ထောက်ပံကြေး ရဖူးတဲ့ ဆာမူရိုင်းများ? ရောဂါပြန့်ပွားမှုနှင့် ထောက်ပံ့ကြေးဆက်စပ်မှု

ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်။
စီးပွားရေးတွေ ရပ်တန့်ပြီး အလုပ်မရှိကာ နေထိုင်မှုဘဝမှာ အခက်ကြုံနေတဲ့သူတွေလည်း တိုးပွားလာလျက်ရှိပါတယ်။
ဒီလိုအခြေအနေကို ကျော်လွှာနိုင်ဖို့ အစိုးရအသီးသီးဟာ ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပါတယ်။
ဥပမာ ကနေဒါမှာဆိုရင် လစဥ် ယန်း ၁ သိန်းခွဲကို အများဆုံး ၄ လအထိ ပေးပြီး
ကော့စတာရီကာမှာဆိုရင် အလုပ်ပြုတ်သူတွေအတွက် လစဥ် ယန်း ၂၃,၀၀၀ လောက် ပေးအပ်လျက်ရှိပါတယ်။
ဂျပန်နိုင်ငံကတော့ ၂၀၂၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း နေထိုင်သူအားလုံးကို ယန်း ၁ သိန်း ပေးအပ်ခဲ့ပါတယ်။

လက်ရှိမှာ အစိုးရစနစ်ကို သေချာမှာ စီမံကြပြီး နိုင်ငံအသီးသီးရဲ့ ပါဝါအင်အားကလည်း သာလွန်နေကြလို့သာ ဒီလိုထောက်ပံ့မှုတွေ လုပ်ပေးနိုင်တာမလားလို့ တွေးမိခဲ့ပေမယ့် ဒီစနစ်ဟာ ဒီခေတ်မှာသာမက အရင်ကတည်းက ရှိခဲ့တယ်ဆိုတာ ဆာမူရိုင်းတွေက ထောက်ပံ့ကြေးရရှိခဲ့တာကို ကြည့်ပြီး အံ့အားသင့်ဖွယ်သိလိုက်ရပါတယ်။

၁၈၀၂ ခုနှစ်မှာ တုပ်ကွေးရောဂါဟာ ဂျပန်နိုင်ငံမှာ ပျံ့နှံ့ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီခေတ်အလယ်ပိုင်းဖြစ်လို့ ဆာမူရိုင်းတွေက ဓားကိုကိုယ်နဲ့မကွာသယ်ပြီး သွားလာကြတဲ့ခေတ်ဖြစ်ပါတယ်။
နိုင်ငံခြားသင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ နဂဆခိမှာ အရင်ဆုံးပျံ့ပွားခဲ့ကာ အဲ့ဒီကနေမှ တစ်နိုင်ငံလုံး ပျံ့ပွားခဲ့ပြီး
မြို့တော် အဲဒို (ယခု ကျိုတို) အထိကို ကူးစက်မှုတွေ ပျံ့ပွားခဲ့ပါတယ်။
အဲ့ဒါကြောင့် မြို့တော်အဲဒိုမှာ ပုံမှန်လို လည်ပတ်နိုင်ခြင်းမရှိတော့ပါဘူး။

ဒါကို ဖြေရှင်းဖို့အတွက် အဲဒိုအဖွဲ့အစည်း (အဆိုပါအချိန်ရှိ အစိုးရ) ဟာ ထောက်ပံ့ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၁၂ ရက်အတွင်းမှာ လူပေါင်း ၂၈၀၀၀ ကျော်အတွက် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
အင်တာနက်ရော၊ ဘဏ်ငွေလွှဲစနစ်ပါ မရှိတဲ့ခေတ်မှာတောင် ဒီလောက်လူအရေအတွက်ကို ဖြန့်ဝေပေးနိုင်တာလားဆိုပြီး အံ့သြချီးကျူးမိပါတယ်။

ထောက်ပံ့ကြေးပမာဏကတော့ တစ်ကိုယ်တည်းနေသူအတွက် ၃၀၀ Mon။ လက်ရှိငွေကြေးတန်ဖိုးနဲ့ဆိုရင် ယန်း ၇,၀၀၀ ခန့်။
နှစ်ယောက်နဲ့အထက်ရှိသူ မိသားစုအတွက်ကတော့ တစ်ဦးစီအတွက် ၂၅၀ Mon ပေးအပ်ခဲ့ပုံရပါတယ်။

ဒီထောက်ပံ့ကြေးရဲ့ အားသာချက်ကတော့ ကူးစက်ထားခြင်းရှိရှိ၊ မရှိရှိ ပေးအပ်တာပဲဖြစ်ပါတယ်။
ကူးစက်ထားခြင်းရှိ၊ မရှိကို ခွဲခြားဖို့လည်း အချိန်ကြာမြင့်ရုံပဲရှိပါတယ်။
ထောက်ပံ့ကြေးကို တစ်ဖြတ်တည်း ပေးအပ်နိုင်ဖို့အတွက် အားလုံးကို ပေးအပ်ရပါတယ်။ ဒေသအသီးသီးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥက္ကဌနဲ့ ချိတ်ဆက်ပြီး စာရင်းစစ်ကာ ပေးအပ်ခြင်းဖြစ်တဲ့အတွက် ထောက်ပံ့ကြေးပေးအပ်နှုန်းကလည်း မြန်ဆန်ပါတယ်။

အဲဒိုခေတ်အလယ်ဆိုတာ စစ်ပွဲတွေမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ကာလရှည်ကြာတဲ့ ခေတ်ဖြစ်ပါတယ်။
ဒီအချိန်မှာ ရောဂါပြန့်ပွားမှုတွေဆိုးရွားလာမယ်ဆိုရင် ပြည်သူပြည်သားတွေဟာ လက်ရှိစနစ်ကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်လာမှာဖြစ်ပါတယ်။
စစ်ပွဲမရှိပေမယ့် ငလျင်၊ မီးလောင်မှု၊ စပါးအထွက်မကောင်းခြင်း၊ အဖျားရောဂါပျံ့နှံ့ခြင်းတွေက ပုံမှန်လိုလိုဖြစ်ပျက်နေတဲ့အတွက် အဲ့ဒီအပေါ်နိုင်ငံသားတွေရဲ့ ဒေါသဟာ အစိုးရအပေါ်ပဲ ပေါက်ကွဲကြမှာဖြစ်ပါတယ်။

ဟုတ်ပါတယ် စီမံချက်တွေ ဘယ်လို မြန်မြန်ချပြီး နိုင်ငံသားတွေရဲ့ ထောက်ခံချက်ကို ယူမလဲဆိုတာက အရေးကြီးတဲ့ခေတ်ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဂျပန်အစိုးရရဲ့ စီမံချက်သာ နောက်ကျနေမယ်ဆိုရင် အစိုးရအနေနဲ့ သိပ်အခြေအနေဟန်မှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဘာကြောင့်လည်းမသိ ဂျပန်နိုင်ငံမှာပဲ ကိုရိုနာရောဂါတွေ စုပြုံနေတဲ့ ထူးဆန်းတဲ့အခြေအနေဖြစ်နေပေမယ့် အစိုးရကိုက စိတ်အေးလက်အေးဖြစ်နေလို့လားမသိ တိုးတက်မှုတစ်စုံတစ်ရာ မတွေ့ရပါဘူး။

အဲဒိုခေတ်ရဲ့ ဘေးအန္တရာယ်တန်ပြန်စီမံဆောင်ရွက်နိုင်စွမ်း၊ လျှင်မြန်တဲ့တန်ပြန်လုပ်ဆောင်မှုကို နည်းနည်းအတုယူတာကောင်းမယ်မဟုတ်လားလို့ တွေးမိပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: