Halloween ညက Keio ရထားလိုင်းဖြစ်ရပ်ကိုအတုခိုးပြီး ကျည်ဆန်ရထားမီးရှို့ဖို့ ကြိုးစားခဲ့သူကိုဖမ်းမိ

Kyushu ကျည်ဆန်ရထားအတွင်းမှာ ကြမ်းပြင်ကိုမီးညှိပြီး ရထားကိုမီးရှို့ဖို့ကြိုးစားခဲ့တဲ့အမျိုးသားတစ်ဦး အဖမ်းခံလိုက်ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး၊ ထိုအမျိုးသားဟာ Halloween ညကဖြစ်သွားခဲ့တဲ့ Keio ရထားလိုင်းပေါ်ကဖြစ်ရပ်ကို အတုခိုးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Kiyoshi Miyake (၆၉)နှစ်-အလုပ်အကိုင်မသိ၊ဟာ ၈ ရက်နေ့နံနက် ၉ နာရီမတိုင်ခင်က Kumamoto စီရင်စုကိုသွားမယ့် အောက်ပါကျည်ဆန်ရထား နံပါတ် ၃ ရဲ့ကြမ်းပြင်ကို အရည်တစ်မျိုးလောင်းပြီး၊ မီးခြစ်နဲ့စက္ကူမီးရှို့ကာ ရထားကိုမီးရှို့ဖို့ကြိုးစားခဲ့ပါတယ်။

 

https://news.tv-asahi.co.jp/

 

https://news.yahoo.co.jp/

ကျည်ဆန်ရထားစီးနှင်းမယ့် ခရီးသည်တစ်ဦးက “ မီးခိုးငွေ့တွေမကြိုက်ဘူးလို့ပြောပြီး ရထားနံပါတ် ၃ ကတစ်ဖြည်းဖြည်းလာရင်းနဲ့မှ မီးလောင်နေတယ် မီးလောင်နေတယ်လို့ပြောပြီး ရောက်လာလို့လန့်သွားခဲ့ရတယ်” လို့ပြောခဲ့ပါတယ်။

တရားခံ Miyake ဟာ အခင်းမဖြစ်ပွားခင်ညက အသိတစ်ယောက်ထံဖုန်းဆက်ပြီး “ အခု Kumamoto မှာရှိနေတယ်။ သေချင်တာတောင် မသေနိုင်သေးဘူး” လို့ပြောခဲ့တယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုမှာ တရားခံက Halloween ညကဖြစ်ပျက်သွားခဲ့တဲ့ Keio ရထားလိုင်းပေါ်ကဖြစ်ရပ်ကို အတုခိုးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

 

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: