Quiz!! ဂျပန်ရဲ့တစ်ခုတည်းသော သဲကန္တာရက ဘယ်မှာရှိသလဲ?

ဂျပန်ရဲ့သဘာဝတောတောင်ဟာ မိုးများပြီးသစ်ပင်ပေါ်များပါတယ်။
အဲ့ဒီလှပမှုဟာ ကမ္ဘာနဲ့ခြုံပြီးကြည့်ရင်တောင် တော်တော်လေးတန်ဖိုးရှိတဲ့အရာဖြစ်ပြီး၊ တောတောင်ရဲ့အရသာကိုခံစားချင်လို့ ဂျပန်ကိုတကူးတကလာတဲ့လူတောင် ရှိသတဲ့…


အဲ့ဒီလိုဂျပန်ထဲမှာလည်း ကန္တာရရှိတယ်ဆိုတာကိုရော သိကြပါသလား?
အဲ့ဒီသဲကန္တာရဟာ ဂျပန်တစ်နိုင်ငံလုံးမှာ တစ်နေရာတည်းမှာပဲရှိတယ်တဲ့….

ကဲ, ရုတ်တရက်ဆိုပေမဲ့ မေးခွန်းမေးပါရစေ
ဂျပန်ရဲ့ တစ်ခုတည်းသော သဲကန္တာရရှိတဲ့နေရာက အောက်ပါပေးထားချက်တွေထဲက ဘယ်တစ်ခုလဲ?

A. Hokkaido
B. Tokyo
C. Tottori
D. Kagoshima
E. Okinawa

မြေနေရာအကျယ်ကြီးရှိတဲ့ Hokkaido လား?
သဲကန္တာရလို့ပြောရင် အပူပိုင်းဇုန်လောက်မှာရှိမှာမို့လို့ တောင်ဘက်အစွန်းဆုံးဖြစ်တဲ့ အိုကီနာဝါများလား?
ဒါမှမဟုတ် ဓါတ်ပုံမှာတွေ့ဖူးတယ်လေ? Tottori ပဲမဟုတ်လား.. လို့စဥ◌်းစားမိသူလည်းရှိမယ်နော်..

အဖြေမှန်ကတော့ တိုကျိုပါ…
ဂျပန်မြေပုံကိုစီမံခန့်ခွဲတဲ့ Geographical Survey Institute ရဲ့မြေပုံဖော်ပြချက်အရ ဂျပန်မှာတစ်ခုတည်းသော “ သဲကန္တာရ” က တိုကျိုမှာရှိတယ်တဲ့..

ပြာမှုန့်တွေနဲ့ဖုံးလွှမ်းနေသလို၊ ကွန်ကရစ်တွေနဲ့ဖုံးလွှမ်းဝန်းရံနေတဲ့နေရာကို “ သဲကန္တာရနဲ့တူတယ်နော်” ဆိုပြီးပြောတာမဟုတ်ပါဘူး။

https://tripnote.jp/izu-shoto/place-urasabaku-observatory/photo/32509

နေရာကတော့ တိုကျိုကနေ သင်္ဘောနဲ့သွားလို့ရတဲ့နေရာ Izu Oshima ကျွန်းပဲဖြစ်ပါတယ်။
ဒီနေရာမှာ 三原山(Mt. Mihara) ဆိုတဲ့မီးတောင်ရှိပါတယ်။
ဒီဓါတ်ပုံကိုတော့ အဲ့ဒီမီးတောင်ရဲ့အနောက်ဘက်ကနေရိုက်ထားပြီး၊ ထိုနေရာကို 裏砂漠 “ အုရ ဆဘခု” လို့ခေါ်ပါတယ်။
အဓိပ္ပါယ်ကတော့ အမည်းရောင်ကန္တာရပါ။
အထူးသဖြင့် ထိန်းသိမ်းထားတဲ့နေရာဖြစ်လို့ ကားနဲ့ဝင်ရောက်ခွင့်မပြုထားပေမဲ့၊ လမ်းလျှောက်ပြီးဝင်ရင်တော့ ရနိုင်ပါတယ်။

ဒီနေရာဟာ Mihara မီးတောင်ရဲ့ မကြာခဏပေါက်ကွဲမှုကြောင့် ချော်ရည်တွေကမြေပြင်ပေါ်ကို စီးကျထားတဲ့နေရာဖြစ်ပါတယ်။
အပင်တွေလည်းမီးလောင်ကျွမ်းပြီး၊ အမည်းရောင်လွင်ပြင်ကြီးလိုဖြစ်နေတဲ့ပုံစံက လနဲ့ Mars ဂြိုလ်ကိုတောင် ပုံဖော်နေသယောင်ရှိပါတယ်။

အဲ? Tottori မှာ သဲကန္တာရအကြီးကြီးရှိနေတာမဟုတ်ဘူးလား? ဆိုပြီး အကယ်၍တွေးမိလိုက်ရင် သင်ဟာဂျပန်အကြောင်းနှောကြေနေသူတစ်ယောက်ပါ။
ဟုတ်ပါတယ်။ Tottori စီရင်စုမှာ ဒီလိုနေရာရှိပါတယ်။


“ ဒါလည်း သဲကန္တာရပဲလေ” လို့မြင်ရတဲ့ဒီနေရာက တကယ်တော့ Tottori သဲသောင်ပြင်ပါ။
ဟုတ်ပါတယ်၊ သဲကန္တာရမဟုတ်ဘဲ သဲသောင်ပြင်သာဖြစ်ပါတယ်။

ကန္တာရကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ ဒီလိုကမ္ဘာလုံးဆိုင်ရာ အခြေခံအချက်အလက်တွေရှိပါတယ်။
・နှစ်စဉ်မိုးရွာသွန်းမှု ၂၅၀ မီလီမီတာအောက်ရှိရမည်။
・သဲနှင့်ကျောက်တုံးများဖုံးလွှမ်းထားသော ဧရိယာဖြစ်ရမည်။
・မိုးရွာသွန်းမှုထက် အငွေ့ပျံမှုပိုများသော ဧရိယာဖြစ်ရမည်။

ဒီအချက်အလက်တွေနဲ့ကိုက်ညီတဲ့နေရာကို သဲကန္တာရလို့ခေါ်ပါတယ်။

ပြောင်းပြန်အနေနဲ့ Tottori သဲသောင်ပြင်ဟာ နှစ်စဉ်မိုးရေချိန် ၂၀၀၀ မီလီမီတာ အထက်တောင်ရှိပါတယ်။
ထင်ထားတာထက်တောင် မိုးရွာသွန်းမှုပိုများနေတာပဲ။
ဒါကြောင့်၊ သဲကိုနည်းနည်းတူးလိုက်ရင် အထဲမှာစိုထိုင်းနေတာကိုတွေ့ရမှာပါ။

အမြင်ပိုင်းကတော့ သဲကန္တာရနဲ့အတော်လေးတူပေမဲ့၊ သေသေချာချာစစ်ဆေးကြည့်ရင် သဲကန္တာရလို့လုံးဝမခေါ်နိုင်ပါဘူး။
အဲ့ဒါက Tottori သဲသောင်ပြင်ဖြစ်နေလို့ပါပဲ။

 

ဒါကတော့ Ura Sabaku ကိုရိုက်ပြထားတဲ့ဗီဒီယိုဖြစ်ပါတယ်။

Mihara မီးတောင်ဟာနှစ်ပေါင်း ၃၀ မှာတစ်ခါပေါက်ကွဲတဲ့ သက်ရှိမီးတောင်တစ်ခုဖြစ်ပါတယ်။
အပင်တွေ အနည်းငယ်ပေါက်လာတာကိုတွေ့ရပေမဲ့၊ နောက်ထပ်မီးတောင်ပေါက်ကွဲမှုကြောင့် ၎င်းတို့ဟာပျောက်ကွယ်သွားကြအုံးမှာပါ။

“ ဂျပန်မဆန်တဲ့ဂျပန်ကိုမြင်ဖူးချင်တယ်” ဆိုတဲ့လူတွေကတော့ သေချာပေါက် Izu Oshima ကျွန်းကိုသွားကြည့်ဖို့ဖိတ်ခေါ်ပါတယ်။

တိုကျိုကနေသင်္ဘောဖြင့် ၁ နာရီ ၄၅ မိနစ်လောက်သွားရပေမဲ့၊ ဒါဟာတိုကျိုအပိုင်ဖြစ်ပါတယ်။
“ တိုကျိုရဲ့သဲကန္တာရကိုရောက်ဖူးသွားပြီး!”

ဆိုပြီးပြန်ကြွားနိုင်ရင် ဂျပန်လူမျိုးတွေတောင် လန့်သွားလောက်မှာပါ။
Izu Oshima ကျွန်းမှာအရမ်းလှတဲ့ပင်လယ်လည်းရှိတာကြောင့်၊ ကိုဗစ်ရောဂါတွေပြီးသွားတဲ့အခါ Izu Oshima ကျွန်းကို သေချာပေါက်သွားကြည့်ကြရအောင် …

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: