မိဘအတွက် ကလဲ့စားချေခဲ့တဲ့ ညီအစ်မလေးနှစ်ယောက်။ Demon Slayer ထဲက Shinobu Hashira ရဲ့ မူရင်းဇာတ်လမ်း ဖြစ်နိုင်မလား?

Demon Slayer အနီမေးရှင်းဟာ ကမ္ဘာတစ်ဝှမ်းအလွန်နာမည်ကြီးပါတယ်။
အဓိကဇာတ်ကောင်တွေထဲမှာတောင် အတော်နာမည်ကြီးတဲ့ ဒီမိန်းကလေး Shinobu Kochou ကိုသိပါသလား?

https://times.abema.tv/articles/-/8659259

အနီမေးရှင်းထဲမှာတော့ သူမရဲ့မိဘနှစ်ပါးနဲ့အမဟာ နတ်ဆိုးရဲ့သတ်ဖြတ်ခြင်းကိုခံရပြီး လက်စားချေဖို့အတွက်အသက်ရှင်နေတယ်။
ဒီအကြောင်းအရာနဲ့ အလွန်ဆင်တဲ့ဇာတ်လမ်းတစ်ပုဒ် Miyagi စီရင်စုမှာ ရှိပါတယ်။

Miyagino နှင့် Shinobu ညီအစ်မနှစ်ယောက်ရဲ့ ကလဲ့စား

ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။

ကျေးလက်တောရွာမှာနေထိုင်ပြီး ဆင်းရဲတဲ့လယ်သမားမိသားစုကနေ မွေးဖွားလာခဲ့တဲ့ ညီအစ်မချောလေးနှစ်ယောက်က အဓိကဇာတ်လိုက်ပဲဖြစ်ပါတယ်။
အမဖြစ်သူရဲ့နာမည်က Miyagino ဖြစ်ပြီး၊ ညီမဖြစ်သူက Shinobu လို့ခေါ်ပါတယ်။
မိခင်ဖြစ်သူဟာ မကျန်းမာအတဲ့အတွက် အိပ်ယာထဲမှာသာလဲနေရပါတယ်။ ဒီမိသားစု ၄ ယောက်ဟာ ဆင်းရဲသော်လည်း ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ကြပါတယ်။

တစ်နေ့မှာတော့ အဖေနဲ့ညီအစ်မနှစ်ယောက်ဟာ လယ်ကွက်ထဲမှာမြက်နုတ်နေတဲ့အချိန်
မကြုံစဖူးဖြတ်သွားတဲ့ ဓါးသိုင်းဆရာ Tanabe Shima ရဲ့ စကတ်(ဆာမူရိုင်းဘောင်းဘီအစားဝတ်သောအရာ)မှာ ရွံ့စင်သွားခဲ့တယ်။
Tanabe တစ်ယောက်အရမ်းစိတ်ဆိုးသွားပါတော့တယ်။
အဖေဖြစ်သူနဲ့ သမီး ၂ ယောက်ဟာ ချက်ချင်းပဲမြေကြီးကိုဦးတိုက်ပြီး အတိုးအရှိုးတောင်းပန်ပေမဲ့၊ အဖေဖြစ်သူဟာထိုနေရာမှာပဲ ဓါးနဲ့အခုတ်သတ်ခံလိုက်ရပါတယ်။
အသက် ၁၁ နှစ်နဲ့ အသက် ၈ နှစ်သာရှိသေးတဲ့ သမီးတွေဟာ အသက်မဲ့နေတဲ့အဖေ့အလောင်းဘေးကနေ ချုံးပွဲချငိုနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါဘူး။

ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရတဲ့စိတ်နဲ့ နာမကျန်းဖြစ်တဲ့ဇနီးသည်ဟာလည်းဆုံးပါးသွားပြီး၊ လူမမယ်ညီအစ်မလေးနှစ်ယောက်ဟာ မိဘမဲ့ဖြစ်သွားရှာပါတော့တယ်။
မိဘ ၂ ပါးအသတ်ခံလိုက်ရတာကို နာကျည်းသွားတဲ့ညီအစ်မနှစ်ယောက်ဟာ၊ လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မယ့်တစ်ဖက်လူက ဆာမူရိုင်းဖြစ်နေတယ်။ သူတို့မှာတော့ လက်နက်တောင်မရှိသေးပါဘူး။
ဒါနဲ့ပဲညီအစ်မနှစ်ယောက်ဟာ၊ မိဘတွေနဲ့အတူနေခဲ့တဲ့အိမ်ကိုရောင်းလိုက်ပြီး ရလာတဲ့ပိုက်ဆံကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ၊ အဲဒိုမြို့ကဓါးသမား Yui Shosetsu ဆီသွားကြပါတယ်။
အစမှာတော့ လုံးဝငြင်းပယ်ခံရပေမဲ့၊ အကြိမ်ပေါင်းများစွာ တောင်းပန်သနားခံနေတာကိုမြင်ရပြီး၊ နောက်ဆုံးမှာတော့ Yui ကလက်ခံပေးလိုက်ပါတယ်။

၃ နှစ်ကြာအပြင်းအထန်လေ့ကျင့်ပြီး နောက်ဆုံးမှာ ကလဲ့စားချေဖို့အချိန်ကိုရောက်လာခဲ့ပါတယ်။

ဂျပန်မှာတော့ မိဘအသတ်ခံလိုက်ရတဲ့ကလေးဟာ လူသတ်သမားကိုပြန်တိုက်ခိုက်စိန်ခေါ်နိုင်တဲ့ ကလဲ့စားချေပွဲကိုတရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။ သို့သော်ဒါဟာ ဆာမူရိုင်းမိသားစုအတွက်သာ သီးသန့်ချမှတ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။

လယ်သမားမိသားစုကပေါက်ဖွားသလို သမီးမိန်းကလေးတွေလည်းဖြစ်နေတဲ့ ဒီ ၂ ယောက်ဟာ သွားဖို့မသင့်တော်ပါဘူး။
တစ်နည်းအားဖြင့် ရာဇဝတ်မှုကျူးလွန်သလိုဖြစ်သွားမှာပါ။ သို့သော် ဒီမိန်းကလေးတွေရဲ့စိတ်မှာ ရာဇဝတ်မှုကျူးလွန်ရပါစေ ကလဲ့စားချေခြင်တဲ့စိတ်က ကြီးစိုးနေပါတယ်။
စာရင်းသွင်းခံရတဲ့ပြိုင်ဘက်ဆာမူရိုင်း၊ Tanabe ဟာ လယ်သမားမိသားစုက မိန်းကလေး ၂ ယောက်ကိုသရော်ပြီး စိတ်ပေါ့ပေါ့ပဲ ထိုကလဲ့စားချေခြင်းကို လက်ခံလိုက်တယ်။
ကလဲ့စားချေတိုက်ခိုက်ရမယ့်နေရာက နတ်ကွန်းပရဝုဏ်ဖြစ်ပါတယ်။

ကောလဟလတွေကြားတဲ့လူတွေကလည်း တိုးဝှေ့ပြီးလာကြည့်ကြရင်း ရှေးခတ်အချက်ပေးပုံနဲ့ တိုက်ခိုက်မှုကိုအစပြုလိုက်တယ်။

အငယ်ဖြစ်တဲ့ Shinobu ဟာ Naginata လို့ခေါ်တဲ့ ဒုတ်ရှည်ပေါ်မှာဓါးမြောင်ကိုတွဲထားတဲ့လက်နက်ကို ကိုင်ထားပြီး Tanabe စူးစိုက်ကြည့်နေတယ်။
အကြီးဖြစ်တဲ့ Miyagino ဟာ Kusarigama ကိုကိုင်ပြီး အနီးကို တစ်ဟုန်ထိုးချည်းကပ်လာတယ်။
Kusarigama ဆိုတာ တံစဉ်နဲ့ သံဆူးလုံးကဲ့သို့အလေးချိန်ရှိတဲ့အရာကို သံကြိုးနဲ့တွဲထားတဲ့လက်နက်ဖြစ်ပြီး အလေးချိန်ရှိတဲ့ဘက်ကို ရန်သူထံပစ်ပြီး လက်မောင်းကိုမလှုပ်နိုင်အောင်ချုပ်မယ်၊ တံစဉ်ကတော့ ခုတ်မယ့်လက်နက်ဖြစ်ပါတယ်။
ဒီအလေးဘက်အခြမ်းဟာ Tanabe ရဲ့လက်မောင်းကိုချုပ်မိလိုက်တဲ့အချိန်တွင်းမှာပဲ Shinobu ဟာ Naginata ကိုကိုင်ပြီး Tanabe ဆီတစ်ဟုန်ထိုးပြေးဝင်လာကာ လက်မောင်းနှစ်ဖက်ကို ခုတ်ချလိုက်ပါတော့တယ်။

လယ်သမားရဲ့သမီးတွေဆိုပြီး အထင်သေးခဲ့တာကြောင့်ပဲလားတော့မသိ Tanabe ဟာထိုနေရာမှာတင် ခေါင်းဖြတ်ခံလိုက်ရပါတယ်။
ညီအစ်မနှစ်ယောက်ဟာ မိဘနှစ်ပါးအတွက် ချောချောမွေ့မွေ့ပဲ လက်စားချေခဲ့ပေမဲ့၊ ပြစ်မှုကြီးကိုကျူးလွန်လိုက်တာကြောင့်၊ လုပ်ရပ်ကိုတာဝန်ယူတဲ့အနေနဲ့ ထိုနေရာမှာ သတ်သေကြဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ထိုလက်စားချေခြင်းကို စောင့်ကြည့်နေခဲ့တဲ့လူအုပ်ကြီးရဲ့အကြံပေးချက်ကြောင့် မသတ်သေဖြစ်တော့ဘဲ အဲ့ဒီနောက်ပိုင်း ဆံပင်ရိတ်ကာဘုရားကျောင်းသို့သွားပြီး သေဆုံးတဲ့အထိ သာသနာ့ဘောင်ထဲသို့ဝင်သွားကြပါတော့တယ်။

နောက်တနဲ့ပြန့်ကျဲရင်း မိဘအတွက်ကလဲ့စားချေခြင်းကို ဂျပန်မှာတော့ ရှေးကတည်းက “ ကြီးမြတ်တဲ့ သားသမီးဝတ္တရား” လို့သတ်မှတ်ခဲ့ကြပါတယ်။
လယ်သမားမိသားစုဖြစ်တဲ့အပြင် မိန်းကလေးဖြစ်တဲ့ ဒီ ၂ ယောက်က ဆာမူရိုင်းကိုနိမ်နှင်းခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းက လူတွေကိုဆွဲဆောင်နိုင်ခဲ့ပြီး၊
浄瑠璃 Joruri နဲ့ 狂言Kyogen၊ Ukiyo-e စတဲ့ ဘာသာရပ်များလည်းထွက်လာပါတယ်။
ဒီအပြင် Aomori ကနေ Okinawa အထိ နေရာတော်တော်များများမှာ ဒီဇာတ်လမ်းကိုအခြေခံထားတဲ့သီချင်းဟာလည်း ပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်း ၄၀၀ ကျော်သွားတဲ့ယနေ့ခေတ်ထိတိုင် မပြောင်းမလဲဘဲ တန်ဖိုးထားခံရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲက Shinobu ဟာ၊ လိပ်ပြာ Hashira ဖြစ်တဲ့ Shinobu Kochou ရဲ့စံပုဂ္ဂိုလ်ဖြစ်မဖြစ်တော့မသေချာပေမဲ့၊ ဇာတ်လမ်းအကြောင်းအရာ ထပ်တူကျတာကတော့ အသေအချာပဲနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: