လာမည့် ၂၀၂၂ ခုနှစ်၊ ကျားနှစ်အတွက် ကြီးမားတဲ့အနုပညာလက်ရာတစ်ခုကို Ibaraki ပန်းခြံတွင်တွေ့ရှိ

တရုတ်ရာသီခွင်အရ လာမည့် ၂၀၂၂ ခုနှစ်ဟာ ကျားနှစ်ဖြစ်ပါတယ်။
Ibaraki စီရင်စုရဲ့ Hitachinaka မြို့ရှိ ပန်းခြံတစ်ခုမှာတော့ ကျားနှစ်အတွက် အနုပညာလက်ရာကြီးတစ်ခုကိုတောင် ပြင်ဆင်ပြီးသွားပါပြီး။
ပုံမှာမြင်တွေ့ရတဲ့ကျားပုံကတော့ ထင်းရှူးပင်ရဲ့အခက်များ၊ ထင်းရှူးသီးများ ဒီအပြင်အခြားသော သဘာဝပစ္စည်းများကိုအသုံးပြုပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကြီးဖြစ်ပါတယ်။

https://www.asahi.com/ajw/articles/14506985

Hitachi Seaside Park ဟာ ကျားနှစ်အတွက် အနုပညာလက်ရာကို ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး၊ အရွယ်အစားမှာ ၂၂ မီတာနဲ့ ၃၀ မီတာရှိပါတယ်။ ကျားရဲ့အမွေးအမျှင်ကိုတော့ Kochia (Bassia scoparia)အပင်ခြောက်နဲ့ ပုံဖော်ထားပါတယ်။

ကျားပုံသဏ္ဍာန်ကို ကောင်းကောင်းမြင်တွေ့ဖို့အတွက် ပန်းခြံထဲက တစ်ပတ်ပြည့်ဖို့ ၁၅ မိနစ်အချိန်ပေးရတဲ့ Ferris wheel ရဲ့အပေါ်စီးကနေကြည့်မယ်ဆို အကောင်းဆုံးပါ။
ဒီကျားပုံကိုတော့ လာမည့်နှစ် ဇန်နဝါရီ ၁၀ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။ ဒီပန်းခြံက ၃ ရက်ပိတ်မယ်လို့သိရပါတယ်။ အဲ့ဒါကတော့ ဒီဇင်ဘာ ၂၁၊ ဒီဇင်ဘာ ၃၁ နဲ့ ဇန်နဝါရီ ၁ ရက်နေ့တို့ပဲဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: