ဆန့်ကျင်တဲ့ပြည်သူတွေက သွားလို့မရအောင်လမ်းပိတ်ထားတဲ့အကြား ဦးညွှန့်ပြီးတောင်းဆိုနေတဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်သားတစ်ဦး။ သူ့ကိုဘယ်သူက ပြန်ကာကွယ်ပေးပါ့မလဲ?

ဒုတိယကမ္ဘာစစ်ကြီးမှာရှုံးနိမ့်သွားတဲ့ဂျပန်ဟာ အခြေခံဖွဲ့စည်းပုံဥပဒေအသစ်အရ စစ်တပ်မဖွဲ့စည်းပါ ဆိုတဲ့စည်းမျဉ်းကိုထုတ်ထားပါတယ်။
မဟာမိတ်နိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံဟာ ဂျပန်ကိုစောင့်ရှောက်ပေးမယ်လို့ ဂတိဂဝတ်ပြုထားသော်လည်း၊ ၁၉၅၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်လည်းတောင်ကိုရီးယားဘက်ကနေ အားသွင်ခွန်စိုက်ဝင်ပါခဲ့တဲ့အတွက် ကာကွယ်မယ့်သူမရှိလစ်လပ်သွားတဲ့ဂျပန်ဟာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

အကာအကွယ်ပေးမယ်ဆိုတဲ့ ဂတိအောက်မှာအစပြုခဲ့ပြီး၊ စစ်တပ်အာဏာမရှိခြင်းက ပြိုကွဲခဲ့တဲ့ရလဒ်ပဲဖြစ်ပါတယ်။
ဂျပန်ဟာ ကိုယ်ပိုင်စစ်တပ်ဖွဲ့စည်းချင်တဲ့ရည်ရွယ်ချက်နဲ့ ကာကွယ်ရေးတပ်ကို အစပြုခဲ့တာတော့မဟုတ်ပါဘူး။
သို့သော်၊ မိမိနိုင်ငံကိုကာကွယ်ဖို့အတွက်တော့ အတိုင်းအတာတစ်ခုထိ အင်အားရှိဖို့လိုအပ်ပါတယ်။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်အင်အားက လိုအပ်တာထက်ပိုသလား၊ လျော့နည်းသလားဆိုတာကတော့ သက်သက်တစ်ပိုင်းပါ။

လေ့ကျင့်ပျိုးထောင်ခဲ့ရပုံအမျိုးမျိုးရှိပေမဲ့၊ ဂျပန်ကိုကာကွယ်ပေးတဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ဂျပန်အတွက်တော့ အရေးပါတဲ့တည်ရှိမှုတစ်ခုဆိုတာ ဧကန်မလွဲပါပဲ။
အခြေခံဖွဲ့စည်းပုံဥပဒေထဲမှာ ရေးထားလို့ဆိုပြီး လက်နက်မဲ့ကြားနေရေးအတိုင်းဆက်သွားပြီး ကမ္ဘာကလေးစားရအောင်လုပ်ဖို့ကလည်း အဲ့ဒီအချိန်က ကမ္ဘာကြီးဟာအဲ့လောက်အထိငြိမ်းချမ်းမနေခဲ့ပါဘူး။
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ မားမားမတ်မတ်နဲ့ ဂျပန်ကိုကာကွယ်ပေးနေပေမဲ့လည်း၊ ဂျပန်မှာတော့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်ကို မကြိုက်တဲ့လူတန်းစားတစ်မျိုးရှိပါတယ်။
ဒီတစ်ခေါက်ကတော့ အဲ့ဒီလိုကန့်လန့်တိုက်သူတွေဝိုင်းထားလို့ ဒုက္ခရောက်သွားတဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်သားတစ်ဦးအကြောင်းကို ပြောပြမှာပါ။

http://blog.livedoor.jp/dqnplus/archives/2012263.html

ကိုယ်ပိုင်ကာကွယ်ရေးတပ်သားတစ်ဦးဟာ ကာကွယ်ရေးတပ်ကို ဆန့်ကျင်တဲ့လူတွေရဲ့ လမ်းပိတ်တာကိုခံရလို့ စခန်းထဲမဝင်နိုင်ခဲ့ပါဘူး။
ဒီအပြင် ဒီလိုဆန့်ကျင်ပြီးလမ်းလာပိတ်နေတဲ့လူတွေအကုန်လုံးက မြို့သူမြို့သားတွေပါပဲ။
ကိုယ်ပိုင်ကာကွယ်ရေးတပ်သားဟာ လုံးဝပြန်မခြိမ်းခြောက်ဘဲ၊ ထုံးစံအတိုင်း လက်နက်တွေကိုချွတ်လိုက်ပြီး သူတို့တွေရဲ့ရှေ့ကနေ မတ်တပ်ရပ်ခဲ့ပါတယ်။
ပြီးတဲ့အခါမှာတော့၊ ခေါင်းကိုညွှန့်နေအောင် ငုံလိုက်တယ်။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖြတ်သန်းခွင့်ပြုပါ”

သူဟာ ဒီစကားကိုအကြိမ်ပေါင်းများစွာ ပြောနေခဲ့ပါတယ်။
တပ်သားက ဒီလိုဦးညွှန့်နေတာကို မြင်သော်လည်း ဆန့်ကျင်တဲ့လူတွေဟာ သူကိုအော်ဟစ်ပြီး ဝိုင်းထားဆဲပါပဲ။

ထိုအခြေအနေကို ရဲကမြင်ပေမဲ့ အဝေးကနေသာကြည့်နေခဲ့တယ်။

ဒီနေရာဟာဘယ်သူမဆိုဖြတ်သန်းနိုင်တဲ့ အများပိုင်လမ်းဖြစ်ပါတယ်။
လမ်းလာပိတ်ပြီး သွားလာမှုကိုလာရှုပ်တဲ့လူကို၊ ရဲဟာ လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ လာရှုပ်သူတိုင်းကို ဖယ်ရှားနိုင်ပေမဲ့၊ ဒီကိစ္စထဲမှာတော့ ရဲလည်းဝင်မပါချင်ပုံရပါတယ်။

အမည်မသိ လေယာဉ်နဲ့သင်္ဘောတွေ ဂျပန်ပိုင်နက်ထဲကျူးကျော်လာတဲ့အခါ အားလုံးထက် အရင်ဆုံးကိုင်တွယ်ရတာဟာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့သားတွေပါ။
ငလျင်ကြီးတွေနဲ့ လေယာဉ်မတော်တဆမှုတွေမှာ ဦးဆုံးအလျင်အမြန်ပြေးသွားပြီး၊ ကြမ်းတမ်းတဲ့အခြေအနေမှာ ကယ်ဆယ်ရေးကိုလုပ်ဆောင်ရတယ်၊ အလောင်းတွေပြင်ဆင်ရတာလည်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ပါပဲ။

မားမားမတ်မတ်နဲ့ ဂျပန်လူမျိုးနဲ့အတူ ဂျပန်နိုင်ငံကိုကာကွယ်ပေးနေတဲ့ သူတို့ကို ဘယ်သူကပြန်ကာကွယ်ပေးပါ့မလဲ?

ကိုယ်ပိုင်ကာကွယ်ရေးတပ်သားဟာ ရဲအရာရှိမဟုတ်လို့၊ လမ်းလာပိတ်နေတဲ့လူကို ဖမ်းတာတို့ဖယ်ရှားတာတို့ လုပ်ခွင့်မရှိပါဘူး။
အားလုံးထက်ပိုပြီး ပြင်းထန်တဲ့လက်နက်တွေကိုင်ထားပြီး၊ အကြံ့ခိုင်ဆုံးယာဉ်တွေစီးနေရတာတောင် ထိုအင်အားကို လုံးဝမသုံးပါဘူး။ ကျွန်တော်ထင်တယ် ကမ္ဘာ့နိုင်ငံအသီးသီးကစစ်တပ်တွေတောင် ဒီလောက်အထိ ပြည်သူကိုအလေးထားမှာမဟုတ်လောက်ဘူး။

သူတို့တွေကို ပြန်ကာကွယ်ပေးမယ့်လူတွေ မရှိတော့ဘူးလား?
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမေရိကန်စစ်တပ်ကို ဆန့်ကျင်အတိုက်အခံပြုလို့တော့ရပေမဲ့၊ ကြိုးစားနေတဲ့လူငယ်တွေကို ဒီလောက်အထိလုပ်ရက်တဲ့လူတွေရဲ့ စိတ်ကိုတော့ နားမလည်တော့ပါဘူး။

ဒီလိုတွေအတိုက်အခိုက်ခံရမယ်သာဆို ကိုယ်ပိုင်ကာကွယ်ရေးတပ်သား မလုပ်ချင်တော့မယ့်လူတွေ များလာမယ်မဟုတ်လား…
အဲ့ဒါနဲ့ပဲ ဂျပန်ကိုကာကွယ်နိုင်မယ်လို့ရော ထင်ပါသလား?

ကျွန်တော်က စစ်တပ်ဝါဒီသမားတော့မဟုတ်ပေမဲ့၊ မိမိတိုင်းပြည်ကိုကာကွယ်ပေးပြီး သဘာဝဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်သူတွေကို ကယ်ဆယ်တဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်သားတွေကို အမြဲကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်သင့်တဲ့ကိစ္စလို့လည်းထင်ပါတယ်။ စာဖတ်သူတို့ရောဘယ်လိုထင်ပါသလဲ?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: