Theme Park လား Love Hotel လား? ဂျပန်နိုင်ငံရဲ့ အသွင်အပြင်တစ်မျိုးဆန်းတဲ့ Love Hotel များ

ဂျပန်နိုင်ငံရဲ့ ထူးခြားတဲ့ယဥ်ကျေးမှုထဲမှာ Love Hotel တွေလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
နေရာကျဉ်းကျဉ်းလေးမှာ အမျိုးသား၊ အမျိုးသမီး ချစ်ကြည်နူးကြဖို့ ပြုလုပ်ပေးတဲ့နေရာဖြစ်ပေမယ့် ဂျပန်တို့ရဲ့ ထုံးစံအရ ပိုပိုပြီးချစ်စရာကောင်းတဲ့ အသွင်အပြင်ဖြစ်အောင် ပြုပြင်ထားတဲ့နေရာလည်းရှိနေပါတယ်။
ရေချိုးကန်အကြီးကြီး၊ အိပ်ရာကျယ်၊ ကာရာအိုကေ၊ အခန်းဝန်ဆောင်မှုစတာတွေ ရှိတဲ့အတွက် အခုတစ်လောမှာဆိုရင် အမျိုးသမီးတွေချည်းပဲ တွေ့ဆုံပွဲကျင်းပပြီး သောက်စားနိုင်တဲ့နေရာအဖြစ် အသုံးပြုနေကြတယ်လို့ဆိုပါတယ်။
အရင်တုန်းကတော့ အများအမြင်မှာ တစ်မျိုးထင်ရနိုင်တဲ့ Love Hotel က အခုမှာတော့ အတော့ကို ချစ်စရာကောင်းတဲ့အသွင်အပြင်ရှိလာပါတယ်။
ပုံကို ကြည့်ကြည့်ပါ။

https://j-town.net/2021/12/10329421.html?p=1

ရှိဘုယရဲ့ ဒိုးဂန်းဇခအတက်လေးမှာရှိတဲ့ Love Hotel လမ်းကြား၊ မယုယမချောမှာ ထွက်ပေါ်လာတဲ့ သကြားလုံးနန်းတော်ပုံစံရှိတဲ့အဆောက်အအုံက Sweets Hotel Ruby လို့ ခေါ်တဲ့ Love Hotel ဖြစ်ပါတယ်။
သူ့မျက်နှာချင်းဆိုင်မှာတော့ အညိုရောင်ရှိတဲ့ Chocolat အမည်ရှိ Love Hotel ရှိပါတယ်။

ဓာတ်ကြိုးတွေသာမရှိရင် Theme park လို့တောင်ထင်ချင်စရာရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ ဒီထူးခြားတဲ့ဟိုတယ်တွေရဲ့ အတွင်းပိုင်းအပြင်အဆင်ကို ကြည့်ကြည့်ရအောင်။
Sweets Hotel Ruby အဆောက်အအုံတစ်ခုလုံးမှာ ချိုမွှေးတဲ့အနံ့ဖုံးလွှမ်းနေပြီး အခန်းအတွင်းပိုင်းကတော့ ဒီလိုပုံစံရှိပါတယ်။

နံရံမှာ အလှဆင်ထားတာက ဂုံးကောင်မဟုတ်ပါဘူး။ Madeleine မုန့်ဖြစ်ပါတယ်။
ဒါ့အပြင် ကိတ်တွေနဲ့ ဒိုးနတ်တွေပါရှိပါသေးတယ်။
ငါးကန်ထဲမှာဆိုရင်လည်း လက်ဖက်ရည်ခွက်နဲ့ Macaroon မုန့်ပုံစံတွေကြားထဲကို ငါးအစစ်တွေ ကူးခတ်နေတာမြင်နိုင်ပါတယ်။

အိပ်ရာဘေးမှာတော့ ဒီလိုဟမ်ဘာကြီးတစ်ခုရှိနေပါတယ်။

ဒါကို ဖွင့်လိုက်ရင် ဖုန်းဖြစ်သွားမှာဖြစ်ပြီး ကောင်တာကို ဖုန်းခေါ်နိုင်ပါတယ်။
ဒီလိုပုံစံဖြစ်ပါတယ်။

ဟမ်ဘာဂါကို ကိုင်ပြီး ဖုန်းပြောနေတဲ့ကိုယ့်ပုံကို တွေးကြည့်ရင်တော့ ရီမိမယ်ထင်တယ်နော်။
ဒါပေမယ့် ဘာလို့ ဟမ်ဘာဂါလဲနော်? ဟမ်ဘာဂါက အချိုပွဲအမျိုးအစားထဲမှာ ပါလို့လား?

ဟိုတယ်မျက်နှာချင်းဆိုင်မှာရှိတဲ့ Chocolat ဟိုတယ်ဆီကိုလည်း သွားကြည့်ရအောင်။

ဟိုတယ် နာမည်အတိုင်းပဲ ချောကလက်ပုံစံရှိတဲ့ ဟိုတယ်ဖြစ်ပြီး အဆောက်အအုံအတွင်းမှာလည်း ချောကလက်နံ့ရပါတယ်။

ဝင်ပေါက်က Charlie and the Chocolate Factory ရုပ်ရှင်ထဲက ပုံစံနဲ့တူပါတယ်။
ခုနက Ruby ဟိုတယ်နဲ့ ယှဥ်ကြည့်မယ်ဆိုရင် ဒီဘက်က နည်းနည်းလူကြီးပိုဆန်ပါတယ်။

အခန်းတွင်းပိုင်းက ဒီလိုပုံစံရှိပါတယ်။

နံရံတွေမှာ ပေါင်မုန့်တွေကပ်ထားတော့ တော်ရုံဗိုက်မဆာတတ်တဲ့သူတောင် ဗိုက်ဆာလာမယ်ထင်ပါတယ်။

ဗိုက်ဆာတတ်တဲ့သူတွေအတွက်လည်း ပထမထပ်မှာ မုန့်နဲ့ သစ်သီးခြောက်တွေထားရှိထားပြီး တည်းခိုသူက ကြိုက်သလို ယူစားနိုင်ပါတယ်။

အတွင်းပိုင်းအပြင်အဆင်က အတော်လှလို့ ဓာတ်ပုံသွားရိုက်ချင်စရာနေရာတောင် ဖြစ်လို့နေပါတယ်။
ယောကျာ်းလေးနဲ့မသွားရင်တောင် မိန်းကလေးတွေချည်း Date လုပ်နိုင်တဲ့အတွက်လည်း တစ်မျိုးပျော်စရာကောင်းမယ်ထင်ပါတယ်။

ဒီလိုချစ်စရာကောင်းတဲ့ဟိုတယ်လေးတွေ နိုင်ငံခြားမှာလည်း ရေပန်းစားရင် မိုက်မှာပဲနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: