အမေရိကန်တွေတောင် ဆွံ့အသွားကြတဲ့ အဲဒိုခေတ်အများသုံးရေချိုးကန်ရဲ့ သရုပ်မှန်

အများသုံးရေချိုးနေရာနဲ့ ရေပူစမ်း
ကိုယ်မသိတဲ့တစိမ်းတွေနဲ့အတူ ရေချိုးကန်ထဲ အတူတူကိုယ်လုံးတီးရေစိမ်ကြတယ်။
ဂျပန်လူမျိုးတွေ ရူးနေတာများလား? ဆိုပြီး ဒီဘက်ခေတ်မှာတောင် အဲ့ဒီလိုတွေးတဲ့လူတွေရှိမယ်လို့ထင်တယ်။


ဒါပေမဲ့ နေသားကျသွားရင်တော့ ဘယ်လောက်ကောင်းလဲဆိုတာကို သိသွားကြပါတယ်။
ဒီလိုအကြောင်းအရာကို ဒီတစ်ခေါက်တော့ပြောပြသွားပါမယ်။
ဆာမူရိုင်းခေတ်ရဲ့ ဆိုးရွားလှတဲ့အများသုံးရေချိုးကန် အကြောင်းပါ။
ဂျပန်ကို တိုင်းပြည်ဖွင့်လှစ်ဖို့ တွန်းအားပေးခဲ့တဲ့ အမေရိကန်လူမျိုးတွေ ဒါကိုမြင်သွားပြီးတော့ ဂျပန်လူမျိုးတွေ ဦးနှောက်မှကောင်းရဲ့လား? ဆိုပြီး အံ့သြမှိန်သက်သွားခဲ့ကြတယ်။
အဲ့ဒါကလည်း ဖြစ်သင့်တယ်၊ အဲ့ဒီအချိန်အများသုံးရေချိုးကန်ဆိုတာ ဒီနေ့ခေတ်ဂျပန်လူမျိုးတွေတောင် အံ့သြသွားရမယ့်စနစ်ဖြစ်ခဲ့လို့ပါ။

အဲ့ဒီအချိန်ကတိုကျို(အဲဒို)ဟာ လူဦးရေ ၁ သန်းရှိတဲ့မြို့အဖြစ် ကမ္ဘာ့အကြီးဆုံးမြို့ဖြစ်နေခဲ့ပါတယ်။
ကျဉ်းမြောင်းတဲ့မြေနေရာမှာ လူအများကြီးနေထိုင်တဲ့အတွက်ကြောင့်၊ ဆင်းရဲတဲ့အိမ်တွေမှာ ရေချိုးကန်မရှိကြပါဘူး။
ဒီလိုအခြေအနေကြောင့် အများသုံးရေချိုးကန်ဆိုတာပေါ်လာခဲ့ပေမဲ့၊ ပြဿနာက အမျိုးသားအမျိုးသမီးခွဲခြားခြင်းမရှိဘဲ အတူဝင်ချိုးရတဲ့ပုံစံဖြစ်နေတယ်။
ဒါပေမဲ့ အမျိုးသားတွေက “ふんどし-ဖွန်ဒိုရှိ” လို့ခေါ်တဲ့ ဂျပန်စတိုင်အတွင်းခံကိုဝတ်ပြီး၊ အမျိုးသမီးတွေလည်း 湯文字(ゆもじ)-ယူမိုဂျိ လို့ခေါ်တဲ့ ရေချိုးကန်သုံးအတွင်းခံကို ခါးမှာပတ်ခဲ့ကြပါတယ်။
ဒါကြောင့် အခြေအနေကတော့ ဒီလိုမျိုးပါ။

မိန်းကလေးတွေရဲ့ ရင်ဘက်ကလုံးဝမြင်နေရတယ်။
စုံတွဲတွေ ရေချိုးကန်မှာလာဒိတ်ကြတာမျိုးတောင် ရှိခဲ့ပါတယ်။
ဒီလိုအချက်တွေနဲ့တင် ဂျပန်လူမျိုးကတော့ ရူးနေတာပဲ

အဲ့ဒီအချိန်ကာလကအဲဒိုဟာ နယ်ကနေတက်လာပြီး အလုပ်လာလုပ်ကြသူတွေများသလို၊ အများစုကယောက်ျားတွေချည်းပဲဖြစ်နေတာကြောင့် အမျိုးသားအမျိုးသမီးအချိုးဟာ ထူးဆန်းနေခဲ့တယ်။
အမျိုးသမီး ၁ ဦးဆို အမျိုးသား ၁.၈ ဦး။
အမျိုးသားတွေကပဲ ပိုပြီးများနေလို့ ဘယ်လောက်တောင် အထီးကျန်စရာကောင်းနေမလဲဆိုတာကို စာဖတ်ပရိသတ်တို့လည်း ခံစားမိမယ်လို့ထင်တယ်။
အဲ့ဒီလိုအထဲမှာမှ ဒီလိုCrazyဖြစ်တဲ့ ရောနှောတဲ့ရေချိုးကန်။
ကမောက်ကမတွေ ပိုဖြစ်လာတာလည်း ဆန်းတော့မဆန်းပါဘူး။

ကိုယ်ထိလက်ရောက်စောင်ကားခြင်းများနဲ့၊ ပြည့်တန်ဆာများလည်း ပေါ်ပေါက်လာတယ်။
ဒီအပြင် ရာဂရမ္မက်ရဲ့နှိုးကြွမှုကိုရပ်တန့်လို့မရဘဲ၊ အားလုံးကဝိုင်းကြည့်နေကြတဲ့ရှေ့မှာ ပေါ်တင်ပဲ ကျူးလွန်ကြတဲ့လူတွေအထိ ရှိခဲ့ပါတယ်။
အဲ့ဒီနေရာမှာ နောက်ထပ်ရောက်လာတာက 湯女(ゆおんな)- ယူအွန်န လို့ခေါ်တဲ့ ပြည့်တန်ဆာတွေပါပဲ။
ရှင်းရှင်းပြောရရင် ဧည့်သည်ကိုရေချိုးပေးတဲ့အလုပ်ပါပဲ ဒါပေမဲ့ အားလုံးရဲ့ရှေ့မှာ လုပ်ရပ်တွေကတစ်ဖြည်းဖြည်း ပြည့်တန်ဆာဆန်လာခဲ့တယ်။

မဟုတ်သေးဘူး တကယ့်ကို ရူးနေကြတာပါ။

ဒါကြီးကတော့ ဆိုးလွန်းတယ်လို့တောင်တွေးမိသွားတဲ့ အဲ့ဒီအချိန်ကအစိုးရ အဲဒို Shogunate ဟာ အများသုံးရေချိုးကန်ကိုတားမြစ်ဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ဧည့်သည်များရဲ့ဝေဖန်သံများဟာ ထွက်လာခဲ့တယ်။
အဝင်ပေါက်လေးပဲ အမျိုးသားအမျိုးသမီးခွဲပြီး အထဲမှာအတူတူနေနိုင်တဲ့ဆိုင်မျိုးလည်း အများကြီးရှိခဲ့ပါတယ်။

အပြစ်ပေးတာမျိုးတွေလုပ်လည်း ဒီပုံစံအတိုင်းပါပဲ မပြောင်းလဲသွားပါဘူး။
နောက်ပြီး အမျိုးသားအမျိုးသမီးအတူတူ ရေချိုးနိုင်ဖို့ကိုလည်း တောင်းဆိုခဲ့ကြသေးတယ်တဲ့

အခုတော့ဒီလိုရေချိုးကန်တွေမရှိတော့ပေမဲ့၊ ဂျပန်ဟာ အတော်လေးမိုက်တဲ့ခေတ်ကာလတော့ ရှိခဲ့တာပဲနော်
တကယ့်ကို Crazy ပါ…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: