(ဆာကူရာ၊ စန္ဒပန်း၊ ထင်းရှူး၊ မေပယ်လ်ရွက်) တကယ်တော့ ဒါဟာ အသားနာမည်တွေဆိုတာကို သင်သိပါသလား?

ဂျပန်တွေစားကြတဲ့အသားလို့ပြောရင် ကမ္ဘာကျော်အမဲသားနဲ့ ဂျပန်အမဲသားဆိုတာရှိပါတယ်။
ဂျပန်အမဲသားဟာ ပုံမှန်မဟုတ်ဘူးလို့တောင်ထင်ရတဲ့ အရည်အသွေးထိန်းချုပ်မှုဖြင့် ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပါတယ်။

အသားကြားမှာအဆီမျှင်လေးတွေကနေရာယူထားပြီး၊ ပါးစပ်ထဲထည့်လိုက်ရင် အရည်ပျော်သွားလောက်အောင်နူးညံ့တယ်။ သူ့ရဲ့အဆီအရသာကလည်း အရမ်းကောင်းတယ်။ ဂျပန်မှာတော့ အခြားသောအသားအမျိုးမျိုးကိုလည်း စားကြပါတယ်။
ဒီနေ့ခေတ်မှာတော့ နွား၊ ဝက်၊ ကြက် ဒီ ၃ မျိုးကိုအခြေခံအဖြစ်စားကြပြီး၊ မြင်း၊ တောဝက်၊ သမင်၊ ဝက်ဝံ စတာတွေကိုတော့ အသားစားအဖြစ် စားကြပါတယ်။
နိုင်ငံရဲ့ပထဝီအနေအထားအရ တောင်တွေပေါတဲ့ဂျပန်မှာ သားရဲတွေကလူကိုတိုက်ခိုက်ကြသလို၊ စိုက်ပျိုးသီးနှံတွေကိုလာစားကြတယ်။ ဒီလိုတောရိုင်းကောင်တွေရဲ့တိုက်ခိုက်မှုကို အခန့်မသင့်ရင်ကြုံရပါတယ်။
သတ်လို့သေသွားတဲ့တောရိုင်းကောင်ကို စားကြတာကတော့ မတူတဲ့အသားစားပုံစံတစ်မျိုးပေါ့

အရင်ကဂျပန်ဟာ အသားစားတဲ့ယဉ်ကျေးမှုမရှိတဲ့နိုင်ငံဆိုပြီး ဂျပန်လူမျိုးတွေတောင်ထင်ကြတယ်။
ဒါပေမဲ့ တကယ်တော့ ဒီနေရာမှာ ကွာခြားမှုနည်းနည်းရှိနေပါတယ်။ ဂျပန်ဘာသာစကားမှာ အသားတွေကို အပင်နာမည်ပေးထားတဲ့ ယဉ်ကျေးမှုရှိတယ်ဆိုတာ အားလုံးရောသိကြပါသလား?

ဥပမာ
မြင်းသား桜 ဆာကူရာ
တောဝက်သား牡丹 (ဘိုတန်) “ စန္ဒပန်း”
ကြက်သား柏 (ခါရှိဝ) “ ထင်းရှူး”
သမင်သား紅葉 (မိုးမိဂျိ) “ မေပယ်လ်ရွက်”

ဆိုပြီးခေါ်ကြပါတယ်။ အပင်နာမည်တွေကိုအစားထိုးလိုက်တယ်။
ဘာကြောင့် ဒီလိုစကားလုံးတွေရှိနေရသလဲဆိုရရင် ဒါဟာအသားတွေကိုပေးထားတဲ့ ဗန်းစကားဖြစ်ပါတယ်။

ရှေးဂျပန်ခေတ်က အသားဟာမစားအပ်တဲ့အရာဆိုပြီး သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့၊ လုံးဝမစားခဲ့ကြတာလည်းမဟုတ်ပြန်ဘူး။
လူမသိသူမသိစားခဲ့ကြတာကြောင့် အသားနာမည်ကိုပြောဖို့ လျှို့ဝှက်စကားလုံးတွေသုံးခဲ့ကြပါတော့တယ်။

ငတ်ပြတ်တဲ့အချိန်ကလွဲရင်၊ တောရိုင်းကောင်သားစားခြင်းကို တားမြစ်ခဲ့ကြပါတယ်။ သို့သော် အေးချမ်းသာယာတဲ့ အဲဒိုခေတ်ကိုပြောင်းလာတဲ့အခါ ဇိမ်ခံမှုအမျိုးမျိုးကလည်း ထွက်ပေါ်လာတယ်။
တားမြစ်ထားတဲ့အသားမို့လို့ တရားဝင်စားလို့တော့မရပါဘူး။ ဒါပေမဲ့ အရသာကလည်းရှိနေလို့ ဆေးဖြစ်ဝါးဖြစ်လို့ပြောပြီး စစားခဲ့ကြတယ်။
အဲ့ဒီနေရာမှာအသုံးချလိုက်တာက ဟောဒီဗန်းစကားတွေပဲဖြစ်ပါတယ်။

အပင်တွေရဲ့နာမည်ပဲသုံးခဲ့ကြတာမဟုတ်ပါဘူး။ ဒီပန်းချီကိုကြည့်လိုက်ပါ။ အဲဒိုခေတ်သာမန်လူတွေသွားလာကြတဲ့ မြို့ရဲ့ပုံစံဖြစ်ပါတယ်။

http://www.worldfolksong.com/calendar/japan/meat-another-name.html

 

山くじら “ ယာမ ခုဂျိရ” ဆိုပြီးရေးထားတယ်။
くじら ခုဂျိရ ဆိုတာ ဝေလငါးပါ။ တစ်နည်းအားဖြင့် ပင်လယ်ပျော်သတ္တဝါကြီးပေါ့
အဲ့တော့ တောင်ပေါ်မှာရှိတဲ့ဝေလငါး ဆိုပြီးဖြစ်နေတယ်။ တကယ်တော့ဒါဟာ တောဝက်သားကို ပြောခြင်းပဲဖြစ်ပါတယ်။
တောဝက်သားလို့ရေးလိုက်ရင် ပြီးနေပြီမဟုတ်လား!ဆိုပြီးတွေးမိမယ်နော်။
ဒါပေမဲ့ တားမြစ်ချက်ကိုကျူးလွန်ချင်လို့ ဗန်းစကားသုံးလိုက်တာပါ။
အမယ် ဂျပန်တွေက ဘိုးဘေးဘီဘင်လက်ထက်ကတည်းက မကောင်းတဲ့ပရိယာယ်တွေ အတော်ကြွယ်ခဲ့တာပဲနော်

ဒါဆို ဗန်းစကားရှိတဲ့ အခြားသောအသားတွေကိုလည်း ကြည့်ကြည့်ရအောင်ဗျာ

 

桜肉 “ ဆာကူရာနိခု”

 

ဆာကူရာနိခု ဆိုတာ မြင်းသားကိုပြောခြင်းဖြစ်ပါတယ်။
မြင်းဆိုတာ စီးနိုင်တဲ့ယာဉ်တစ်ခုအဖြစ်သော်လည်းကောင်း အသုံးချနိုင်တဲ့ အရေးပါတဲ့တိရစ္ဆာန်ဖြစ်ပါတယ်။
အထူးသဖြင့် စစ်ပွဲအချိန်ကာလဖြစ်တဲ့ Sengoku ခေတ်တုန်းက၊ မြင်းစီးပြီးတိုက်ခိုက်ဖို့အတွက် မြင်းအရေအတွက်က စစ်တပ်ရဲ့အင်အားကိုအဆုံးအဖြတ်ပေးတဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့၊ မြင်းခြေထောက်ကျိုးသွားရင်တော့ ပြန်အသုံးချဖို့က ဖြစ်နိုင်ချေနည်းသွားပါတယ်။
ဒီလိုမြင်းတွေကို အသုံးမပြုတော့ဘဲ စားပစ်ရာကနေအစပြုခဲ့တယ်လို့ထင်ပါတယ်။

မြင်းသားကိုလှီးလိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ အနီရောင်အသားလိုင်းတွေဟာ ဆာကူရာပန်းရဲ့အရောင်နဲ့တူတဲ့အတွက် ဒီနာမည်ကိုပေးခဲ့ကြပါတယ်။
ဆာကူရာသားကို အိုးထဲထည့်တယ်၊ ဒါ့ကြောင့်လည်း “ ဆာကူရာနဘဲ” ဆိုတဲ့နာမည်ဟာ ယနေ့ခေတ်တိုင်ကျန်နေပါတယ်။

 

紅葉 (Momiji) “ မေပယ်လ်ရွက်”

 

သမင်တွေဟာ ချစ်စရာကောင်းပေမဲ့၊ လယ်ယာသီးနှံတွေကို ဖျက်ဆီးတဲ့အရိုင်းအစိုင်းကောင်အဖြစ် ဂျပန်မှာတော့နာမည်ကြီးပါတယ်။
ဒီအပြင် မေပယ်လ်ရွက်လေးတွေဆိုတာ အားလုံးသိကြတဲ့အတိုင်း၊ အပင်တွေကနေ လှပတဲ့ မေပယ်လ်ရွက်တွေကိုဖြစ်စေတယ်။
သက်ဆိုင်မှုတော့မရှိဘူး။ ဒါဖြင့် ဘာကြောင့်ဒီနာမည်ကိုပေးရသလဲဆိုရင်၊ “ ဟနဖုဒ” ဆိုတဲ့ ဂျပန်ကတ်ဂိမ်းတစ်ခုကနေ ဆင်းသက်လာပုံရပါတယ်။

“ ဟနဖုဒ” ကတ်ဂိမ်းမှာ ၁ လပိုင်းကနေ ၁၂ လပိုင်းအထိ ရာသီအလိုက် ရုပ်ပုံလေးတွေရှိပါတယ်။ ဒါပေမဲ့၊ ၁၀ လပိုင်းအတွက်တော့ ဒီရုပ်ပုံဖြစ်နေတယ်။ ဟုတ်ပါတယ်၊ သမင်နဲ့Momiji ပါ။
ဒီကနေစပြီး နာမည်တွင်သွားပြီး၊ သမင်သားထည့်ထားတဲ့အိုးကို၊ “ Momiji နဘဲ” ဆိုပြီးခေါ်ကြပါသတဲ့…

စကားမစပ် ဒီသမင်က တစ်ခြားဘက်ကိုမျက်နှာမူနေတယ်နော်။ အကြောင်းတစ်ခုခုကြောင့် လျစ်လျူရှုတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် ဒီကတ်ရဲ့ “ သမင်” နဲ့ “ ၁၀ လပိုင်း” ကနေ၊ လူတွေအားလျစ်လျူရှုခြင်းကို “しかと” ဆိုပြီးခေါ်လာကြပါတော့တယ်။ ၁၀ ကို “とう” ဆိုပြီးတော့လည်း ခေါ်ပါတယ်။
“シカトするなよ!” (လျစ်လျူရှုတဲ့ပုံမျိုးလာမလုပ်နဲ့) ဆိုပြီး၊ ဒီဘက်ခေတ်မှာလည်းသုံးကြပေမဲ့၊ ဒီစကားရဲ့အရင်းမြစ်က ဒီကနေဆင်းသက်လာပါတယ်ခင်ဗျာ…

牡丹(ぼたん)・山くじら စန္ဒပန်း/ တောင်ဝေလငါး

 

ဒါကတော့အစောပိုင်းမှာပြောပြခဲ့တဲ့အတိုင်း တောဝက်သားဖြစ်ပါတယ်။
နာမည်ရဲ့အရင်းအမြစ်ဟာ ဒီပန်းချီပါ….။

 

唐獅子牡丹 “ ခါရဂျိရှိဘိုတန်” ဆိုတဲ့ပန်းချီဖြစ်ပါတယ်။
獅子 “ ဂျိရှိ” (စိတ်ကူးယဉ်ခြင်္သေ့ကဲ့သို့ သတ္တဝါ) နဲ့ 牡丹 “ ဘိုတန်” စန္ဒပန်းလေးများကို အတူတွဲပြီးဆွဲထားတဲ့ပန်းချီဖြစ်ပါတယ်။
“ ဂျိရှိ” နဲ့ တောဝက် “ အိနိုရှိရှိ” ဆိုတာ ဘာမှမဆိုင်တဲ့သက်ရှိတွေဆိုပေမဲ့၊ နာမည်တော့ဆင်နေတာကြောင့်လို့ထင်ပါတယ်။
ဘိုတန်သားကိုအသုံးပြထားတဲ့ “ ဘိုတန်နဘဲ” ဆိုတာနာမည်ကြီးပဲ။
ယခင်ကခေါ်တဲ့ တောင်ဝေလငါး ဆိုတာကလည်း ဝေလငါးရဲ့အသားနဲ့ ဆင်လို့ဖြစ်ပါတယ်။
နောက်ပြီး ဝေလငါးဟာ ငါးမျိုးနွယ်ဝင်ဖြစ်လို့ အဲ့ဒီအချိန်ကတော့ စားခွင့်ပြုခဲ့ကြပါတယ်။

အခြားမှာလည်း ယုန်သားကို 月夜(げつよ) လို့ခေါ်ခဲ့ကြပါတယ်။
ယုန်ကိုစားဖို့မတားမြစ်ခဲ့ပေမဲ့၊ ဘုန်းကြီးတွေကတော့ စားခွင့်မရှိခဲ့ပါဘူး။
ဘုန်းကြီးတွေဟာ ယုန်သားစားချင်လာတဲ့အခါတော့ ဒီဗန်းစကားကိုအသုံးပြုခဲ့ကြပါတယ်။

လမျက်နှာပြင်ဟာ မီးတောင်ပေါက်ဝပုံစံမျိုးမြင်ရတယ်နော်
ဂျပန်မှာတော့အဲ့ဒီပုံစံကို “ လပေါ်မှာယုန်ဟာ Mochi ကိုထောင်းနေတယ်” လို့ပုံပြင်သဖွယ်ပြောကြတယ်။
ဒါကြောင့် ဒီနာမည်ဖြစ်ပေါ်လာပါတယ်။

ပြောင်းပြန်အားဖြင့် စားဖို့မတားမြစ်ခဲ့တဲ့ “ ဘဲ” နဲ့ “ တိုက်ကြက်” တွေမှာတော့ ဗန်းစကားမရှိခဲ့ပါဘူး။
ပုံမှန်ပဲဆိုင်းဘုတ်ပေါ်မှာ “ ခမိုနဘဲ”   ဘဲသား၊ ဆိုပြီးရေးခဲ့ကြတယ်။

နွားဟာ လယ်ယာလုပ်ငန်းကိုကူညီပေးတဲ့ အရမ်းကိုတန်ဖိုးရှိတဲ့သက်ရှိဖြစ်တာကြောင့်၊ များသောအားဖြင့် အမဲသားကိုတော့မစားခဲ့ကြပေမဲ့၊ အနောက်နိုင်ငံကနေ အသားစားယဉ်ကျေးမှုဝင်ရောက်လာပြီးနောက်ပိုင်းကစလို့ ဂျပန်တွေလည်း အမဲသားစားလာကြကာ တားမြစ်တဲ့အယူအဆလည်း ပျောက်ကွယ်ရင်းကနေ ဗန်းစကားတိုးတက်မှုလည်းရပ်တန့်သွားပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ အစားအသောက်ယဉ်ကျေးမှု အမျိုးမျိုးရှိပါတယ်။
ဒါဟာနိုင်ငံနဲ့အတူ ဖွံ့ဖြိုးတိုးတက်လာတဲ့ အရေးပါတဲ့ယဉ်ကျေးမှုလည်း ဖြစ်ပါတယ်။ သေချာပေါက် ဂျပန်ကိုစိတ်ဝင်စားတဲ့လူတိုင်းအတွက် ဗဟုသုတရစေချင်စိတ်နဲ့ ဒီဆောင်းပါးလေးကို ရေးပေးလိုက်ပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: