ဂျပန်မလေးတွေကြားမှာရေပန်းစားတဲ့ အချစ်ယတြာ!! (crush ကမိမိကိုပြန်မကြိုက်လို့ စိတ်ညစ်နေပါသလား?)

အားလုံးပဲ အချစ်ယတြာကိုစမ်းသပ်ကြည့်ဖူးကြပါသလား?
ဂျပန်မှာတော့ မိန်းကလေးတွေက အချစ်ယတြာကိုစမ်းသပ်ကြပြီး အလွန်ရေပန်းစားတယ်လို့ပြောပါတယ်။
သေချာပေါက် အဲ့ဒါတစ်ခုတည်းနဲ့ အချစ်တွေမွေးဖွားလာမယ်လို့တော့မဟုတ်ပေမဲ့၊ ဖြစ်နိုင်ချေနည်းနည်းလေးရှိရင်တောင် ဝမ်းသာစရာကောင်းပါတယ်။
ဒီတစ်ခေါက်က ဂျပန်မလေးတွေကြားမှာရေပန်းစားတဲ့ အချစ်ယတြာကို မိတ်ဆက်ပေးပါမယ်။

 

၁။ ခဲဖျက်မှာ တစ်ဖက်လူရဲ့နာမည်ကိုရေးမယ့်ယတြာ

ဒါကဂျပန်မှာနာမည်အကြီးဆုံး အချစ်ယတြာလို့ပြောလိုက်ရတဲ့ အရင်ကတည်းကလူကြိုက်များတဲ့ ယတြာချေနည်းတစ်မျိုးဖြစ်ပါတယ်။
ပြင်ဆင်ရမယ့်အရာက ခဲဖျက်အသစ်တစ်တုံး(ဖုံးထားတဲ့အလွှာလေးပါ) နဲ့ marker pen ရယ်၊ ဘောလ်ပင် တို့ပါပဲ..
အလွယ်တကူအစပြုနိုင်တာက အဓိကအချက်ဖြစ်ပါတယ်။
ခဲဖျက်အသစ်ရဲ့ ကာဗာကိုချွတ်ပြီး၊ ကာဗာရဲ့မမြင်ရတဲ့အတွင်းခြမ်းမှာ သဘောကျနေသူရဲ့နာမည်ကိုရေးပါ၊ ပြီးရင် ကာဗာကိုပြန်ကပ်လိုက်ပါ။
လုပ်ပုံလုပ်နည်းကတော့ ဒါပါပဲ..
သို့သော် သတိပြုရမယ့်အချက်က..ဒီခဲဖျက်ကိုဘယ်သူမှမငှားလိုက်ဘဲ မိမိတစ်ယောက်တည်းကုန်တဲ့အထိအသုံးပြုမယ်ဆိုရင်၊ ခဲဖျက်မှာရေးထားတဲ့လူက မိမိကိုပြန်ချစ်လာလိမ့်မယ်ဆိုတဲ့ ယတြာပဲဖြစ်ပါတယ်။
တစ်ဝက်တစ်ပြတ်မှာ တစ်စုံတစ်ယောက်ကနှောက်ယှက်တာတို့၊ ယူသုံးလိုက်တာတို့ဆိုတော့ ဒီယတြာကပျက်ဆီးသွားပါလိမ့်မယ်။
ပြင်ဆင်ရတာလွယ်ကူပေမဲ့၊ ကုန်တဲ့အထိအသုံးပြုဖို့က အချိန်အကြာကြီးပေးရမယ့်အပြင် နည်းနည်းတော့စွန့်စားရမယ့်အလုပ်ပဲနော်
သုံးလို့တောင်မကုန်သေးဘဲ crush ကပြောင်းသွားရင်တော့ ဒီယတြာလည်းအထမမြောက်တော့ပါဘူးနော်..

 

၂။ ခေါင်းအုံးပေါ်မှာ crush ရဲ့နာမည်ကိုရေးထားခြင်း


ဒါကတော့ ပိုပြီးတောင်လွယ်ကူပြီး၊ သိပ်လည်းမစွန့်စားရပါဘူး။
မအိပ်ခင်မှာ crush ရဲ့နာမည်အပြည့်အစုံကို မိမိခေါင်းအုံးပေါ်မှာ လက်နဲ့ရေးပါမယ်။ ဒါကို ၃ ကြိမ်ရေးပြီး၊ နောက်ဆုံးမှာ crush ကိုမြင်ယောင်ကြည့်ရင်း ထိုခေါင်းအုံးကိုညင်သာစွာနဲ့ နမ်းရမှာဖြစ်ပါတယ်။
ထိုယတြာချေထားတဲ့ခေါင်းအုံးပေါ်မှာ အိပ်လိုက်ရင်ရပါပြီး…
ချက်ချင်းအချစ်တွေစစ်မှန်လာမယ့် ယတြာမျိုးတော့မဟုတ်ပေမဲ့၊ ညတိုင်းမပျက်မကွက် လုပ်ဆောင်သွားဖို့က အရေးကြီးပါတယ်။
အလုပ်တစ်ခုကို ပုံမှန်မလုပ်နိုင်တဲ့လူတောင်မှ၊ ဒီအခွင့်အရေးကိုတော့ အပန်းမကြီးဘဲကျော်လွှားနိုင်လောက်မယ်နော်…

 

၃။ ကွဲသွားတဲ့ချစ်သူနဲ့ ပြန်ဆက်သွယ်မယ်? ဖဲပြားချည်ခြင်းယတြာ


တစ်ဖက်သက်အချစ်ကို အပြန်အလှန်မေတ္တာအဖြစ်ပြောင်းလဲမယ့် ယတြာတော့မဟုတ်ပါဘူး။
ကွဲသွားတဲ့ချစ်သူနဲ့ နောက်တစ်ကြိမ်ပြန်လည်နီးစပ်ဖို့ အသုံးပြုတဲ့ယတြာပဲဖြစ်ပါတယ်။
အရင်ဆုံး သူနဲ့ ၂ ယောက်တည်းရိုက်ထားတဲ့ဓါတ်ပုံကိုပြင်ဆင်ရပါမယ်။ အဲ့ဒီမှာ အနီရောင်ချည်နဲ့ ဖဲပြားလေးအဖြစ်ချည်ရပါမယ်။
ပြီးရင် ဖဲပြားချည်ထားတဲ့ဓါတ်ပုံကို ဘယ်သွားသွားအမြဲတမ်းသယ်ဆောင်သွားရပါမယ်။
အမြဲတမ်းသယ်ဆောင်ဖို့လိုအပ်တဲ့အတွက်၊ မှတ်စုစာအုပ် ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲမှာ သိမ်းထားဖို့ကအဓိပါ။
ဂျပန်မှာတော့ အနီရောင်ချည်နဲ့ဖဲပြားချည်ခြင်းဆိုတာက အချစ်အတွက်ကောင်းတယ်လို့သတ်မှတ်ထားတာကြောင့်၊ သေချာပေါက် အတိတ်ကနှစ်ဦးသားအဖြစ်ကိုပြန်လည်ရောက်ရှိပြီး၊ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။

 

၄။ လပြည့်ညရဲ့ယတြာ

လပြည့်ရဲ့အလင်းရောင်ဟာ အကောင်းဆုံးစွမ်းအားတွေနဲ့ ပြည့်နက်နေပါတယ်။
လပြည့်အလင်းရောင်နဲ့ လရောင်ကိုခံထားတဲ့ရေကိုသောက်မယ်ဆို ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် ထိရောက်မှုရှိခြင်း၊ ဒီအပြင်ထိုရေကို ခေါင်းအုံးဘေးမှာထားပြီးအိပ်မယ်ဆိုရင် မကောင်းတဲ့စိတ်ခြောက်ခြားခြင်းတွေကို ရှောင်းရှားနိုင်ပါတယ်။
ဒီယတြာမှာလည်း လရောင်နဲ့ရေဟာ အဓိကဖြစ်ပါတယ်။
အရင်ဆုံး သန့်စင်တဲ့တွင်းထွက်ရေကို ဖန်ခွက်ထဲထည့်ပါ။
၎င်းကို လရောင်ရရှိမယ့်နေရာမှာ မိနစ် ၃၀ ခန့်ထားပါ။ အချိန်ပြည့်ပြီဆိုရင် လကိုမျက်နှာမူပြီး “ ချစ်ရသူနဲ့ပြန်လည်ဆုံဆည်းရပါစေ” လို့ဆုတောင်းပြီး ထိုရေကိုသောက်လိုက်ရပါမယ်။
လရဲ့စွမ်းအားတွေကိုရရှိပြီး၊ ပျော်ရွှင်မှုတွေက မိမိဆီရောက်ရှိလာမှာဖြစ်ပါတယ်။

 

၅။ crush ရဲ့အရိပ်ကို တက်နင်းရမယ့်ယတြာ

ဒါဟာအရမ်းကိုရိုးရှင်းတဲ့ယတြာချေခြင်းပါ။
ပြင်ဆင်ရမယ့်အရာတွေက ဘာမှကိုမရှိတာပါ။ သို့သော် တစ်ချို့လူတွေအတွက် လုပ်ဖို့အချိန်မရှိတာလည်းရှိပါတယ်။
ဒီယတြာချေခြင်းနည်းလမ်းဟာ တစ်နေ့အတွင်းမှာ crush ရဲ့အရိပ်ကို သူ့မသိအောင် နင်းရမှာဖြစ်ပါတယ်။
ဂျပန်မှာတော့ အရင်ကတည်းက လူရဲ့အရိပ်ဟာထိုလူရဲ့ကိုယ်စားပြုသူအဖြစ် သဘောထားကြပါတယ်။ crush ရဲ့အရိပ်နဲ့တစ်ထပ်တည်းကျခြင်းဖြင့် သင့်ရဲ့တည်ရှိမှုက သူ့အတွက် လျစ်လျူရှုလို့မရတဲ့တည်ရှိမှုဖြစ်လာပြီး၊ မသိလိုက်ခင်မှာပဲ သူ့ရဲ့စိတ်ထဲမှာ သင်ဟာနေရာယူသွားပါလိမ့်မယ်။

ကဲ ဘယ်လိုသဘောရပါသလဲ?
ဂျပန်မှာ နာမည်ကြီးတဲ့အချစ်ယတြာတွေ နောက်ထပ်အများကြီးရှိပါသေးတယ်။ သေချာပေါက် ပိုပြီးအဓိကကျတဲ့ “ crush ဟာလက်ရှိကောင်မလေးနဲ့ပြတ်သွားစေမယ့်ယတြာ” စတာတွေလည်းရှိတာပေါ့ ..
နောက်ထပ်လမ်းကြုံရင်တော့ ပြောပြပါအုံးမယ်။

ဒီယတြာတွေကိုတော့ သံသယကင်းစွာနဲ့ ယုံကြည်ပြီးလုပ်ရမယ်၊ နောက်ပြီးဘယ်သူကိုမှအနှောက်အယှက်မဖြစ်စေဘဲ တစ်ယောက်တည်းလုပ်ရမှာဖြစ်ပါတယ်။
ဒါဆိုအားလုံးလည်း သေချာပေါက် တိတ်တိတ်ကလေး နေ့စဉ်လုပ်ဆောင်မှုတွေမှာ အချစ်ယတြာကိုထည့်သွင်းကြည့်မယ်ဆိုရင်ရော?

ဒါနဲ့ကြိုပြောထားပါအုံးမယ်..
တကယ်မဖြစ်လာရင်တော့ ဆောရီးပါနော် > <

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: