ဂျပန်မှာ ကိုရိုနာကူးစက်မှု အလျင်အမြန်ပဲလျော့ကျလာတယ်။ ၎င်းရဲ့လျှို့ဝှက်ချက်က ဘာများလဲ?

ဂျပန်ဟာ ကိုရိုနာကာကွယ်တားဆီးမှုမှာ အများထက်နောက်ကျတာကြောင့် ဒုက္ခအကြီးကျယ်ရောက်ခဲ့တယ် ဆိုပြီးကမ္ဘာတစ်ဝှမ်းက ဂျပန်ရဲ့ကိုဗစ်ထိန်းချုပ်မှုကို ဝေဖန်ခဲ့ကြပါတယ်။
အဲ့ဒီအတိုင်းပဲ၊ အစိုးရရဲ့ညံ့ဖျင်းတဲ့တုံ့ပြန်မှုက ဆိုးရွားလွန်းပြီး၊ ကူးစက်ပေါက်ကွဲမှုကြီးဖြစ်နေတဲ့နိုင်ငံကိုတောင် ပြည်ဝင်ခွင့်မပိတ်ဘဲ၊ PCR စမ်းသပ်မှုဟာလည်း အရေအတွက် အလွန်နည်းခဲ့ပါတယ်။
အခြားသောနိုင်ငံတွေက lockdown တွေသတ်မှတ်ပြီး အပြင်မထွက်အောင်လုပ်ကြတဲ့အချိန်၊ ဂျပန်လည်း ကန့်သတ်ချက်တွေတော့ထုတ်ပေမဲ့ ရထားဆိုပုံံမှန်အတိုင်းပြေးဆွဲနေလို့၊ အချိန်ကန့်သတ်ချက်များ ချမှတ်ပေမဲ့ စားသောက်ဆိုင်တွေက ဆက်လည်ပတ်နေကြလို့..
ကာကွယ်ဆေးအတွက်စီစဉ်ပေးတာကလည်းနောက်ကျ…၊ Mask ထုတ်လုပ်မှုကလည်း အလျင်မမီ…
စတဲ့ဒီလိုအခြေအနေထဲမှာ Go to Travel ကမ်ပိန်းကြီးကိုလည်း အစိုးရကကောက်စီစဉ်၊ အဲ့ဒါနဲ့ပဲ ဂျပန်တစ်ဝှမ်းမှာ အကြီးအကျယ်ကူးစက်ပျံ့နှံ့ခဲ့ကြပါတယ်။

ဘယ်လိုပဲကြည့်ကြည့် ဂျပန်ရဲ့ကာကွယ်တားဆီးမှုဟာ အဆိုးရွားဆုံးအခြေအနေဖြစ်ခဲ့ပါတယ်။
ဒီအပြင် ၎င်းကယခုထိတိုင်မပြောင်းလဲသေးပါဘူး။ ဂျပန်အစိုးရဟာ ဘယ်လိုထိရောက်တဲ့ကာကွယ်တားဆီးမှုကို လုပ်ခဲ့ပါသလဲ? လို့ဆိုရရင်၊ ဂျပန်လူမျိုးအများစုက “ ဘာမှမလုပ်ဘူးလို့ထင်တယ်” ဆိုပြီးပြန်ဖြေကြပါလိမ့်မယ်။

နောက်ပြီး ၂၄ ရက်နေ့က
ဂျပန်တစ်နိုင်ငံလုံးအတွင်း ကိုရိုနာကူးစက်မှုပေါင်းဟာ ၁၀၉ ဦးသာရှိခဲ့ပါတယ်။
အရမ်းများတဲ့အချိန်က လူပေါင်း ၆ ထောင်နီးပါးကို တစ်နေ့တည်းကူးစက်ခဲ့‌တဲ့တိုကျိုဟာ အခုတော့ ၅ ယောက်သာကူးစက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှာ အနည်းဆုံးကူးစက်မှုအရေအတွက်ဖြစ်လာပါတယ်။
ဟုတ်ပါတယ်။ အခြားသောနိုင်ငံတွေမှာတော့ နောက်တစ်ကြိမ် အကြီးအကျယ်ကူးစက်မှုပြန်စနေသော်လည်း၊ ဂျပန်မှာတော့ ထိန်းချုပ်နိုင်လုနီးပါးဖြစ်လာပါတယ်။

နွေရာသီဆို နွေရာသီပိတ်ရက်၊ ပိတ်ရက်ရှည်၊ Obon ပိတ်ရက်တွေနဲ့ လူတွေလှုပ်ရှားသွားလာခဲ့တာကြောင့်တို့၊
ဆေးဘက်ဆိုင်ရာ သတင်းတွေကြောင့်၊ အပြင်ထွက်ခြင်းကိုရှောင်ရှားတဲ့လူတွေ များလာတယ်တို့
ညဘက်အပြင်ထွက်ခြင်းတွေ နည်းသွားတယ်တို့..

စသဖြင့် ပညာရှင်တွေကပြောကြပေမဲ့၊ တိုကျိုကိုမြင်ရသလောက်ပြောရရင်၊ အပေါ်ကအချက်တွေနဲ့ လုံးဝမတူဘူးလို့ထင်ပါတယ်။
ကိုရိုနာကူးစက်မှုထိပ်ဆုံးရောက်ခဲ့တဲ့အချိန်နဲ့ နှိုင်းယှဉ်ရင် မြို့ရဲ့လှုပ်ရှားသက်ဝင်မှုက သိသိသာသာအရင်လိုပြန်ဖြစ်လာပြီး၊ ရထားထဲမှာလည်း လူတွေအများကြီးပါပဲ။ စားသောက်ဆိုင်တွေလည်း အရင်လိုပုံမှန်ပြန်လည်ပတ်နေပါပြီ။

တော်တော်များများ ကာကွယ်ဆေးထိုးပြီးကုန်တာကြောင့် ဆိုပြီးပြောသူတွေရှိပေမဲ့၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးသူဟာ ၇၆.၄ ရာခိုင်နှုန်းသာ ရှိတဲ့အတွက်၊ အဲ့ဒီလောက်ထိ ထိုးပြီးတယ်လို့ မဆိုလိုနိုင်ပါဘူး။ အချို့သော ကာကွယ်ဆေးထိုးပြီးပြီ ဆိုတဲ့နိုင်ငံတွေမှာတောင် နောက်တစ်ကြိမ် ကူးစက်မှုလှိုင်းရောက်လာပါတယ်။

ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ အချဉ်ဖောက်ထားတဲ့အစားအစာတွေကို စားနေလို့ပေါ့ ဆိုပြီး ကျွမ်းကျင်သူအချို့ကလည်းဆိုပါတယ်။

သေချာတာကတော့ ဂျပန်မှာ ပဲငံပြာရည်၊ မီဆို စတာတွေကိုအခြေခံတဲ့ ဟင်းခတ်ပစ္စည်းတွေက အချဉ်ဖောက်အစားအစာဖြစ်သလို၊ Natto ဆိုတာမျိုးကလည်း ထမင်းပွဲမှာနေ့တိုင်းအလွယ်တကူ စားနိုင်တဲ့အရာဖြစ်ပါတယ်။
ဒါပေမဲ့ဂျပန်ဟာ ကူးစက်ပေါက်ကွဲမှုကြီး တစ်ကြိမ်ဖြစ်ခဲ့ဖူးတဲ့နိုင်ငံပါ။
ကူးစက်မှုဖြစ်ပြီးနောက်ပိုင်း အစားအစာအလေ့အထကို ပြောင်းလဲခဲ့တာလို့လည်းမထင်ပါဘူး။

နောက်ဆုံး ဘာကြောင့်ဂျပန်ကူးစက်မှုဟာ လျင်မြန်စွာပဲလျော့နည်းသွားလဲဆိုတာ နားမလည်နိုင်ပါဘူး။
အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဂျပန်မှာပဲရှိတဲ့ ထူးခြားချက်တစ်ခုတော့ရှိပါတယ်။

အဲ့ဒါက၊ mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ထိတွေ့မှုမရှိအောင်နေထိုင်ခြင်း စတာတွေဖြစ်ပါတယ်။

ရထားနဲ့မြို့ထဲမှာ mask မတပ်တဲ့လူတွေ မရှိသလောက် နည်းပါတယ်။
စားသောက်ဆိုင်တွေနဲ့ ဆိုင်ထဲကိုဝင်တဲ့အချိန်မှာ အပူချိန်တိုင်းခြင်းနဲ့ hand sanitizer ကိုထားပေးကြပါတယ်။
ဒီအပြင် ကဖေးတွေမှာလည်း စားပွဲရဲ့အလယ်ကနေ ကန့်လန့်ဖြတ်ကာထားပြီး၊ လုပ်ဖော်ကိုင်ဖက်အတူတူလာတဲ့သူချင်းတောင် ကြားခံအကာအရံကနေတစ်ဆင့် စကားပြောရပါတယ်။
နိုင်ငံခြားသတင်းဗီဒီယိုတွေကိုကြည့်လိုက်ရင် ဂျပန်လောက်စေ့စေ့စပ်စပ် လုပ်ထားတဲ့နိုင်ငံ မရှိတော့ဘူးလား? လို့တောင် အတွေးဝင်မိပါတယ်။
ကိုရိုနာကပ်ရောဂါရဲ့ဦးဆုံးကာလမှာ၊ အားလုံးဟာ မကြောက်မလန့်ဘဲ ကာကွယ်တားဆီးမှုတောင်မလုပ်တဲ့ လူတွေအများကြီးရှိခဲ့ပါတယ်။
ဒါပေမဲ့ ကူးစက်ပေါက်ကွဲမှုကိုမြင်ပြီး အများစုက သေသေချာချာကာကွယ်မှုတွေလုပ်လာတယ်ဆိုတာ ဂျပန်ရဲ့ထူးခြားချက်ဖြစ်ပါတယ်။

ဂျပန်မှာနွေရာသီကိုရောက်လာရင် ပန်းဝတ်မှုန်ကြောင့်ဖြစ်တဲ့ရောဂါဟာ အတော်ခေတ်စားပါတယ်။
ဆူဂီ၊ ထင်းရူးစတဲ့ အပင်ရဲ့ပန်းဝတ်မှုန်ဟာ လေထုထဲမှာရှိနေပြီး၊ ၎င်းကိုရှူရှိုက်မိတဲ့အခါ နှာရည်ယိုခြင်း၊ ချေခြင်း၊ မျက်လုံးယားယံခြင်းများ အလွန်ဖြစ်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် ဂျပန်မှာလူတိုင်းနီးပါး mask တပ်ကြပါတယ်။ mask နဲ့အသားကျနေကြ သူတွေဖြစ်ပါတယ်။

ဒီအပြင်လက်ဆေးခြင်း၊ ပလုတ်ကျင်းခြင်းဟာ ငယ်စဉ်ကတည်းက အလေ့အကျင့်ဖြစ်အောင် သင်ယူလာခဲ့ရတဲ့အတွက် ငြင်းစရာအကြောင်းမရှိပါဘူး။
ဂျပန်အလေ့အထလိုဖြစ်နေတဲ့ mask တပ်ခြင်းနဲ့ စေ့စပ်စွာပိုးသတ်ခြင်း၊ ဒီအပြင် တိုက်ရိုက်ထိတွေ့မှုကိုရှောင်ရှားခြင်း။
ဒါတွေကိုလိုက်နာခြင်းဟာ ဂျပန်ဆန်တဲ့အချက်ပဲဖြစ်ပါတယ်။

ဂျပန်လည်း နောက်တစ်ကြိမ်ကူးစက်ပေါက်ကွဲမှု ထပ်မဖြစ်ဘူးလို့တော့မပြောနိုင်ပါဘူး။
သို့သော်လည်း လက်ရှိအချက်တွေကနေ မြင်ရသလောက်ကတော့၊ အစိုးရရဲ့ကာကွယ်မှုအမှားအယွင်းတွေကြားကနေ ထိန်းချုပ်လာနိုင်တဲ့လမ်းစကိုမြင်နေရပြီး၊ ဒါတွေကပဲ အခြားနိုင်ငံနဲ့ ကွဲပြားသွားစေတယ်လို့ဆိုရခြင်းက၊ တစ်ဦးတစ်ယောက်ချင်းရဲ့ ဒီလိုကာကွယ်မှုဟာ တိုင်းပြည်တစ်ခုလုံးအပေါ် သက်ရောက်မှုဖြစ်သွားစေတယ်လို့ ထင်ပါတယ်။

မကြာခင် ဒီလိုစိတ်ညစ်စရာကောင်းတဲ့ ကိုဗစ်ရောဂါကြီး မြန်မြန်ပြီးဆုံးချင်ပြီနော်
အဲ့ဒီအတွက် mask တပ်ခြင်း၊ လက်ဆေးခြင်း ပလုတ်ကျင်းခြင်း၊ ဒီအပြင် တတ်နိုင်သလောက် လူတွေနဲ့ထိတွေဆက်ဆံမှုကိုရှောင်ရှားခြင်း.. စတဲ့အချက်တွေကို လိုက်နာပါ။ အားလုံးလည်း ဒီလိုအလေ့အထများနဲ့ အသားကျသွားရင် ကျန်းမာတဲ့ကမ္ဘာကြီးကိုပြန်ခေါ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အားလုံးပဲ မိမိကိုယ်ကိုကာကွယ် စောင့်ရှောက်ကြရအောင်နော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: