UFO ကို မျက်မြင်တွေ့ရှိခဲ့တဲ့ ဂျပန်တိုက်လေယာဉ်မှူးတစ်ဦး၊ တကယ်တော့ မကြာခဏ မျက်မြင်တွေ့နေရသည်ဟုဆို?

လေယာဉ်နဲ့လုံးဝမတူတဲ့ ထူးဆန်းစွာပျံသန်းနေတဲ့အရာဖြစ်သော UFO ကို စာဖတ်သူတို့ရော သဘောကျပါသလား?
ဂြိုလ်သားတွေ မြေပြင်ပေါ်ဆင်းသက်လာတယ်ဆိုပြီးတော့ရော၊ အမေရိကန်စစ်တပ်ရဲ့ အထူးလျှို့ဝှက်နောက်ဆုံးပေါ်လေယာဉ်ဆိုပြီးတော့ရော ပြောနေကြတဲ့ ဒီပျံသန်းနေတဲ့အရာဝတ္ထုကိုတော့ ပန်းကန်ပြားပျံဆိုပြီး အများကသိကြပါတယ်။။
ဘယ်အရာပဲဖြစ်ဖြစ်ပါ အရမ်းလျှို့ဝှက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ကမ္ဘာမြေကြီးမှာနေထိုင်သူတွေရှိတာကြောင့် ဂြိုလ်သားတွေကလည်း အခြားတစ်နေရမှာရှိဖို့သေချာတယ် ဆိုတဲ့အယူအဆဟာ သိပ္ပံနည်းကျတယ်လို့ပြောကြပေမဲ့၊ ကမ္ဘာမြေပြင်ပေါ်လာဖို့အထိ နည်းပညာစွမ်းရည်ရော သူတို့မှာရှိပါ့မလား?အဲ့ဒီလောက်အထိ နည်းပညာစွမ်းရည်ရှိမယ်သာဆို အလွယ်တကူ ကမ္ဘာမြေကြီးကိုစိုးမိုးသွားနိုင်ပါ့မယ်။ သို့သော် ဘာကြောင့် တိတ်တဆိတ်လှုပ်ရှားနေရသလဲ? စတဲ့ထူးဆန်းမှုတွေ ပန်းကန်ပြားပျံ UFO မှာအများကြီးရှိနေပါတယ်။
လူငယ်လေးတစ်ယောက်လို စိတ်လှုပ်ရှားမိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။

ပန်းကန်ပြားပျံ UFO ကိုမယုံကြသူတွေအများကြီးရှိပေမဲ့၊ လေယာဉ်မှူးကိုယ်တိုင် အတော်လေးနီးစပ်တဲ့ဖြစ်နိုင်ချေနဲ့ မြင်လိုက်တယ်ဆိုတာကို စာဖတ်သူတို့သိပါသလား?
ဒီတစ်ခေါက်ကတော့ ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်လေးတပ်ဖွဲ့ဟောင်း လေယာဉ်မှူးတစ်ယောက်ရဲ့ မျက်မြင်ပြောပြချက်ကိုမိတ်ဆက်ပေးချင်ပါတယ်။

https://www.news-postseven.com/archives/

ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်လေးတပ်ဖွဲ့ဟောင်း လေယာဉ်မှူးဖြစ်ခဲ့တဲ့ “ ဆတိုး မမိုရု” ဆိုတဲ့ပုဂ္ဂိုလ်
သူကိုယ်တိုင်က ပန်းကန်ပြားပျံ UFO ကိုတစ်ကြိမ်တစ်ခါမျှမမြင်ဖူးခဲ့ပေမဲ့၊ သူ့ရဲ့စီနီယာနဲ့လုပ်ဖော်ကိုင်ဖက်တွေ ဒီအပြင်လက်အောက်အဖွဲ့ဝင်သားတွေကနေ ဒီတစ်ခေါက်လည်း ထူးဆန်းစွာပျံသန်းနေတဲ့ယာဉ်တစ်ခုရဲ့ မျက်မြင်သက်သေအကြောင်းအရာကို မေးမြန်းထားတယ်လို့သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ မတိုင်ခင်က၊ ဂျူနီယာတစ်ယောက်ဟာ ညပိုင်းလေ့ကျင့်ရေးမှာ Miyazaki စီရင်စုရဲ့ “ နယူးတဘရ အခြေစိုက်စခန်း” ကနေ F-15 တိုက်လေယာဉ်ကိုစီးပြီး ပျံသန်းခဲ့စဉ်အချိန်က အကြောင်းအရာဖြစ်ပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်ရဲ့ ဝေဟင်မှာ ဘောလုံးဂိုးတိုင်လောက်အရွယ်အစားရှိတဲ့မီးလုံးဟာ လေယာဉ်တောင်ပံအစွန်းနားကနေ လိုက်လာတာကို တွေ့ရှိလိုက်ပါတယ်။ အတူပျံသန်းနေတဲ့ တောင်ပံကအခြားလေယာဉ်မှူးတစ်ယောက်ကို ကြိုးမဲ့စနစ်နဲ့အကြောင်းကြားပြီး စစ်ဆေးခိုင်းလိုက်တဲ့အခါ၊ “ မြင်ရတယ်” ဆိုတဲ့ ပြန်အကြောင်းကြားစာ ရောက်လာခဲ့ပါတယ်။ မီးချောင်းလို ဖျော့တော့တဲ့အလင်းတန်းတွေ ထုတ်လွှတ်နေတဲ့ အဲ့ဒီပျံသန်းနေတဲ့အရာဝတ္ထုဟာ၊ ဘယ်လောက်ပဲမျက်ခြေပျက်ဖို့ကြိုးစားလည်း အနောက်ကနေ ထပ်ချပ်မခွာလိုက်လာခဲ့ပါတယ်။
အချိန်မှာ ၂ မိနစ် ၃ မိနစ်ကြာလိုက်နေခဲ့တယ်လို့ ဆိုပါတယ်။

တိုက်လေယာဉ်မှူးတွေဟာ လေခွင်းအားနဲ့သဘာဝဖြစ်စဉ်ကို သေချာလေ့လာပြီးမှ ပျံသန်းကြတာဖြစ်ပါတယ်။
သို့သော် နေ့တိုင်းပျံသန်းနေတာကြောင့် ထူးဆန်းစွာပျံသန်းနေတဲ့အရာဝတ္ထုဟာ အလင်းရဲ့ရောင်ပြန်ဟပ်မှုလား၊ မီးပုံးပျံတွေလား၊ လူတွေဖန်တီးတဲ့ပစ္စည်းလား ဆိုတာကို ချက်ချင်းသိကြပါတယ်။
ဒါပေမဲ့ ဒီပျံသန်းနေတဲ့အရာဝတ္ထုကိုတော့ သူတို့လုံးဝနားမလည်နိုင်ခဲ့ကြပါဘူး။

အခြားသောလေယာဉ်မှူးဟာ F-4 တိုက်လေယာဉ်နဲ့ပျံသန်းကြည့်တဲ့အခါ၊ ဆလင်ဒါထုလုံးရှည်ပုံစံရှိ UFO နဲ့ ကြုံတွေ့လိုက်ရပါတယ်။
Occult အစီအစဉ်မှာ UFO ရဲ့ မိခင်ယာဉ်လို အမျိုးအစားတစ်ခုလား? ဆိုပြီးထိတ်လန့်တကြား ကင်မရာနဲ့ဓါတ်ပုံရိုက်ပြီး မြေပြင်ဝန်ထမ်းတွေဟာ ဓါတ်ပုံစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့၊ ၎င်းရဲ့သရုပ်မှန်ဟာ ရှင်းရှင်းလင်းလင်းပဲ ပေါ်ပေါက်လာပါတယ်။

ဒီအကြောင်းကို အထက်လူကြီးထံသတင်းပို့ခဲ့ပေမဲ့၊ ဒီကိစ္စဟာ နာမည်ကြီးသတင်းတစ်ခုတောင်ဖြစ်မသွားခဲ့ပါဘူး။
ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကတော့ ထူးဆန်းပေမဲ့၊ အထက်လူကြီးကပဲမယုံကြည်လို့ ထိုတင်ပြချက်ကို ပယ်ချခဲ့တာပဲလား ဒါမှမဟုတ် အချက်အလက်တစ်ခုခုကိုသိရှိထားပြီး ၎င်းကိုလူသိမခံချင်လို့ ဖုံးကွယ်ထားတာပဲလား?

ဒါဟာဂျပန်တစ်ခုတည်းမှာသာမဟုတ်ဘဲ၊ အမေရိကန်စစ်လေယာဉ်မှူးတစ်ချို့လည်း မြင်ဖူးတယ်လို့ဆိုထားပါတယ်။

ဒါဟာ တကယ့်ဓါတ်ပုံအစစ်ပါ။ UFO နဲ့ချွတ်စွပ်ပါပဲ ..

လေယာဉ်မှူးတွေဆီက ဒီလိုအချက်အလက်တွေနဲ့ အစီရင်ခံစာတွေတက်လာတာတောင်မှ နာမည်ကြီးလူစိတ်ဝင်စားမဖြစ်ရတဲ့အကြောင်းရင်းကို သင်ရောဘယ်လိုထင်ပါသလဲ? စာဖတ်သူတို့ရော UFO ရှိတယ်ဆိုတာကိုယုံပါသလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: