိုင်းကိုအနှောက်အယှက်ပေးပြီး မီးပျက်တာမျိုးတွေဖြစ်လာနိုင်မယ်။
ဒီမီးတောင်ပြာဟာ မြို့ဧရိယာအတွင်း ၂ စင်တီမီတာထက်ပိုပြီး စုပုံလာမယ်လို့ ခန့်မှန်းရပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် မြို့ဧရိယာရှိလူတွေဟာ အသက်ပေါင်းများစွာဆုံးရှုံးနိုင်ချေတော့မရှိပေမဲ့၊ မီးတောင်ပြာရဲ့သက်ရောက်မှုကြောင့် မီးပျက်ခြင်းအပြင် ရေနဲ့မိလ္လာပိတ်ဆို့ခြင်းတွေ ဖြစ်ပေါ်နိုင်ချေတော့ အလုံအလောက်ရှိပါတယ်။

အရမ်းကြောက်စရာမလိုပါဘူး။ ဒါပေမဲ့ သေသေချာချာပြင်ဆင်ထားစေချင်ပါတယ်။
နောက်ပြီ မီးတောင်ပေါက်ကွဲမှုဟာ တောင်ရဲ့ပုံသဏ္ဍာန်ကို ပြောင်းလဲစေပါတယ်။
ဖူဂျီတောင်ကိုတော့ ဒီအတိုင်းလေးပဲ လှလှပပလေး ရှိသွားစေချင်တယ်နော်..

 

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: