၂၀၂၂ ခုနှစ်ရဲ့ ကံကောင်းခြင်းအိတ်ထဲက ပစ္စည်းများ။ ဒီနှစ်တော့ ဘာတွေထည့်ထားမလဲ?

ဂျပန်ရဲ့နှစ်သစ်လို့ပြောလိုက်ရင် 福袋 ကံကောင်းခြင်းအိတ်ဆိုတာကလည်း နာမည်ကြီးတယ်ဆိုတာ စာဖတ်သူတို့သိကြပါသလား?
ရောင်းချတဲ့ဈေးနှုန်းကနေစဉ်းစားကြည့်ရင် အတော်လေးထူးခြားတဲ့ ပစ္စည်းများစွာထည့်ထားတဲ့ Set လိုက်ကိုရောင်းချတာဖြစ်ပြီး၊ အထဲမှာဘာတွေပါမလဲဆိုတာကို မသိတာကလည်း ရင်ခုန်စရာတစ်ခုပါပဲ။
နှစ်သစ်ကိုဂုဏ်ပြုတဲ့အငွေ့အသက်တွေနဲ့ ဆိုင်ဘက်ကလည်း တစ်နှစ်မှတစ်ကြိမ်တည်းသာ ရောင်းချခြင်းဖြစ်ပါတယ်။
ကဲ ဆိုင်အသီးသီးက ဘာတွေထည့်ထားမလဲနော်?

STARBUCKS ရဲ့ယန်း ၇၅၀၀ တန်ကံကောင်းခြင်းအိတ်

https://rocketnews24.com/

ဒါကတော့ အရမ်းနာမည်ကြီးတဲ့ကော်ဖီဆိုင်က ကံကောင်းခြင်းအိတ် STARBUCKS ပါ။ အိတ်ပုံစံတော့မဟုတ်ဘူးပေါ့..
ပထမဆုံးထွက်လာတာကတော့ ဒီဟာပါ။


ဒီလိုအိတ်လေးချစ်စရာကောင်းတယ်နော်..အသုံးပြုရလည်းလွယ်ကူမယ့်ပုံစံပဲ..
နောက်ပြီး ခွက်လေးတစ်မျိုးနဲ့..

ဒီအပြင် ခရစ္စမတ်ပုံစံအလှဆင်ထားတဲ့ Mug ခွက်လိုပုံစံ
ဒီသေးသေးလေးက သောက်ဖို့အတွက်မဟုတ်ဘဲ၊ အလှပြထားခြင်းအတွက်ဖြစ်ပါတယ်။

၂၅၀ ဂရမ်ကော်ဖီစေ့

ဒီအပြင်ကော်ဖီစေ့ဘောင်ချာ
ဒီဘောင်ချာနဲ့ ၂၅၀ ဂရမ်တန် နှစ်သက်ရာကော်ဖီစေ့အထုတ်ကို လဲလည်နိုင်ပါသေးတယ်။

Drink Ticket ၆ ရွက်


Couple တွေအတွက် စောင်အသေးဆိုဒ် ၂ ခု။


STARBUCKS ကအတော်အသင့်တော့ ဈေးကြီးပါတယ်။ ယန်း ၇၅၀၀ နဲ့ဒါတွေရတယ်ဆိုတော့ တန်တယ်လို့ပြောနိုင်ပါတယ်။

COACH တံဆိပ်ရဲ့ ယန်း ၅ သောင်းတန်ကံကောင်းခြင်းအိတ်

https://matomame.jp/user/yonepo665

စာဖတ်သူတို့ COACH တံဆိပ်ရဲ့ဈေးနှုန်းကို သိကြလား?
ဓါတ်ပုံထဲကအတိုင်း Set လိုက်ကိုထည့်ပေးထားပါ။ အဲ့ဒါကိုမှ ယန်း ၅ သောင်းတည်းပါ။ အရမ်းတန်နေပြီနော် ..

အိမ်သုံးလျှပ်စစ်ပစ္စည်း လက်လီရောင်းချတဲ့ဆိုင်၊ စားသောက်ဆိုင်၊ အဝတ်အစား၊ အလှကုန်များ….
ဂျပန်မှာနှစ်သစ်ရောက်ပြီဆိုရင် ဒီလိုဆိုင်အမျိုးမျိုးက ပစ္စည်း Set လိုက်တွဲထားတဲ့ ကံကောင်းခြင်းအိတ်တွေကို ရောင်းချကြပါတယ်။ ဘာတွေထည့်ထားသလဲဆိုတာကိုတော့ မသိပေမဲ့၊ ဒါကိုဖွင့်ကြည့်ရတာကလည်း စိတ်လှုပ်ရှားမှုတစ်မျိုးပါ။

မိမိအသုံးမလိုတဲ့ပစ္စည်းထည့်ထားရင်ရော ဘယ်လိုလုပ်ကြမလဲ?
အဲ့ဒီလိုဆိုရင်တော့ အွန်လိုင်းမှာလေလံပြန်တင်ပြီး ငွေပြန်ဖော်နိုင်မှာဖြစ်ပါတယ်။

ကိုရိုနာတွေပြီးသွားရင် သေချာပေါက် ဂျပန်ရဲ့နှစ်သစ်ကိုလာရောက် ပျော်ရွှင်ကြည့်ကြပါနော် ..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: