ဂျပန်အိမ်သာတွေမှာ အမျိုးသားတွေကို ကိစ္စတစ်ခုမလုပ်ဖို့ တားမြစ်ထား!!! (မိန်းကလေးများ မဖတ်ရ)

ဂျပန်လူမျိုးတွေဟာ အကြောင်းမရှိဘဲ အိမ်သာကိုအရမ်းကြိုက်ကြပါတယ်။
ဆိုလိုတာက အရင်ကလည်း JAPO မှာခဏခဏတင်ပေးဖူးလို့ အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်။
အိမ်သာကိုအရမ်းကြိုက်ကြတဲ့လူမျိုးဆိုရင် ဂျပန်လူမျိုးပါပဲ။
ထိုကိစ္စနဲ့အမျိုးသားတွေကို အရာတစ်ခုမလုပ်ဖို့ တားမြစ်ထားပါတယ်။

ကဲအမျိုးသားစာဖတ်ပရိသတ်အပေါင်းတို့၊ ရှူရှူးဘယ်လိုပေါက်ကြသလဲ?
မတ်တတ်ရပ်ပြီး အိမ်သာခွက်ကိုရွယ်ပြီးပေါက်ကြပါသလား?(ရိုင်းသွားရင် sorry ပါဗျာ)
တစ်ကမ္ဘာလုံးကအမျိုးသားတွေလည်း ဒီလိုပဲအပေါ့သွားကြပေမဲ့၊ ဂျပန်မိသားစုတော်တော်များများကတော့ ဒါကိုတားမြစ်ထားပါတယ်။

ဒီလိုလုပ် လို့ဆိုပါတယ်။

ဂျပန်မှာလည်း မတ်တတ်ရပ်ပေါက်တဲ့ပုံစံကအဓိကဖြစ်ပေမဲ့၊ လက်ရှိ ၂၀၂၁ ခုနှစ်၊ ခန့်မှန်းခြေ ၆၀ ရာခိုင်နှုန်းသောအမျိုးသားတွေဟာ ထိုင်ပြီးပေါက်တဲ့ပုံစံကိုဖြစ်သွားကြတယ်တဲ့..
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတော့ ၃၀ ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့၊ တစ်ချိန်တည်းမှာပဲ ဒီလိုပုံစံကိုပြောင်းလဲလာခဲ့ပါတယ်။

မိန်းကလေးတွေကဲ့သို့ ဒီလိုပုံစံဖြစ်သွားရတဲ့အကြောင်းအရင်းက တရားခံမှာဂျပန်အိမ်သာတွေရဲ့သန့်ရှင်းမှုကြောင့် ဖြစ်ပါတယ်။
ဂျပန်မိသားစုတွေရဲ့ အိမ်သာက ဒီလိုပုံစံပါ။

သန့်ရှင်းနေတာပဲ။
ကြမ်းပြင်ကကြွေပြားမဟုတ်တဲ့အတွက် ရေနဲ့ဆေးချလို့မရပါဘူး။

မတ်တတ်သွားမယ်ဆိုရင် ကြမ်းပြင်ဘေးပတ်လည်ကို စင်ထွက်ကုန်မှာဖြစ်ပြီး၊ ရေနဲ့ဆေးချလို့မရတဲ့အိမ်သာဖြစ်နေတာကြောင့်၊ မစင်ထွက်ကုန်အောင် ထိုင်ပြီးပေါက်ပါဆိုပြီး ဇနီးသည်တွေက ဆူလေ့ရှိပါတယ်။

ဇနီးသည်တွေဘက်ကိုမေးကြည့်တဲ့အခါ၊ ထိုင်ပြီးပေါက်စေချင်သူတွေဟာ ၇၇.၆ ရာခိုင်းနှုန်းတောင်ရှိကြောင်းသိရပါတယ်။
ဟုတ်တယ်နော်.. သန့်ရှင်းရေးကို မိန်းမဖြစ်သူကပဲလုပ်ပေးရတာပါ။ ဒါကြောင့်အမျိုးသားတွေက သဘောထားကြီးကြီးနဲ့ပြောစကားနားထောင်ပေးလိုက်တာက အကောင်းဆုံးပါပဲ။

ဒါဆို၊ ပတ်ပတ်လည်ရေဆေးချလို့ရတဲ့ ကြွေပြားကပ်ထားမယ်ဆိုရင်ရော မတ်တတ်သွားလို့ရမလား?
ဒီလိုတွေးတဲ့လူလည်းရှိမယ်နော်.. ဒီနေရာမှာတော့ အေးတဲ့ပြဿနာရှိလာပါတယ်။
ဂျပန်ရဲ့ဆောင်းရာသီ အရမ်းအေးပါတယ်..
ဒါကြောင့် ကြွေပြားဆိုရင်ခြေထောက်အေးလာပြီး၊ ဆောင်းရာသီဆိုရင်တော့ အိမ်သာမသွားချင်တော့အောင်ဖြစ်ရပါတယ်။

ကျွန်တော်လည်း မတ်တတ်သွားတဲ့ဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဒီလိုထင်မြင်ချက်ကိုကြားရပြီး စမ်းပြီးထိုင်ကြည့်လိုက်တဲ့အခါ၊ အခုဆို ထိုင်တဲ့ပုံစံနဲ့တောင်အသားကျသွားပါပြီ။(ရယ်လျက်)
ဂျပန်အိမ်သာတွေက သန့်ရှင်းတဲ့အတွက် စိတ်အေးချမ်းရတယ်နော်..
အိမ်သာထဲလက်ကိုင်ဖုန်းယူသွားပြီး၊ အေးအေးဆေးဆေးသွားနေလို့ရတဲ့အထိ ဂျပန်အိမ်သာတွေကသန့်ရှင်းပါတယ်။

အိမ်သာကိုအရမ်းနှစ်သက်ခုံမင်တဲ့လူမျိုးအတွက်ကတော့ ယောက်ျားဆန်မှုထက် အိမ်သာကိုလှပသန့်ရှင်းစွာထားခြင်းက ပိုပြီးအရေးပါပါတယ်။

 

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: