လူတွေကိုမေးရခက်တဲ့ အသုဘညစောင့်ခြင်း အပြုအမူ။ သတိ! ဒါတွေကို လုပ်လို့မရပါ။
“お通夜”Otsuya ဆိုတဲ့ထုံးတမ်းစဉ်လာကို သိကြပါသလား?
ဂျပန်မှာလူတစ်ဦးသေဆုံးသွားတဲ့အခါ၊ ပထမဆုံးဈာပနအခမ်းအနားကိုကျင်းပဖို့က အဆင့်များစွာရှိပါတယ်။
သေဆုံးတဲ့နေ့မှာ ဆွေမျိုးများ၊ မိတ်ဆွေများနဲ့ သူငယ်ချင်းတွေကို အသိပေးပြီး နောက်တစ်နေ့မှာကျင်းပတာကတော့ “お通夜” ပဲဖြစ်ပါတယ်။ အလောင်းကိုတော့ မီးမသင်္ဂြိုလ်သေးပါဘူး။
ဥပဒေအရ သေဆုံးသွားတဲ့အချိန်ကနေ ၂၄ နာရီကိုကျော်သွားမှပဲ မီးသင်္ဂြိုလ်ခွင့်ရှိပါတယ်။ နောက်ပြီး အသုဘအခမ်းအနားအတွက် အဆင်သင့်မဖြစ်သေးခင်မှာ ကျင်းပတာကတော့ ဟောဒီ お通夜 Otsuya ပဲဖြစ်ပါတယ်။
နောက်တစ်နေ့ကနေစပြီးကျင်းပတဲ့ ဈာပနာနဲ့ နှုတ်ဆက်ပွဲအခမ်းအနားနဲ့ယှဉ်ရင်တော့ သိပ်ပြီးခမ်းခမ်းနားနားမရှိလှပေမဲ့၊ အထူးတလည်မြန်မြန်ဆန်ဆန်နဲ့အသိပေးရမယ့်လူတွေကိုသာ သေဆုံးကြောင်းအကြောင်းကြားတာကြောင့်၊ အကယ်၍သင်ဟာလည်း အကြောင်းကြားခံရမယ်ဆို သင်ဟာသေဆုံးသူနဲ့ တကယ့်ကိုနက်ရှိုင်းတဲ့ပတ်သက်မှုရှိနေလို့ပါပဲ။
အဲ့ဒီလိုအသိမိတ်ဆွေရဲ့ ရုတ်တရက်အကြောင်းကြားမှုမှာ ပျာယာခက်ပြီး အမှားတွေမလုပ်မိဖို့ အင်မတန်အရေးကြီးပါတယ်။
၁။ အဝတ်အစား
အခြေခံအားဖြင့်၊ အသုဘအခမ်းအနားမှာ 喪服(もふく-မိုဖုခု)လို့ခေါ်တဲ့ အနက်ရောင်ဝတ်စုံကိုဝတ်ရပါတယ်။ necktie လည်းအနက်ရောင်ပါ။ စကားအားဖြင့်ပဲမဟုတ်၊ အဝတ်အစားအားဖြင့်လည်း သေဆုံးသူအပေါ် ဝမ်းနည်းကြောင်းကို ဖော်ပြရပါတယ်။ ဒါပေမဲ့ お通夜 ကတော့ရုတ်တရက်အကြောင်းကြားတာမျိုးဖြစ်လို့ 喪服 ဝတ်ဖို့အချိန်မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။
အဲ့ဒီလိုအခြေအနေမှာ၊ ရိုင်းပျတဲ့အဝတ်အစားမျိုးမဟုတ်ရင်တော့ ပြဿနာမရှိပါဘူး။
အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တတ်နိုင်သလောက် အမှောင်ဘက်သွားတဲ့ရောင် suit ကို ရွေးဝတ်ပေးပါ။ အနက်ရောင် necktie ကို ဘူတာက kiosk ဆိုင်တွေနဲ့ convenience store တွေမှာ ရောင်းတတ်တာကြောင့် အဲ့ဒီကနေဝယ်ပါ။
အရင်ဆုံး မြန်မြန်ဆန်ဆန်နဲ့ နောက်ဆုံးနှုတ်ဆက်စကားပြောဆိုခြင်းဟာ အရေးကြီးဆုံးကိစ္စဖြစ်ပါတယ်။
အဲ့ဒါနဲ့အတူ တောက်တောက်ပြောင်ပြောင်ရှိတဲ့ လက်ဝတ်လက်စားတွေကိုလည်း ချွတ်ထားဖို့လိုအပ်ပါတယ်။
၂။ 香典(こうでん)နာရေးအလှူငွေ ပြင်ဆင်မှု
香典袋 နာရေးစာအိတ်ထဲမှာထည့်ပါမယ်။ ဒါကိုလည်း convenience store မှာရောင်းတဲ့အတွက် စိတ်ပူစရာမလိုပါဘူး။
အမျိုးအစားအမျိုးမျိုးရှိပေမဲ့၊ ပုံမှန်အားဖြင့်တော့ “御霊前(ごれいぜん)” လို့ရေးထားတဲ့စာအိတ်ကို အသုံးပြုကြပါတယ်။
Jōdo Shinshū (浄土真宗) ဂိုဏ်းကဆိုရင်တော့ “ご仏前” လို့ရေးထားတဲ့ စာအိတ်ကိုဝယ်ရမှာဖြစ်ပါတယ်။
ဒီအပြင်အခြားသော Shinto တို့၊ ခရစ်ယာန်ဘာသာတို့ ကြားမှာလည်းကွဲပြားမှုရှိတာကြောင့်၊ ဒါကိုတော့ အခြေအနေနဲ့လိုက်ပြီး ဂျပန်လူမျိုးကိုမေးကြည့်ပါ။
နောက်ပြီးရင်တော့ စာအိတ်ရဲ့အောက်ဘက်မှာ နာမည်ကိုရေးပါ။
ခန်းဂျိနာမည်မဟုတ်ဘူးဆို ဒေါင်လိုက်ရေးသားရမှာအခက်အခဲရှိလို့၊ အလျားလိုက်ရေးမယ်ဆို အဆင်ပြေမယ်လို့ထင်ပါတယ်။
အထဲမှာထည့်ရမယ့်ငွေပမာဏအဖြစ် 4 နဲ့ 9 ဟာ နိမိတ်မကောင်းတဲ့ဂဏန်းဖြစ်လို့ ရှောင်ရပါမယ်။
ယန်း ၅၀၀၀ ကနေ ယန်း ၁၀၀၀၀ ဆိုအဆင်ပြေပါတယ်။
၃။ ဈာပနာအခမ်းအနားမှာ နှုတ်ဆက်ပုံ
ဒါကတော့ စာတွေ့ထက် အခမ်းအနားမှာလက်တွေ့သင်ယူတာက ပိုပြီးသေချာပါတယ်။
နာရေးအလှူငွေလက်ခံတဲ့နေရာမှာ စာအိတ်ကိုပေးပြီးတဲ့အခါ အမွှေးတိုင်မီးရှို့တာကိုလုပ်ပါတယ်။ အဲ့ဒီနေရာမှာတော့ အခြားသူတွေလုပ်ပုံလုပ်နည်းအတိုင်း လိုက်လုပ်ပါ။
နိုင်ငံခြားသားဖြစ်လို့ မသိဘူးဆိုရင်တောင်မှာ ခက်ခဲတာမျိုးသိပ်မရှိပါဘူး။
ကောင်တာမှာထိုင်နေသူကို မေးကြည့်မယ်ဆိုလည်း ရပါတယ်။
၄။ အချိန်မကြာပါစေနဲ့
お通夜 ညမှာတော့ Sandwiches လိုရိုးရှင်းတဲ့အစားအစာနဲ့ အရက်ကို ဧည့်ခံကျွေးမွေးပါတယ်။
အရက်ကိုအလွန်ကျွံမသောက်ဘဲ အနည်းအကျဉ်းသာသောက်သင့်ပါတယ်။ အကယ်၍ ကားမောင်ပြန်ရမှာမဟုတ်ဘူးဆိုရင်တော့ မိမိသဘောပါ… ဒါပေမဲ့လည်းပေါ့…
အသိအကျွမ်းတွေလည်းရှိပြီး၊ သေဆုံးသူရဲ့အကြောင်း စကားစမြည်ပြောမယ်ဆိုလည်း အဆင်ပြေပါတယ်။
ဒါပေမဲ့ သတိထားရမယ့်အချက်က သေဆုံးတဲ့အကြောင်းရင်းမဟုတ်ဘဲ၊ အမှတ်ရစရာတွေကိုသာ ပြောရမှာဖြစ်ပါတယ်။
ပြီးတော့ သိပ်မကြာပါစေနဲ့။ မိနစ် ၃၀ လောက်ဆိုရင် ပြန်ဖို့လုပ်ပါ။
ဆန့်ကျင်ဘက်ကတော့ တကူးတကအကြောင်းကြားခံရတာတောင် နှုတ်မဆက်ဘဲပြန်မယ်ဆိုရင် ရိုင်းပျသလိုဖြစ်သွားပါတယ်။
ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး အသေးစိပ်အချက်အလက်တွေဟာ ဘာသာရေးနဲ့ဂိုဏ်းဂနအမျိုးမျိုးမှာ မတူကြလို့၊ အားလုံးကိုတော့ ရေးလို့ကုန်မှာမဟုတ်ပါဘူး။ အခြေအနေအချိန်အခါပေါ်လိုက်ပြီး၊ ဂျပန်လူမျိုး သူငယ်ချင်းဆီမှာ မေးကြည့်ဖို့အကြံပြုပါတယ်။
ဒါနဲ့ お通夜 ကိုစီစဉ်တဲ့ဘက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်ကို နောက်ဆုံးအဖြစ် မိတ်ဆက်ပေးပါမယ်။
ကျွန်တော်ကိုယ်တိုင် ကြုံလိုက်ရတဲ့ တကယ့်ဖြစ်ရပ်တစ်ခုပေါ့..
お通夜 ညမှာဆွေမျိုးတွေက သေဆုံးသူရဲ့ dead body ဘေးမှာနေကြပြီး၊ မအိပ်ဘဲ (သို့မဟုတ် အလှည့်ကျ) ဘေးမှာတောက်လျှောက်နေပေးကြပေမဲ့၊ ကျွန်တော့ဆွေမျိုးတွေကတော့ အတော်လေးရူးမိုက်လို့ ကိစ္စတစ်ခုကိုလုပ်လိုက်ကြတယ်။
သေဆုံးသူကတော့ အသက် ၉၀ နှစ်လောက်ရှိပါတယ်။
ဒီအသက်အရွယ်ထိ ကျန်းကျန်းမာမာနဲ့နေခဲ့ရတာကလည်း ကံကောင်းတယ်ပြောရမှာပေါ့။ ဝမ်းနည်းပေမဲ့၊ ဂုဏ်ပြုချင်တဲ့သဘောမျိုးလည်းနည်းနည်းပါလို့ ရွှင်လန်းတဲ့ပုံစံမျိုးဘက် အနည်းငယ်ရောက်သွားကြပါတယ်။
အဲ့ဒီသေဆုံးသူက Mahjong game ကိုအရမ်းကြိုက်တာ။ အလောင်းကိုမထားခင် စားပွဲမှာဝိုင်းထိုင်ကြပြီး၊ Mahjong game ကိုစဆော့ခဲ့ကြတယ်။
Mahjong game အကြောင်း နည်းနည်းရှင်းပြရရင်တော့၊ သူကမူရင်းတရုတ်နိုင်ငံရဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး၊ ဂျပန်ကိုရောက်လာတဲ့အခါ ဂိမ်းရဲ့စည်းကမ်းတွေကရှုပ်ထွေးလို့ လူကြီးတွေသာဆော့တဲ့ဂိမ်းဖြစ်သွားပါတယ်။
“ Mahjong ကိုအရမ်းကြိုက်ခဲ့တာပဲနော်”
လို့ပြောရင်း Mahjong ဆော့နေတုန်းမှာပဲ ရုတ်တရက်
ဒိန်း!!
ဆိုပြီး အလှဆင်ထားတဲ့ သေဆုံးသူရဲ့ဓါတ်ပုံက စားပွဲကိုဦးတည်ပြီး ပြုတ်ကျလာခဲ့တယ်။
အားလုံးလန့်ဖြန့်သွားခဲ့ပေမဲ့ ရယ်သံတစ်သံနဲ့အတူ “ ငါလည်းပါချင်လို့ပါကွာ” ဆိုပြီးကြားလိုက်ရတယ်…
ဓါတ်ပုံကိုကြည့်လိုက်တော့ နည်းနည်းပြုံးနေသလိုမြင်ရလို့ ပိုပြီးတောင်ကျောချမ်းသွားပါတယ်။
ကစားပွဲကို သေတဲ့လူတောင် ထရယ်တဲ့အဖြစ်ပေါ့နော်..
ဈာပနနဲ့ပတ်သက်ပြီး အသေးစိပ်ကိုတော့ ပြောပြခဲ့ပြီးပါပြီး။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကာယကံရှင်ကိုအကြောင်းစဉ်းစားခြင်းဖြစ်ပါတယ်။
ဒီအပြင် ပတ်ဝန်းကျင်ကလူကို အနှောက်အယှက်မဖြစ်စေဖို့ စည်းကမ်းတွေကိုလိုက်နာခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် သိပ်ပြီးစိတ်မလှုပ်ရှားပါနဲ့နော်…
Kengo Abe