ကိုရိုနာပြီးရင် Camping Car နဲ့ အလည်သွားရအောင်

ကိုရိုနာပြီးတဲ့နောက် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဥ်ကို အသုံးမပြုချင်ကြတဲ့သူတွေ များလာလို့မလားမသိဘူး Camping Car ရောင်းအားကောင်းပါတယ်။
Camping Car ဆိုတာကတော့ အခန်းဖွဲ့စည်းပုံပါရှိတဲ့ ကားဖြစ်ပါတယ်။

အမေရိကရဲ့ Camping Car ကတော့ ဒီလိုကြီးမားတဲ့ယာဥ်ဖြစ်ပါတယ်။

https://www.asahi.com/and/article/20200311/10416320/


အတွင်းပိုင်းပြင်ဆင်မှုကလည်း တစ်ကယ့်ကိုအိမ်တစ်လုံးလိုမျိုး ပြင်ဆင်ထားပေမယ့် ဒီလိုအရွယ်အစားဆိုရင် ဈေးနှုန်းကလည်းကြီးပြီး ဂျပန်နိုင်ငံရဲ့ လမ်းအခြေအနေနဲ့လည်း မကိုက်ညီပါဘူး။

ဒါကြောင့် ဂျပန်နိုင်ငံမှာတော့ ဒီလောက်အရွယ်အစားရှိတဲ့ Camping Car က ခေတ်စားနေပါတယ်။

https://rental-camper.jp/

ဒီအရွယ်အစားဆိုရင် ဂျပန်နိုင်ငံရဲ့ လမ်းအများစုမှာ မောင်းနှင်နိုင်တဲ့အတွက် မိသားစုတွေ၊ ချစ်သူရည်းစားတွေ ဂျပန်နိုင်ငံတစ်ဝှမ်းကို အတူတကွ သွားလာနိုင်ပါတယ်။
နောက်တွဲအမျိုးအစားလည်းရှိပေမယ့် ဂျပန်နိုင်ငံမှာဆိုရင် နောက်တွဲအတွက် အထူးလိုင်စင်လိုအပ်တဲ့အတွက် အခု အသုံးမကျယ်ပြန့်ပါဘူး။

ကျဥ်းမြောင်းတဲ့ကားအတွင်းပိုင်းမှာ အတွင်းပိုင်းပြင်ဆင်ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာက အိပ်ရာအကြီးကြီးထားချင်တယ်တို့၊ အလုပ်လုပ်လို့ရတဲ့နေရာ ထားချင်တယ်တို့၊ ဟင်းချက်လို့ရတဲ့နေရာရှိမှဖြစ်မယ်တို့စသဖြင့် ပိုင်ရှင်အပေါ် မူတည်ပါတယ်

ဂျပန်နိုင်ငံ Camping Car ရဲ့ အတွင်းပိုင်းပြင်ဆင်မှုက ဘယ်လိုမျိုးရှိလဲဆိုတာ ကြည့်လိုက်ရအောင်။

ဒါကတော့ ပုံသေတပ်ထားတဲ့နှစ်ထပ်အိပ်စင်ရှိတဲ့အမျိုးအစားဖြစ်ပါတယ်။

https://news.drimo.jp/campingcar-description/

ခေါက်သိမ်းစရာမလိုတဲ့အတွက် အလုပ်လည်းမရှုပ်တော့ပါဘူး။
ဒါ့အပြင် အားလုံးနဲ့အတူ သေသေချာချာထိုင်နိုင်တဲ့ ထမင်းစားပွဲလည်းရှိတဲ့အတွက် ထမင်းစားတာအပြင် အဲ့ဒီနေရာမှာပဲ အလုပ်လုပ်နိုင်ပါတယ်။
ဂျပန်နိုင်ငံမှာ ကွန်ဗီးနီးယမ့်စတိုးဆိုင်တွေ အများကြီးရှိတဲ့အတွက် ထမင်းဘူးဝယ်ပြီး ဒီမှာအတူစုစားရင်လည်း အဆင်ပြေပါတယ်။

ယာဥ်မောင်းထိုင်ခုံရဲ့ အပေါ်ပိုင်းမှာ အိပ်ရာထားတဲ့အမျိုးအစားလည်း ရှိပါတယ်။

ယာဥ်မောင်းထိုင်ခုံအပေါ်က နေရာလွတ်အပေါ်မှာ ဒီလိုမျိုး အိပ်ရာထားထားတာဖြစ်ပါတယ်။
သိပ်မမြင့်တဲ့နေရာဖြစ်တာကြောင့် အိပ်ရာသီးသန့်အတွက်ပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အခြားနေရာမှာတော့ နေရာကျယ်ကျယ်လွတ်သွားမှာ ဖြစ်ပါတယ်။

ထိုင်ခုံကို အိပ်ရာအဖြစ် ပုံပြောင်းနိုင်တဲ့အမျိုးအစားလည်း ရှိပါတယ်။

ပုံမှန်အိပ်ရာတွေထက် နည်းနည်းအလုပ်ရှုပ်ရပေမယ့် အဲ့အတွက် အိပ်ရာနေရာအကျယ်ကြီး ထားရှိနိုင်ပါတယ်။ နေ့ခင်းဘက်မှာလည်း ထိုင်ခုံအဖြစ် ပုံပြောင်းနိုင်တဲ့အတွက် အနှောက်အယှက် မဖြစ်တော့ပါဘူး။
စုံတွဲတွေအတွက် အဆင်ပြေစေမှာပါ။

ဒီကားမှာဆိုရင် မီးဖိုချောင်အသေးလေးလည်း ပါရှိတဲ့အတွက် ခရီးသွားရင်းနဲ့ တွေ့တဲ့ အရသာရှိတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ငါးတွေကို ချက်ပြုတ်စားသောက်နိုင်တာကလည်း ပျော်စရာပါပဲ။

ဒါ့အပြင် မျက်နှာကျက်မြင့်တဲ့အမျိုးအစားလည်း ရှိပါတယ်။

ဒါကတော့ အမြဲရပ်ထားရတဲ့အမျိုးအစားဖြစ်ပေမယ့် ခေါင်မိုးပိုင်းကိုချိန်ညှိတာတွေလုပ်နိုင်တဲ့အတွက် မျက်နှာကျက်ကို မြင့်နိုင်ပါတယ်။
မျက်နှာကျက်မြင့်ရုံနဲ့တင် လုံးဝကို သက်တောင့်သက်သာဖြစ်သွားမှာ အသေချာပါပဲ။

အောက်ကကားကတော့ ဇိမ်ခံကားလိုမျိုး အခြေအနေဖြစ်ပါတယ်။

စခရင်အကြီးကြီးပါတဲ့အတွက် ကာရာအိုခေလည်း ဆိုနိုင်ပါတယ်။
တောင်ပေါ်မှာ၊ ပင်လယ်ကမ်းစပ်မှာ ကာရာအိုခေဆိုနိုင်တာက အကောင်းဆုံးမဟုတ်လားနော်။

ဒါ့အပြင် သာမန်အတိုင်း အမြဲနေထိုင်နေကြတဲ့သူလည်း ရှိပါတယ်။
အောက်ကလူတွေကတော့ Camping Car မှာ ၃ နှစ်ကြာ နေထိုင်နေကြတဲ့ပုံပါပဲ။

https://news.drimo.jp/knowledge/

သေးငယ်ပေမယ့်လည်း အိမ်သာနဲ့ ရေချိုးခန်းပါ ပါရှိပါတယ်။

ဒီလိုပြည့်စုံနေပုံက ရွေ့လျားနေတဲ့အိမ်လိုပါပဲ။
ဒါပေမယ့် အိမ်သာပါရှိတဲ့အတွက် ရေဆိုးစွန့်ထုတ်မှုပြုလုပ်ရမှာဖြစ်လို့ နည်းနည်းအလုပ်ရှုပ်စရာရှိပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံထုတ် Camping Car အများစုမှာ အိမ်သာနဲ့ ရေချိုးခန်း မပါရှိပါဘူး။
ဘယ်ကွန်ဗီးနီးယမ့်စတိုးမှာမဆို အိမ်သာအသုံးပြုနိုင်ပြီး ရေချိုးခန်း၊ ဂျပန်စတိုင်ရေချိုးဖို့အတွက် အများသုံးရေချိုးခန်းနဲ့ ရေပူစမ်းတွေက နေရာတိုင်းမှာ ရှိပါတယ်။
ဒါ့အပြင် အဝတ်လျှော်တာအတွက်လည်း အကြွေစေ့သုံးအဝတ်လျှော်စက်ကို အသုံးပြုမယ်ဆိုရင် ကားထဲမှာ အဝတ်လျှော်စက်ကို ထည့်သွင်းတပ်ဆင်စရာ မလိုပါဘူး။

ဂျပန်နိုင်ငံမှာတော့ Remote Work ဟာ လုပ်ရိုးလုပ်စဥ်လို ဖြစ်နေတဲ့အတွက် အင်တာနက်သာချိတ်ဆက်ထားမယ်ဆိုရင် ဒီလိုမျိုးနေထိုင်ပြီး အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး နေထိုင်မှုကို ရုတ်တရတ်စဖို့ စိတ်မအေးတဲ့သူတွေအတွက် အငှားကားတွေလည်း ရှိတဲ့အတွက် အငှားကားနဲ့ ၁ ပတ်လောက် လွတ်လွတ်လပ်လပ် နေထိုင်ကြည့်နိုင်ပါတယ်။
ဒီ Camping Car နဲ့ နေထိုင်မှုဟာ ကိုရိုနာပြီးတဲ့နောက် အသစ်ပေါ်ထွက်လာတဲ့ နေထိုင်မှုပုံစံအသစ် New Normal အသစ်ထဲက တစ်ခုဖြစ်လာနိုင်မလားမသိဘူးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: