ထီပေါက်ငွေ၊ နှစ်စဉ် ယန်းသိန်း ၁၀သောင်းကျော်ဟာ လာထုတ်ယူခြင်းမခံရ!!!

အရမ်းအရမ်းအေးတဲ့ ဂျပန်ရဲ့ဆောင်းရာသီ။
ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကိုကြိုနိုင်ဖို့ နှစ်ကုန်ဘောနပ်စ်ဆိုတာမျိုးရှိပေမဲ့၊ ဒီနှစ်ကတော့ ကိုရိုနာရောဂါကြောင့် မမျှော်လင့်နိုင်တော့ပါဘူး။
ဒါဆို မြန်မြန်ဆန်ဆန်နဲ့ပိုက်ဆံအများကြီးရနိုင်မယ့်နည်းလမ်းကတော့
ဟုတ်ပါတယ် ထီပါ။
အထူးသဖြင့်ဒီအချိန်ကာလနှစ်ကုန် ဂျန်ဘိုထီက ပထမဆုနဲ့ ရှေ့နောက်ဆုများအပါအဝင် ယန်းသိန်း ၁သောင်းရှိပါတယ်။
နည်းနည်းတော့ ဈေးကြီးပေမဲ့၊ တစ်သက်လုံးအဆင်ပြေသွားမှာမို့လို့၊ ဘာပဲဖြစ်ဖြစ်တော့ ရည်ရွယ်ထားချင်တယ်။

https://news.livedoor.com/article/image_detail/21306347/?img_id=31500477

 

သို့သော်၊
ထီပေါက်သွားခဲ့တာတောင် ပိုက်ဆံလာမထုတ်ကြသူတွေ ရှိတယ်ဆိုတာကိုရော သိကြပါသလား?
ပိုက်ဆံထုတ်နိုင်တာက ထုတ်ပေးတဲ့အချိန်ကနေ ၁ နှစ်အတွင်းဖြစ်ပါတယ်။
ဒီအချိန်ကာလကျော်လွန်သွားရင်တော့ အကျုံးမဝင်တော့ပါဘူး။

အဲ့ဒီစုစုပေါင်းပမာဏဟာ မနှစ်က ယန်းသိန်း ၁၂ သောင်းတောင် ရှိပါတယ်။
ဒါဟာ ၁ နှစ်စာအတွက်ပဲရှိပါသေးတယ်။
စောစောကပြောခဲ့တဲ့ ထီမှာတော့ အကြီးဆုံးထီဆုငွေဖြစ်တဲ့၊ နှစ်ကုန်ဂျန်ဘိုထီရဲ့ ပထမဆုက ၅ ခုတောင်ထည့်ထားတယ်။
ဒါတွေအပါအဝင် ယန်းသိန်း ၁ ထောင်အထက် ပေါက်မဲက ၁၀ ခုတောင်ရှိပါတယ်။

မနှစ်ကမှထူးဆန်းတာမဟုတ်ဘဲ၊ နှစ်တိုင်းကို ယန်းသိန်း ၁၀သောင်းလောက်က ကန့်သတ်ချိန်တွေကျော်သွားကြတယ်တဲ့။
ဒီလောက်များတဲ့ငွေပမာဏဟာ ထီထုတ်ဝေသူဖြစ်တဲ့ Mizuho ဘဏ်ကရရှိတာမဟုတ်ပါဘူး။
အများပိုင်လုပ်ငန်းတွေမှာ အသုံးပြုမယ်လို့ပြောပေမဲ့ ဘာတွေပြောနေတာလဲ မရသေးတဲ့လူတွေအတွက်တော့ နစ်နာပါတယ်။

ဘာကြောင့် လာမယူကြတာလဲ?
ဒါက ထင်ကြေးပေးရုံမျှသာဖြစ်ပေမဲ့၊ ဒီလိုကိစ္စကိုစဉ်းစားမိကြမယ့်ပုံပါပဲ။

ထီလက်မှတ်ဝယ်ပြီး သေသေချာချာသိမ်းထားကာမှ အသိမ်းလွန်ပြီးပျောက်ဆုံးခြင်း
ဒီလိုလူမျိုးတွေဆို ထီပေါက်တာတောင် သိလိုက်မှာမဟုတ်ဘူးနော်။ ကိုယ်ဝယ်ခဲ့တဲ့နံပါတ်ကိုလည်း မမှတ်မိတော့တာမျိုးတွေပေါ့
အကယ်၍ နံပါတ်မှတ်ထားပြီးတော့ ပေါက်သွားတဲ့အကြောင်းကိုသာသိခဲ့ရင် ဒါကလည်းငရဲပါပဲ။ ထီလက်မှတ်ကပျောက်သွားတာကိုး

မူးမူးနဲ့ထီလက်မှတ်ဝယ်ခြင်း
ရှိတယ်နော် ဒီလိုလူမျိုးတွေ
ဒါပေမဲ့ ထီရောင်းတဲ့နေရာက ညနေလောက်ဆိုပိတ်တဲ့အတွက်၊ နေ့ခင်းကတည်းကသောက်ထားတဲ့လူတွေကိုပြောခြင်းဖြစ်ပါတယ်။ နေ့ခင်းကတည်းက အလုပ်မလုပ်ဘဲ သောက်နေကြတာလား?

ထီပေါက်ဖို့စောင့်မျှော်နေခဲ့ပေမဲ့ မမျှော်လင့်ဘဲသေဆုံးသွားခြင်း
ထီကိုသက်ကြီးပိုင်းတွေ ပိုဝယ်တတ်ကြပါတယ်။ (အိမ်ကကျွန်တော်အမေလည်း ဝယ်ထားပါတယ်)
လူကြီးတွေက ထီလက်မှတ်ကိုတစ်နေရာရာမှာသိမ်းထားရင်း သူတို့ဆုံးသွားတဲ့အခါ အဲ့ဒီထီလက်မှတ်ကိုလည်း ရှာမတွေ့တော့ပါဘူး။ ဒီလိုအခြေအနေက တစ်မျိုးလည်းကောင်းပါတယ်။
အကယ်၍ ယန်းသိန်း ၁ ထောင်၊ ယန်းသိန်း ၁ သောင်းကိုအမွေဆက်ခံရမယ်ဆို ကျန်ရစ်သူမိသားစုအကြား စကားများရန်ဖြစ်နိုင်ပါမယ်။ မေ့သွားကြလို့ ငြိမ်းချမ်းနေကြမယ်သာဆို ဒါလည်းကောင်းပါတယ်။ ကာယကံရှင်မှသုံးလို့မရတော့ဘဲနော်

ဘယ်လိုပုံစံပဲဖြစ်ဖြစ် “ ငါတော့ပေါက်မှမဟုတ်ပါဘူးလေ” ဆိုပြီးတွေးထားလို့ ဖြစ်နိုင်ပါတယ်။
ဒါဖြင့် ဝယ်မနေတာပဲကောင်းပါတယ်။

စကားမစပ် ဝယ်ထားတဲ့ထီလက်မှတ်ကို မိသားစုထံအသိမပေးဘဲ တိတ်တိတ်လေးဖွက်ထားတဲ့လူတွေလည်း တော်တော်များတယ်တဲ့။ “ ပေါက်မှာလည်းမဟုတ်ဘဲနဲ့ ပိုက်ဆံအလကားဖြုန်းတယ်” ဆိုပြီးအပြောမခံချင်လို့ ဖြစ်ပါလိမ့်မယ်။

အဲ့ဒီလိုလူတွေဖွက်ထားတဲ့နေရာက
ဘုရားစင်တို့ လက်ဆွဲအိတ်၊ စားပွဲအံဆွဲ၊ ရေခဲသေတ္တာထဲ၊ ဓါတ်ပုံဘောင်ရဲ့နောက်ကျော၊ အဝတ်ဘီဒိုထဲက အင်္ကျီအိတ်ထဲ
စသဖြင့် သိမ်းထားကြတယ်တဲ့။

မနှစ်ကဂျပန်မှာ အရက်မူးမူးနဲ့လက်ဆောင်အဖြစ် ထီလက်မှတ်ဝယ်ခဲ့သူတွေ….
ကဲ နောက်တစ်ကြိမ်ထီပေါက်မပေါက် တိုက်ကြည့်ကြရအောင်နော်

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: