အသက် ၂၇ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီး Kako ရဲ့ ငယ်ဘဝပုံရိပ်များ

ဒီဇင်ဘာ ၂၉ ရက်နေ့ဟာ အိမ်ရှေ့မင်းသား Akishinomiya မိသားစုရဲ့ ဒုတိယမြောက်သမီးဖြစ်သူ မင်းသမီး Kako ရဲ့မွေးနေ့ဖြစ်ပါတယ်။
သဘာဝအတိုင်းလေးချစ်စရာကောင်းပြီး ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ မင်းသမီး Kako ဟာ အခုတော့ အသက် ၂၇ နှစ်ပြည့်သွားခဲ့ပါပြီ။
အရွယ်ရောက်တဲ့ အမျိုးသမီးငယ်တစ်ဦးအနေနဲ့ အလှကျက်သရေအပေါင်းနဲ့ပြည့်စုံလာပါတယ်။ မင်းသမီး Kako ဟာ အရပ်သားနဲ့လက်ထပ်ခဲ့တဲ့ တောင်ဝင်မင်းသမီးဟောင်း “ မာကို” ရဲ့ ညီမလည်းဖြစ်ပါတယ်။

မင်းသမီး Kako ရဲ့ ချစ်စရာ ၄ နှစ်အရွယ်ကနေ လက်ရှိအချိန်ထိကြီးပြင်းလာတဲ့ပုံရိပ်လေးများကို Japo ပရိသတ်တို့အတွက် မျှဝေပေးလိုက်ပါတယ်။

၁၉၉၉ ခုနှစ်၊ အသက် ၄ နှစ်

https://www.harpersbazaar.com/

ဆံပင်နှစ်ဖက်စည်းထားပြီး၊ မိသားစုဓါတ်ပုံရိုက်ဖို့ပြင်နေတဲ့ မင်းသမီးလေး Kako …
ထိုအချိန်ကတည်းက နှာတံစင်းစင်းနဲ့ ချစ်စရာမျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

 

၂၀၀၃ ခုနှစ်၊ အသက် ၈ နှစ်

https://www.harpersbazaar.com/

တောင်ဝင်မျိုးနွယ်ကလေးများသာ တက်ခွင့်ရှိတဲ့ Gakushuin မူလတန်းကျောင်း တတိယနှစ်ကျောင်းသူ မင်းသမီး Kako …
ဆံပင်နှစ်ဖက်စည်းထားပုံမှာ သူမအသက် ၄ နှစ်ကပုံစံအတိုင်းပါပဲ။

 

၂၀၀၆ ခုနှစ်၊ အသက် ၁၁ နှစ်

https://www.harpersbazaar.com/

မောင်ငယ်လေး မင်းသား Hisa Hito မွေးဖွားခဲ့တဲ့အချိန်၊ ဆေးရုံကိုအမဖြစ်သူ တော်ဝင်မင်းသမီးဟောင်း “ မာကို” နဲ့အတူသွားခဲ့ကြပါတယ်။

 

၂၀၀၇ ခုနှစ်၊ အသက် ၁၂ နှစ်


Gakushuin မိန်းကလေးအလယ်တန်းကျောင်း ပထမနှစ်ကျောင်းသူဘဝက မိသားစုဓါတ်ပုံမှာတော့ အဲ့ဒီအချိန်ကခေတ်စားခဲ့တဲ့ ဆံပင်စတိုင်နဲ့ မင်းသမီးလေး Kako ပါ။

 

၂၀၀၉ ခုနှစ် ၁ လပိုင်း၊ အသက် ၁၄ နှစ်


နှစ်သစ်မှာ မိသားစုဓါတ်ပုံရိုက်ကူးချိန် တွေ့ရတဲ့သူမ။
ဆံပင်လည်း တော်တော်လေးရှည်လာသလို၊ အလယ်တန်းကျောင်းသူတစ်ယောက်နဲ့ တူလာပါတယ်။

 

၂၀၀၉ ခုနှစ် ၁၂ လပိုင်း၊ အသက် ၁၄ နှစ်။


ဆံပင်ဂုတ်ဝဲလေးဖြစ်သွားတဲ့ သူမ။

 

၂၀၁၄ ခုနှစ် ၁ လပိုင်း၊ အသက် ၁၉ နှစ်။


ဒါကတော့ မင်းသမီး Kako ဟာ Gakushuin တက္ကသိုလ်စာပေဌာနမှာ စာရင်းသွင်းနေချိန် ရိုက်မိထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ် ၁၂ လပိုင်း၊ အသက် ၂၀ နှစ်။


အရွယ်ရောက် တောင်ဝင်မိသားစုဝင်တစ်ဦးဖြစ်လာပြီး “ သရဖူ” ကိုအပ်နှင်းတဲ့ အဲ့ဒီနေ့က မင်းသမီး Kako ဟာ၊ အလှကျက်သရေနဲ့ ပြည့်စုံနေခဲ့ပါတယ်။ မျက်ခုံးမွှေးကိုခြယ်သထားပြီး နှုတ်ခမ်းကိုလည်း ပန်းနုရောင်လေးဆိုးထားပါတယ်။

 

၂၀၁၅ ခုနှစ် ၁ လပိုင်း၊ အသက် ၂၀ နှစ်။


အရွယ်ရောက် အမျိုးသမီးငယ်လေးတစ်ဦးကဲ့သို့ ဆံပင်ကိုထုံးဖွဲ့ထားပါတယ်။ ပြီးပြည့်စုံတဲ့ မျက်ဝန်းတစ်စုံဟာ သူမရဲ့သဘာဝအလှကို ပိုလို့တောက်ပစေပါတယ်။

 

၂၀၁၅ ခုနှစ် ၄ လပိုင်း၊ အသက် ၂၀ နှစ်။


နိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ် ဝင်ခွင့်အခမ်းအနားမှာတွေ့ရတဲ့ မင်းသမီး Kako …
နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ကိုလိပ်ထားပါတယ်။

 

၂၀၁၆ ခုနှစ်၊ အသက် ၂၁ နှစ်


ဧကရာဇ်မွေးနေ့မှာတွေ့ရတဲ့ မင်းသမီး Kako …

 

၂၀၁၆ ခုနှစ်၊ ၁၀ လပိုင်း


ဘယ်လ်ဂျီယံနိုင်ငံ ဘုရင်နဲ့မိဖုရားတို့ ဂျပန်ကိုလာတဲ့အချိန် ဖျော်ဖြေပွဲသွားကြည့်ခဲ့ကြတုန်းက ပုံရိပ်ဖြစ်ပါတယ်။
ကီမိုနိုဝတ်ဆင်ပြီး၊ ဆံပင်ကိုထုံးဖွဲ့ထားကာ မိတ်ကပ်ပါးပါးလေးလိမ်းခြယ်ထားပါတယ်။

 

၂၀၁၇ ခုနှစ်၊ အသက် ၂၂ နှစ်


Haneda လေဆိပ်မှာ ဧကရာဇ်နှင့် ဧကရာဇ်မိဖုရားကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့အချိန်ဖြစ်ပါတယ်။ မင်းသမီးလေး Kako ဟာ ဖဲပြားဦးထုတ်နှင့် အလွန်ပင်ချစ်စရာကောင်းနေပါတယ်။

 

၂၀၁၈ ခုနှစ်၊ အသက် ၂၃ နှစ်


အင်္ဂလန်မှာ တက္ကသိုလ်တက်ပြီး ပြန်လာတဲ့အချိန်ကဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် ၉ လပိုင်း၊ အသက် ၂၄ နှစ်


ဟန်ဂေရီကို သွားရောက်လည်ပတ်ခဲ့စဉ်ကဖြစ်ပါတယ်။

ဥရောပခရီးစဉ်အတွင်း ဟန်ဂေရီနဲ့ သြစတြီးယားနိုင်ငံမှာ ဝတ်ဆင်ခဲ့တဲ့ကီမိုနိုမှာတော့ ဆံပင်ကိုသပ်ရပ်စွာ ထုံးကျစ်ထားပါတယ်။

 

၂၀၁၉ ခုနှစ်၊ အသက် ၂၄ နှစ်


ဧကရာဇ် Naruhito ရဲ့နန်းတက်ပွဲမှာတွေ့ရတဲ့ တော်ဝင်မင်းသမီး Kako ဟာ၊ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အလှကျက်သရေနဲ့ တင့်တယ်နေပါတယ်။

 

၂၀၂၀ ခုနှစ် ၁ လပိုင်း၊ အသက် ၂၅ နှစ်။


နှစ်သစ်ကူး ဧကရာဇ်မိသားစုမှ အများပြည်သူရှေ့ ထွက်ပြီးနှုတ်ဆက်တဲ့အချိန်၊ ဧကရာဇ်နန်းတော်ရှိ Chowaden မှာရပ်နေတဲ့ မင်းသမီး Kako ရဲ့ပုံရိပ်ဖြစ်ပါတယ်။ သူမရဲ့ကွေးကောက်ထားတဲ့ ဆံပင်မှာ နူးညံ့သိမ်မွေ့မှုကို ဖော်ပြနေပါတယ်။

 

၂၀၂၀ ခုနှစ် ၂ လပိုင်း၊ အသက် ၂၅ နှစ်။


မင်းသမီး Kako ဟာတော်ဝင်နန်းတော်သို့ သွားနေတဲ့အချိန်ကဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် ၁၀ လပိုင်း၊ အသက် ၂၆ နှစ်။


တော်ဝင်မင်းသမီးဘဝကိုစွန့်လွတ်ပြီး ချစ်သူနှင့်လက်ထပ်ခဲ့တဲ့ အစ်မကြီးဖြစ်သူ Mako Komuro ဟာ၊ Akasaka နန်းတော်ကနေထွက်ခွာချိန် တွေ့ရတဲ့ပုံရိပ်ဖြစ်ပါတယ်။
ကလေးဘဝကတည်းက ချစ်စရာကောင်းတဲ့ မင်းသမီးလေး Kako ဟာ၊ လက်ရှိမှာတော့ အသက် ၂၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: