လူတွေရဲ့အသက်ကို အားလုံးထက်တန်ဖိုးထားခဲ့တဲ့ သမားတော် Shigeaki Hinohara

ဂျပန်ရဲ့ဆေးဘက်ဆိုင်ရာနည်းပညာဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ထဲမှာရှိပါတယ်။
ကမ္ဘာတစ်ဝှမ်းကလူတွေတောင် ဂျပန်မှာဆေးလာကုကြတဲ့အကြောင်းကိုကြားမိပါတယ်။
အဲ့ဒီလိုဂျပန်ရဲ့ ဆေးပညာလောကထဲမှာရှိခဲ့တဲ့ အစွမ်းထက်သမားတော်တစ်ဦးအကြောင်းကို ပြောပြပေးချင်ပါတယ်။

https://www.kanaloco.jp/news/life/entry-16531.html

 

日野原重明 Shigeaki Hinohara
၁၉၁၁ ခုနှစ်၊ Yamaguchi စီရင်စုမှာမွေးဖွားခဲ့တဲ့ထိုသူဟာ ကျန်းမာရေးအားနည်းစွာနဲ့ပဲ ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
မူလတန်းကျောင်းသားဘဝမှာတော့ အသည်းအသန်ကျောက်ကပ်ယောင်ခြင်းကြောင့် ကျောင်းနားလိုက်ပေမဲ့၊ Kyoto Imperial University မှာဆေးကျောင်းကိုဝင်ရောက်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းတီဘီရောဂါခံစားရပြီး၊ ဆရာဝန်လမ်းကြောင်းကိုစွန့်လွှတ်ဖို့ လုပ်ခဲ့ပါတယ်။
မိဘတွေရဲ့အပြင်းအထန်ကန့်ကွက်မှုကြောင့် ကျောင်းပြန်တက်ပြီး ဆရာဝန်ဖြစ်ဖို့ပြန်အာရုံစိုက်ခဲ့ပါတယ်။

ဆေးရုံတော်တော်များများကိုရောက်ခဲ့ပြီးနောက်၊ ၁၉၄၄ ခုနှစ် တိုကျိုTsukiji မှာရှိတဲ့ St. Luke’s International Hospital ဆေးရုံရဲ့ ဆရာဝန်တစ်ဦးဖြစ်လာခဲ့ပါတယ်။
ဂျပန်ဟာစစ်ပွဲကြောင့်ဒုက္ခအကြီးအကျယ်ရောက်နေတဲ့အခြေအနေဖြစ်ပြီး၊ သူသွားခဲ့တဲ့ တိုကျိုဟာလည်းအမေရိကန်စစ်လေယာဉ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ဟာပျက်ဆီးယိုယွင်းနေခဲ့ပါတယ်။
St. Luke’s International Hospital ဟာ ခရစ်ယာန်ဆေးရုံဖြစ်တဲ့အတွက် ဗုံးကြဲတိုက်ခိုက်မခံရပေမဲ့၊ ဆေးရုံပတ်လည်မှာတော့ ထိခိုက်ဒဏ်ရာရသူများစွာရှိနေခဲ့ပါတယ်။

အမေရိကန်စစ်တပ်ကြဲချလိုက်တာက မီးလောင်ဗုံးလို့ခေါ်တဲ့ လောင်စာကိုပစ်ချပြီးမီးတောက်တွေကိုထုတ်တဲ့အရာဖြစ်တာကြောင့်၊ အများစု သစ်နဲ့ဆောက်ထားတဲ့ဂျပန်အိမ်တွေဟာ တော်တော်များများမီးလောင်ကုန်ပါတယ်။
ဆေးရုံတော့ဘာမှမဖြစ်သွားပေမဲ့၊ မီးလောင်ဒဏ်ရာရရှိသွားတဲ့လူတွေကအများကြီးဖြစ်နေပြီး ကယ်တင်သင့်တဲ့အသက်တွေဟာ ဆေးရုံပစ္စည်းနဲ့လူအင်အားမမျှတမှုကြောင့် မကယ်တင်လိုက်နိုင်ဘဲ လက်လွှတ်လိုက်ရတဲ့ခါးသီးမှုကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း St. Luke’s International Hospital ဆေးရုံမှာ တစ်ဆင့်တစ်ဆင့်ရာထူးတိုးသွားရင်းနဲ့၊ ဂျပန့်ပထမဦးဆုံး လေယာဉ်ပြန်ပေးဆွဲမှုမှာပါသွားတဲ့ သူလည်းဖြစ်ပါတယ်။
နိုင်ငံတစ်ကာက ဝရမ်းထုတ်ထားတဲ့ ဂျပန်ရဲ့အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ Japan Red Army ဟာ ဆရာဟီနိုဟရ စီးတဲ့လေယာဉ်ကိုပြန်ပေးဆွဲခဲ့ပါတယ်။

ဘေးမသိရန်မခဘဲ ကိုရီးယားမှာလွတ်မြောက်သွားခဲ့တဲ့ ဆရာဟီနိုဟရ ကိုလာကြိုတဲ့ဇနီးဖြစ်သူရဲ့စကားတစ်ခွန်းက အဲ့ဒီနောက်ပိုင်း သူ့ဘဝကိုပြောင်းလဲပေးလိုက်ပါတယ်။
“ ရှင်ဒီမှုခင်းထဲမှာ သေသွားနိုင်တယ်။
သေရွာပြန်လို့မှတ်ပြီး အခုကနေစပြီးလူတွေအတွက်အကျိုးပြုပေးပါ”

ဆရာဟီနိုဟရလည်း ဇနီးသည်ပြောလိုက်တဲ့စကားကို အသေအချာစဉ်းစားခဲ့ပါတယ်။
ရာထူးတိုးပြီးတဲ့နောက်မှာ St. Luke’s International Hospital ဆေးရုံတစ်ခုတည်းမှာတင်မဟုတ်ဘဲ၊ အခြားသောတက္ကသိုလ်နဲ့ ပညာရေးဝန်ကြီးဌာနတို့မှာအလုပ်ဝင်ဖို့သဘောတူညီပြီး၊ ဂျပန်နိုင်ငံရဲ့ဆေးဘက်ဆိုင်ရာအဆင့်မြှင့်တင်ဖို့အတွက် အားသွန်ခွန်စိုက်ပံ့ပိုးပေးခဲ့ပါတယ်။
ဒီအပြင် စိန့်အပြည်ပြည်ဆိုင်ရာဆေးရုံမှာ ဆေးရုံအုပ်အဖြစ်ခန့်အပ်ခြင်းခံရပါတယ်။
ဆေးရုံအုပ်ဖြစ်နေတဲ့အချိန်ကာလမှာ ဆေးရုံရဲ့အဆောက်အအုံကိုပြန်ဆောက်လုပ်ဖို့ပြောခဲ့ပါတယ်။
အဆောက်အအုံအသစ်ကတော့ St. Luke’s Tower လို့ခေါ်တဲ့အဆောက်အအုံကြီးပဲဖြစ်ပါတယ်။
ဒါကိုဆောက်လုပ်နေတဲ့အချိန်၊ ဆရာဟီနိုဟရဟာ ဒီလိုညွှန်ကြားခဲ့ပါတယ်။

“ စင်္ကြံတစ်လျှောက်မှာ အောက်ဆီဂျင်ရှူစက်များ တပ်ဆင်ပေးပါ။”

စင်္ကြံမှာအောက်ဆီဂျင်ရှူစက်?
အဲ့ဒါက ဘယ်အချိန်သုံးရမှာလဲ? ဆိုပြီးအားလုံးကတွေဝေခဲ့ကြပါတယ်။
ဒီပစ္စည်းတွေကိုထည့်လိုက်ခြင်းဖြင့် ဘတ်ဂျက်တအားများနေပြီး အချိန်လည်းပိုကုန်ပါတယ်။
အားလုံးကအကြီးအကျယ်ကန့်ကွက်ခဲ့ကြပေမဲ့၊ ဆရာဟီနိုဟရဟာ အချိန်မဆွဲခဲ့ပါဘူး။
အကြောင်းမှာတော့ သူဟာစစ်ပွဲထဲမှာ အသက်ပေါင်းများစွာကို လက်လွတ်ခဲ့ရဖူးလို့ပါပဲ…

“ ကျွန်တော်မကယ်လိုက်နိုင်တဲ့အသက်တွေ..
နောက်ထပ်ဒီလိုကိစ္စမျိုး ဂျပန်မှာကြုံရနိုင်အုံးမယ်။
နောက်တစ်ခေါက်တော့ မဖြစ်မနေကယ်တင်ဖို့အတွက် လိုအပ်ပါတယ်”

ပူပြင်းတဲ့စိတ်တွေနဲ့လာရောက်ကန့်ကွက်ကြတဲ့ထင်မြင်ချက်တွေကို တစ်ခုချင်းစီပြန်လည်ဖြေရှင်းပြပြီး၊ နောက်ဆုံးမှာတော့ ဒီအဆောက်အုံကြီးပြီးသွားခဲ့ပါတယ်။

စစ်ပွဲတုန်းကလိုမျိုး ဂျပန်မှာဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူးလို့ အားလုံးကတွေးနေကြတဲ့အချိန်မှာပဲ ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။


https://www.moj.go.jp/

၁၉၉၅ ခုနှစ်၊ ဘာသာအသစ်(オウム真理教-အိုမုရှင်းရိခရော)ဟာ၊ တိုကျိုမြေအောက်ရထားမှာ အဆိပ်ရှိတဲ့ sarin ဂတ်စ်ဖြန်းတဲ့အမှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့အချိန်၊ ဘာတွေဘယ်လိုဖြစ်ခဲ့သလဲဆိုတာကိုလုံးဝမသိရဘဲ၊ မြေအောက်ရထားအများအပြားမှာ ထူးဆန်းတဲ့အနံ့ကိုရခဲ့ပြီး၊ ရုတ်တရက်လူတွေလဲကျသွားတယ် ဆိုတာကလွဲပြီး အခြေအနေကိုဘာမှမသိရပါဘူး။

ထိုအချိန်အသက် ၈၃ နှစ်ရှိပြီးဖြစ်တဲ့ ဆရာ Hinohara ဟာ၊ ဒီဖြစ်ရပ်ကိုကြားပြီးချက်ချင်း ပြင်ပလူနာကြည့်ရှုခြင်းစတဲ့ ပုံမှန်လုပ်ငန်းအားလုံးကိုရပ်လိုက်ပြီး၊ တတ်နိုင်သလောက် ထိခိုက်ဒဏ်ရာရသူတွေကို စိန့်လုကာအပြည်ပြည်ဆိုင်ရာဆေးရုံထဲသို့ သယ်လာဖို့ ဆေးရုံကိုဖွင့်ပေးလိုက်ပါတယ်။
အသက်ရှူကျပ်နေတဲ့လူနာတွေကို ကယ်တင်လိုက်တာကတော့၊ ဆရာ Hinohara တစ်ယောက်ကြိုးစားပမ်းစား အားလုံးကိုနားလည်ဖို့ရှင်းပြရတဲ့ ဆေးရုံစင်္ကြံတစ်လျှောက်မှာ တပ်ဆင်ထားခဲ့တဲ့ အောက်ဆီဂျင်ရှူစက်များပဲဖြစ်ပါတယ်။

ဆေးရုံကိုသယ်ဆောင်လာတဲ့လူနာပေါင်း ၆၄၀ ဦးမျှရှိခဲ့ပါတယ်။
အဲ့ဒီလောက်ပမာဏအထိ အရေးပေါ်လူနာပေါင်းများစွာကို လက်ခံပေးနိုင်တဲ့ဆေးရုံမရှိပါဘူး။
သို့သော် ဒီအခြေအနေကိုကြိုတင်ခန့်မှန်းပြီးဆောက်လုပ်ထားတဲ့ စိန့်လုကာအပြည်အပြည်ဆိုင်ရာဆေးရုံတစ်ခုတည်းကပဲ လက်ခံပေးနိုင်ခဲ့ပါတယ်။

ဆေးရုံထဲကိုခေါ်ဆောင်လာတဲ့လူနာတွေကလည်း လျင်မြန်တဲ့တုံ့ပြန်မှုကိုရရှိခဲ့ပါတယ်။
အဆိပ်ဖြေဆေးနဲ့ သိုလှောင်ထားတဲ့ဆေးပစ္စည်းအားလုံးကိုထုတ်ပြီး ဆေးကုသရာမှာသုံးဖို့ ညွှန်ကြားခဲ့ပါတယ်။

အသက် ၈၃ နှစ်ရှိပြီးဖြစ်တဲ့ ဆရာ Hinohara ကိုယ်တိုင်က အခင်းဖြစ်တဲ့နေရာကိုသွားခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ပဲ လူတစ်ယောက်တော့အသက်ဆုံးရှုံးသွားပေမဲ့၊ ကယ်တင်လိုက်နိုင်တဲ့ရာခိုင်နှုန်ကတော့ အံ့မခန်းပါပဲ။

အဲ့ဒီနောက်ပိုင်းလည်း ဆရာ Hinohara ရဲ့လှုပ်ရှားမှုတွေဟာ ရပ်မသွားခဲ့ပါဘူး။
အားလုံးလည်းသိကြတဲ့အတိုင်း ၂၀၀၁ ခုနှစ်၊ အမေရိကန်မှာ 911 ဖြစ်ရပ်ဖြစ်သွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ ဗာဂျီးနီးယားမှာဖြစ်ခဲ့တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှု၊ အဲ့ဒီအချိန်ဆရာ Hinohara ဟာ အသက် ၈၉ နှစ်ရှိပါပြီ။
ဒီအသက်အရွယ်နဲ့လည်း လှုပ်ရှားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

“ လက်တုံ့ပြန်တာမျိုး မလုပ်သင့်ဘူးလို့ သမ္မတဘုရှ်ကိုအကြံပေးချင်ပါတယ်။”

သူ့ပတ်ဝန်းကျင်ကလူအားလုံးက “ ဘာတွေပြောနေတာလဲ?” လို့စဉ်းစားမရဖြစ်သွားပါတယ်။
သို့သော် အမေရိကန်အထိကိုယ်တိုင်သွားပြီး၊ သမ္မတဘုရှ်နဲ့တွေ့ဆုံခဲ့ပါတယ်။
ပုံမှန်ဆိုရင်တောင် တွေ့ဖို့မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ဒီအရေးပေါ်အခြေအနေကြားထဲမှာတောင်တွေ့ခွင့်ရတယ်ဆိုတာက ဆရာ Hinohara ဟာဘယ်လောက်တောင် အဆက်အသွယ်ကြီးကြီးမားမားရှိလဲဆိုတာကိုပါ နားလည်ရပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ တန်ပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဖြစ်နိုင်မယ်ဆို အစကနေပြန်စချင်တယ်။ အဲ့ဒီစိတ်ကိုနားလည်ပေမဲ့၊ အဲ့ဒါကိုလုပ်လိုက်ရင် ပိုပြီးအတော်မသတ်နိုင်တဲ့ လက်တုံ့ပြန်မှုတွေပဲရောက်လာမှာဖြစ်ပေမဲ့…

အမြဲတမ်းအားတက်သရော နောက်ပြီးအားလုံးထက်ပိုပြီး လူ့အသက်ကိုတန်ဖိုးထား ချစ်မြတ်နိုးတဲ့ ဆရာ Hinohara ဟာ
၂၀၁၇ ခုနှစ်၊ ၇ လပိုင်း၊ ၁၈ ရက်နေ့၊ အသက် ၁၀၅ နှစ်မှာပဲကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။
သူမသေဆုံးခင်မှာ ဒီလိုပြောခဲ့ပါတယ်။

“ ဘဝဆိုတာ ကျွန်တော်တို့ကိုပေးအပ်ထားတဲ့အချိန်ပဲ။
အဲ့ဒါကိုဘာအတွက်အသုံးပြုသလဲ၊ အကယ်၍အကူအညီတောင်းတဲ့သူတွေအတွက် အကျိုးရှိစွာအသုံးချမယ်ဆိုရင်၊
မိမိတို့ရဲ့အသက်ရှင်မှုဟာ အနာဂတ်မှာမွေးဖွားလာမယ့် ကလေးတွေအတွက်စံပြဖြစ်လာမယ်”

အမြဲတမ်းတက်ကြွတဲ့ ယုံကြည်ချက်ကိုရင်မှာပိုက်ထားခဲ့တဲ့ ဆရာ Hinohara ဟာ အသက်သာ ၁၀၀ ကျော်သွားခဲ့ပေမဲ့ နောင် ၂ နှစ်၊ ၃ နှစ်ထိတိုင် လုပ်ချင်သေးတဲ့အရာတွေအတွက်အချိန်ဇယားကတော့ အပြည့်ရှိနေခဲ့ပါတယ်။
ကားနဲ့ခရီးသွားရင်း အချိန်တိုတိုအတွင်းမှာတောင် စာမူတွေရေးဖို့ အသုံးပြုခဲ့ပြီး၊ မိမိရဲ့အတွေးအမြင်ကို လူတွေကိုတတ်နိုင်သမျှပြောပြဖို့ ကြိုးစားခဲ့ပါတယ်။

အသက် ၉၆ နှစ်ရောက်သည်တိုင် တစ်ပတ်မှာတစ်ကြိမ် ညလုံးပေါက်ပုံနှိပ်လေ့ရှိခဲ့ပေမဲ့၊ ၉၆ နှစ်ကျော်လာတဲ့အချိန်မှာအဲ့ဒါကိုရပ်လိုက်ပြီး၊ အိပ်ချိန်ကိုလည်း ၅ နာရီအထိတိုးခဲ့တယ်လို့ပြောပါတယ်။
နည်းပေမဲ့လည်း အသက် ၁၁၀ အထိတက်တက်ကြွကြွရှိချင်သေးတယ်လို့ ပြောခဲ့ပါတယ်။

ဆရာ့ဆန္ဒကို ဆက်ပြီးအမွေဆက်ခံမယ့် ဆရာဝန်များစွာပေါ်ပေါက်လာဖို့ ဆုတောင်းမိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: