ဂျပန်ကို အားပြင်းတဲ့ငလျင်ကြီးရောက်လာခဲ့ရင်? ဂျပန်အစိုးရကကြေငြာထားတဲ့ အဆိုးဆုံးအခြေအနေ

ဂျပန်ဟာ ငလျင်မကြာခဏလှုပ်ခတ်တဲ့ နိုင်ငံဖြစ်ပါတယ်။
အားကြီးတဲ့ငလျင်ဟာ ၁၀ စုနှစ်ကို ၁ ခေါက်နှုန်းနဲ့ ဂျပန်ကိုအတော်လေးပြင်းထန်စွာ ဖျက်ဆီးလျှက်ရှိပါတယ်။
၂၀၁၁ ခုနှစ် ၃ လပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဂျပန်အရှေ့ပိုင်းငလျင်ကြီးကို အားလုံးလည်း ပူပူနွေးနွေးအမှတ်ရနေအုန်းမယ်လို့ ထင်ပါတယ်။

https://www.jiji.com/jc/d4?p=lat216&d=d4_quake

ဒီလောက်အထိ ငလျင်လှုပ်တဲ့နိုင်ငံဖြစ်တာကြောင့် ငလျင်ရဲ့လှုပ်ခတ်မှုနဲ့ပတ်သက်တဲ့ပြင်ဆင်မှုတွေကို အတော်လေးပြည့်ပြည့်စုံစုံလုပ်လာပြီး၊ လှုပ်ခက်မှုကြောင့် အဆောက်အအုံပြိုကျမယ့်အန္တရာယ်ကလည်း အတော်လေးနည်းလာပါတယ်။
ဒါပေမဲ့ ဆူနာမီကို တားဆီးနိုင်မယ့်နည်းမရှိသေးတာကတော့ လက်တွေ့အခြေအနေပါ။

ဓါတ်ပုံထဲကလို ဆူနာမီတိုက်ခိုက်လာခဲ့ရင်တော့ ပြေးဖို့မလွတ်နိုင်တော့ပါဘူး။
ဒီဆူနာမီရဲ့ အမြင့်ဆုံးအမြင့်က ၄၀ မီတာကျော်ခဲ့တယ်လို့ပြောကြပါတယ်။ ဒါဟာ ရုံးအဆောက်အဦးဆိုရင် ၁၀ လွှာအမြင့်ထိဖြစ်ပြီး၊ ကွန်ဒိုတိုက်ခန်းဆိုရင်တော့ ၁၃ လွှာထိရောက်နိုင်တဲ့ လှိုင်းရဲ့အမြင့်ဖြစ်ပါတယ်။
လှိုင်းကိုခွဲတဲ့ Breakwater များစွာကို ဘယ်လောက်ပဲထားထား၊ ဒီအမြင့်ကိုရောက်လာရင်တော့ တားဆီးလို့မရပါဘူး။

လက်ရှိဂျပန်ငလျင်ရဲ့ ပျက်စီးမှုတစ်ဝက်ဟာ ဒီဆူနာမီကြောင့်ပဲဖြစ်ပါတယ်။
သေဆုံးသူမှာ ၁၅၈၉၉ ဦးရှိခဲ့ပါတယ်။
ကျွန်တော့်ဆွေမျိုးတွေလည်း Iwate စီရင်စုရဲ့ ကမ်းရိုးတန်းဒေသမှာနေခဲ့ကြတယ်။ လှိုင်းနဲ့ပါပြီးသေဆုံးသွားကြတယ်။ တစ်ချို့ကြတော့လည်း အလောင်းတောင်ရှာမတွေ့တော့ပါဘူး။

ဒါဆို နောက်ထပ်ဒါမျိုးထပ်ကြုံရအုံးမလား?
ဒီအချက်ကို ဂျပန်တစ်ဝှမ်းလုံးက အရမ်းစိတ်ဝင်စားကြသလိုပဲ၊ အစိုးရဟာ တရားဝင်ထင်မြင်ချက်နဲ့ ဆိုးရွားတဲ့အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။

Hokkaido ကနေ Tōhoku ဒေသတစ်လျှောက်မှာ ကြီးမားတဲ့ပင်လယ်ကြမ်းပြင်အပ်ကွဲကြောင်းတစ်ခုရှိနေပြီး၊
ဒီနေရာမှာ အားပြင်းငလျင်ဖြစ်ပွားနိုင်ချေရှိတယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီနေရာမှာ magnitude ပြင်းအား အဆင့် ၉ ရှိအကြီးဆုံးငလျင်သာဖြစ်သွားခဲ့ရင်၊ လူပေါင်း ၁၉၉၀၀၀ ၊ တစ်နည်းအားဖြင့် လူပေါင်း ၂ သိန်းခန့်ဟာ အသက်ဆုံးရှုံးနိုင်ချေရှိတယ်လို့ ပြောထားပါတယ်။

ဒါဟာ အကယ်၍ဆောင်းရာသီမှာဖြစ်သွားခဲ့ရင်တော့၊ အဆိုးဆုံးအခြေအနေဖြစ်လာပါမယ်။
Hokkaido နဲ့ Tohoku မှာအေးပေမဲ့၊ ငလျင်ကြောင့်အဆောက်အအုံတွေပြိုကျခြင်း၊ ဒါပြင်နောက်ဆက်တွဲဆူနာမီကြောင့် အဆောက်အအုံတွေမျှောပါပြီး လျှပ်စစ်မီးရော ဂတ်စ်ရော ပြတ်တောက်ကုန်ပါမယ်။
အရမ်းအေးတဲ့ဆောင်းတွင်းမှာ ဒါသာဖြစ်လာခဲ့ရင်တော့၊ ငလျင်ဘေးကလွတ်ရင်တောင်မှ ဆူနာမီမှာအသက်ဆုံးရှုံးနိုင်ပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ငလျင်မှာလည်း တိုက်ခိုက်မှုကြီးဖြစ်ခဲ့ပေမဲ့၊ ထိုပျက်စီးဆုံးရှုံးမှုက ၁၀ ဆကျော်မှာကိုစဉ်းစားကြည့်ရင်၊ တကယ့်ကို ကပ်ကြီးဆိုက်မယ့်သဘောပါ။
အထူးသဖြင့် ဟော့ကိုင်းဒိုး ကပိုပြင်းထန်မယ့်ပုံမှာရှိပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်းအဲ့ဒီလိုပါပဲ။ ဒါပေမဲ့ ပျက်စီးမှုအများစုက ကမ်းရိုးတန်းတစ်လျှောက်မှာ ရှိနေမယ်။

ဒါဆိုကမ်းရိုးတန်းတစ်လျှောက် လူတွေကိုပြောင်းရွေ့ခိုင်းထားရင်ကောင်းမယ် လို့တွေးသူလည်းရှိနိုင်ပေမဲ့၊ တကယ်တမ်း ကမ်းရိုးတန်းတစ်လျှောက်မှာ နေထိုင်လာခဲ့တဲ့သူတွေက တောင်တွေရှိတဲ့ဒေသကိုရောက်သွားရင် ဘာလုပ်ကိုင်စားသောက်ကြမလဲ? ဆိုတဲ့ပြဿနာကလည်း ရှိလာပြန်ပါတယ်။
အလွယ်တကူဖြေရှင်းနိုင်တဲ့အရာတော့မဟုတ်ပါဘူး။

အစိုးရရဲ့ ဒီကြေငြာချက်ထုတ်ပြန်ရတဲ့ရည်ရွယ်က၊ အစိုးရဟာ အမှန်တကယ် ထိထိရောက်ရောက်ကာကွယ်စီမံမှုတွေလုပ်သွားမယ့် ဆုံးဖြတ်ချက်ကို ချပြခြင်းနဲ့အတူပဲ ပြည်သူလူထုဘက်ကလည်း မိမိတို့တတ်နိုင်တဲ့ဘက်က သေသေချာချာပြင်ဆင်ထားစေချင်ကြောင်းကို ပြောတဲ့သတင်းစကားဖြစ်ပါတယ်။

ငလျင်လှုပ်ခပ်လာပြီဆိုရင် ဆူနာမီသတိပေးချက်ကို ကရုစိုက်ပါ။
ဆူနာမီသတိပေးချက်ထွက်ပြီဆိုတာနဲ့ ညွှန်ကြားထားတဲ့ ခိုလှုံရမယ့်နေရာကိုရွေ့ပြောင်းပါ။
အအေးဒဏ်ကိုကာကွယ်မယ့်ပစ္စည်းများ၊ အစားအသောက်နဲ့ ရေကိုမဖြစ်မနေ အိမ်တိုင်းစေ့သိုလှောင်ထားပါ။
လျှပ်စစ်မီးပြတ်တောက်နိုင်ချေကိုစဉ်းစားပြီး၊ generator နဲ့ ဘတ်ထရီကြီးတွေကို ပြင်ဆင်ထားပါ။

အစိုးရရဲ့ အားထုတ်မှုတစ်ခုတည်းနဲ့ လူအားလုံးရဲ့အသက်ကို မကယ်တင်နိုင်ပါဘူး။
လူတစ်ဦးချင်းစီက အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။

ဂျပန်မှာ အထူးသဖြင့်လက်ရှိ ကမ်းရိုးတန်းမှာနေထိုင်နေသူများ ပြင်ဆင်ထားဖို့ နှိုးဆော်လိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: