ဂျပန်ရဲ့မိုက်လွန်းတဲ့ အသံတိတ်အဆောက်အအုံဖြိုချခြင်းနည်းပညာ !!!

မြို့ပြကြီးတွေဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ထိုဖွံ့ဖိုးတိုးတက်မှုနဲ့လိုက်ပြီး အဓိကဖြစ်လာတာကတော့ အထပ်မြင့်အဆောက်အအုံတွေပဲဖြစ်ပါတယ်။
ကွန်ဒိုတွေနဲ့ ရုံးခန်းတွေကနေရာယူလာပါတယ်။
အထပ်မြင့်ဟိုတယ်တွေလည်း အတော်များများရှိလာပါတယ်။

တည်ဆောက်ရတာလည်း အဲ့ဒီလောက်လွယ်တာတော့မဟုတ်ပေမဲ့၊ အခက်ခဲဆုံးအပိုင်းကတော့ ဖြိုချရေးဖြစ်ပါတယ်။
ဒိုင်းနမိုက်နဲ့ဖျက်ဆီးခြင်း၊ သံဘောလုံးဖြင့်တိုက်ပြီးဖျက်ဆီးခြင်း၊ အဲ့ဒီလိုပုံစံတွေကို ရုပ်ရှင်တွေထဲမှာလည်းတွေ့ဖူးပေမဲ့၊ ဂျပန်ကတော့ ကွဲပြားသွားပါတယ်။

“ အသံတောင်မထွက်ဘဲ ဖြိုချမယ်”

ဂျပန်ဟာ အဲ့ဒီလိုယုတ္တိမရှိတဲ့တောင်းဆိုမှုကို အကောင်အထည်ဖော်လိုက်ပါတယ်။
အခြေခံအချက်အနေနဲ့ ပတ်ဝန်းကျင်ကို လုံးဝအနှောက်အယှက်မဖြစ်စေရဘူး ဆိုပြီးသတ်မှတ်ထားပါတယ်။

ဆောက်လုပ်တဲ့အချိန်လည်းအတူတူပါပဲ။ သေသေချာချာနဲ့ Construction site ပတ်ဝန်းကျင်မှာ အကာအရံကိုပြုလုပ်ပြီး ဖုန်နဲ့ဆူညံသံကို ကာကွယ်ထားကြပါတယ်။

အထပ်တွေပြိုကျသွားမှာကိုတော့ မြင်ယောင်ကြည့်နိုင်ပေမဲ့၊ အသံတောင်မထွက်ဘဲဖြိုချပစ်တယ်ဆိုတာ မယုံနိုင်စရာပဲနော်..
ဘယ်လိုလုပ်ကြသလဲကို စာဖတ်သူတို့သိပါသလား?

ဒီတစ်ခေါက်ကတော့ ဖြိုချပြီးသား Grand Prince Hotel Akasaka အကြောင်းကို ပြောပြပေးပါမယ်။

၁၉၈၂ ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့တဲ့ ဒီဟိုတယ်ရဲ့ထူးခြားတဲ့ပုံစံက အခန်းအားလုံးဟာ ထောင့်စွန်းတွေဖြစ်နေအောင် ဒီဇိုင်းထုတ်ထားတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
ထောင့်ဖြစ်သွားရင် ပြတင်းပေါက်များများလုပ်နိုင်ပြီး အခန်းထဲလုံလောက်တဲ့အလင်းရောင်ရရှိနိုင်မှာဖြစ်ပါတယ်.
Christmas အချိန်ဒီဟိုတယ်မှာ ချစ်သူနဲ့လာတည်းခိုတာက အဲ့ဒီအချိန်လူငယ်တွေကြားမှာ အရမ်းရေပန်းစားခဲ့သလို၊ ဒီဟိုတယ်ကိုတောင် ဝယ်ချင်တဲ့လူတွေရှိခဲ့ပါတယ်။

ဒါကိုတာဝန်ယူခဲ့တာကတော့ Taisei Corporation ဆောက်လုပ်ရေးကုမ္ပဏီကပဲဖြစ်ပါတယ်။
ဖုန်မှုန့်၊ ဆူညံသံနှင့်တုန်ခါမှုတို့ဖြင့် ပတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်အောင်ဖြိုချမယ်ဆိုတဲ့ စနစ်အသစ်နဲ့ ဖြိုချခဲ့ကြပါတယ်။
ဓါတ်ပုံတွေကို တစ်ဆင့်ချင်းစီကြည့်ကြရအောင်….

ပထမဆုံးက ခေါင်မိုးပေါ်မှာ ကရိန်းကိုတပ်ဆင်ထားပြီး၊ အကာအရံဖြင့် အဆောက်အအုံထိပ်ပိုင်းကို ဖုံးလွှမ်းထားပါတယ်။
ခဏကြာတဲ့အခါမှာတော့..

အဲ ! သေးသွားသလိုပဲနော်?

တစ်ဖြည်းဖြည်းသေးသွားအောင်ပြုလုပ်ရင်း အဆောက်အအုံကိုဖြိုချသွားပါတယ်။
ဘာတွေလုပ်ခဲ့တာလဲလို့ပြောရရင် ဒီလိုလုပ်ခဲ့တာပါ..

မျက်နှာကျက်ကို ခွဲခြားကာအပေါ်ကိုမြောက်တင်ထားပြီး၊ အဲ့ဒီအောက်မှာရှိတဲ့ ပထမဆုံးအလွှာကို ဖြိုချတယ်။
မြောက်တင်ထားတဲ့မျက်နှာကျက်ကို နေရာမှာပြန်ထားတယ်။
ပြီးရင်နောက်ထပ်တစ်လွှာကိုအဲ့ဒီအတိုင်းပြုလုပ်တယ်။
အဲ့ဒီလိုလုပ်သွားရင်းနဲ့ တစ်ဖြည်းဖြည်းအဆောက်အအုံဟာ သေးငယ်သွားပါတော့တယ်။

 

 

ဆူညံသံတွေကို အားလုံးကခဏသည်းခံပေးလိုက်ရင်လည်းရနေတာပဲလို့ ထင်နိုင်ပါတယ်။
သို့သော် အဲ့ဒီလိုမလုပ်ခဲ့တာကတော့ ဂျပန်စတိုင်ပါပဲ…
ဘယ်နေရာမှာပဲဖြစ်ဖြစ် အများနဲ့မတူ တစ်မူထူးနေလို့၊ စိတ်ဝင်ဖို့ကောင်းတဲ့နိုင်ငံပဲနော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: