တစ်ရှူးလိပ်ပေါ်ရုပ်ပုံများရေးဆွဲပြီး ကလေးများအတွက် လိင်ပညာပေးအစီအစဉ်ပြုလုပ်

Hyogo စီရင်စုရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ကလေးသူငယ်များအား လိင်ပညာပေးခြင်းကို စောစီးစွာစတင်နိုင်ဖို့အတွက် ဆန်းသစ်တဲ့ချည်းကပ်မှုများကို ဖန်တီးခဲ့ကြပါတယ်။
မိန်းကလေးများရဲ့ ရာသီလာခြင်း၊ သုတ်လွှတ်ခြင်းနှင့် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ရဲ့ လုပ်ဆောင်ချက်များအကြောင်းကိုရှင်းပြထားတဲ့ Toilet paper များကို ကလေးများရဲ့ကျောင်းအိမ်သာမှာ ထားပေးထားပါတယ်။

https://www.asahi.com/

ဒီ Mizudo မူလတန်းကျောင်းက ပြဌာန်းလိုက်တဲ့ဗျူဟာရဲ့ ရည်ရွယ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာကွဲပြားမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအထိ သဘောတူညီမှုစတဲ့ ကိစ္စရပ်များအတွက် ကလေးသူငယ်များရဲ့ ဗဟုသုတပိုင်းဆိုင်ရာ ကျယ်ပြန့်စေဖို့ဖြစ်ပြီး ပေါ့ပေါ့ပါးပါးစကားလုံးများနဲ့ သရုပ်ဖော်ရုပ်ပုံလေးတွေကို အသုံးပြုထားပါတယ်။

“ မိမိကိုယ်ခန္ဓာအစိတ်အပိုင်းများအကြောင်းကိုလေ့လာခြင်းဟာ မိမိကိုယ်ကိုတန်ဖိုးထားတတ်လာခြင်းနှင့် တစ်ချိန်တည်းမှာ တစ်ခြားသူကိုပါ တန်ဖိုးထားတတ်လာမယ်” ဆိုပြီး ကျောင်းအုပ် Chika Kojima စံဟာရှင်းပြခဲ့ပါတယ်။ “ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုမှာ ဒါဟာမရှိမဖြစ်လိုအပ်တယ်” လို့လည်းရှင်းပြသွားပါတယ်။

ကျောင်းဟာ toilet paper အလိပ် ၄၀၀ မိတ်ဆက်ခြင်းအခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကကျင်းပသွားခဲ့ပါတယ်။ ဒီ toilet paper တွေကိုတော့ Nanase Tsuruta ဆိုတဲ့အမျိုးသမီးကဖန်တီးခဲ့ပြီး၊ သူမဟာ ၂၀၁၉ ခုနှစ်မှာ ပုံမှန်မဟုတ်တဲ့ ပညာရေးဆိုင်ရာပစ္စည်းကို တီထွင်ခဲ့သော Shizuoka စီရင်စု Kakegawa မြို့ရှိ Sowledge လို့ခေါ်တဲ့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ထို toilet paper လိပ်များထုတ်လုပ်ခြင်းကုန်ကျစရိတ်အတွက် အလှူငွေများလည်းရရှိခဲ့ပါတယ်။

ဖန်တီးသူ Tsuruta ဟာ၊ “ တစ်ရှူးလိပ်ရဲ့ ဒီဇိုင်းကို ကျွမ်းကျင်တဲ့ဆရာဝန်များနှင့်အတူ၊ UNESCO ရဲ့နိုင်ငံတကာ နည်းပညာဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ လိင်ပညာပေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့အကြံပေးချက်အပေါ် အခြေခံကြောင်း” ပြောပြခဲ့ပါတယ်။

Tsuruta ၂၆ နှစ်ဟာ၊ မလိုလားတဲ့ လိင်ပိုင်းဆိုင်ရာထိတွေ့ခံရမှုကိုဖော်ပြနေတဲ့ ကလေးတစ်ယောက်ရဲ့အန္တရာယ်ကို ကောင်းစွာသိနေပါတယ်။
သူမအလယ်တန်းကျောင်းသူဘဝက လမ်းပေါ်မှာ သူစိမ်းယောက်ျားတစ်ဦးရဲ့ မတော်မတရား ကိုင်တွယ်ခြင်းကိုခံခဲ့ရပြီး အလွန်ကြောက်လန့်သွားခဲ့ရကြောင်းကို ပြန်အမှတ်ရနေပါတယ်။

သူမတက္ကသိုလ်ရောက်တော့လည်း သူငယ်ချင်းတစ်ယောက်ဟာ လိင်အကြမ်းဖက်ခံရကြောင်း သူမကိုရင်လာဖွင့်ပါတယ်။ နောက်ထပ် ကျောင်းသူတစ်ဦးကလည်း မလိုလားဘဲကိုယ်ဝန်ရရှိခဲ့ပြီး ရလဒ်အနေနဲ့ သေဆုံးသွားတဲ့ကလေးငယ်ကို ကျောင်းဝင်းအတွင်းစွန့်ပစ်ခဲ့ပါတယ်။

အဲ့ဒီအခြေအနေတွေကို မြင်တွေ့ခဲ့ရတဲ့ Tsuruta ဟာ၊ လိင်ပိုင်းဆိုင်ရာဗဟုသုတမရှိခြင်းကြောင့် ဒုက္ခရောက်ရတဲ့အမျိုးသမီးတွေကိုကူညီဖို့ နည်းလမ်းကိုရှာဖွေလာပါတယ်။

နေ့စဉ်ဘဝမှာ အခြေခံလိင်ပညာပေးခြင်းကိုပြုလုပ်နိုင်ဖို့ Tsuruta ဟာ မိမိကိုယ်ခန္ဓာကိုကာကွယ်ခြင်းနည်းလမ်းများအား toilet paper မှာရှင်းပြခြင်းနှင့် သရုပ်ဖော်ရုပ်ပုံလေးများကိုထည့်သွင်းဖို့ အကြံဉာဏ်ရခဲ့ပါတယ်။

သူမအိုင်ဒီယာရဲ့အားသာချက်က သန့်စင်ခန်းမှာရှိနေသူတွေဟာ သူတို့ကိုဘယ်သူမှမမြင်ရတဲ့အခန်းထဲမှာ တစ်ရှူးလိပ်ကိုသေသေချာချာ ကြည့်ရှုနိုင်ပါတယ်။ ဒီလိုပစ္စည်းကို အများပြည်သူသုံးသန့်စင်ခန်းမှာထားပေးခြင်းဖြင့်လည်း စိတ်မဝင်စားတဲ့လူကြီးတွေအတွက်တောင် အထောက်အကူဖြစ်စေနိုင်ကြောင်း သူဟာတစ်ဆက်တည်းရှင်းပြခဲ့ပါတယ်။

ဂျပန်မှာဒီအဆင့်နဲ့ ဒီလိုtoilet paperကို ကျယ်ပြန့်စွာမိတ်ဆက်ပေးတာဟာ Mizudo မူလတန်းကျောင်းက ပထမဆုံးဖြစ်ပြီး၊ အချို့သော အလယ်တန်းကျောင်းများနှင့် after-school child-care centers တို့ကလည်း တစ်ရှူး အလိပ်လိုက်ဝယ်ယူမှုများရှိကြောင်း သိရပါတယ်။

သူမဟာ Amagasaki မြို့ရှိ အစိုးရဝန်ထမ်းများကို လေ့ကျင့်သင်ကြားပို့ချပေးပြီးတဲ့နောက်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း သူမရဲ့ “ မိမိတို့ရဲ့အခွင့်အရေးကိုကာကွယ်ဖို့ အကူအညီပေးတဲ့ ကလေးများအတွက် လိင်ပညာပေးအစီအစဉ်” မှာပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Tsuruta ဟာ ဒီအရွေ့ကိုကြိုဆိုပြီး၊ ကလေးများဟာမူလတန်းအရွယ်ကတည်းက လိင်ပိုင်းဆိုင်ရာပညာပေးခြင်းကို စတင်လေ့လာနိုင်ပြီး ဆိုကာသူမရဲ့အတွေးကိုပြောပြခဲ့ပါတယ်။

၄ မျိုးပါ toilet paper လိပ်များ ပက်ကေ့ချ်တစ်ထုပ်ကိုတော့ ၂၉၈၀ ယန်းနဲ့၊ Sowledge ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရနိုင်ပါပြီ။
https://sowledge.org/
အဖွဲ့အစည်းဖြင့်သော်လည်းကောင်း တစ်ဦးချင်းစီသော်လည်းကောင်း ဝယ်ယူနိုင်အကြောင်းသိရပါတယ်။

 

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: