ကြောင်အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကားချစ်သူရဲ့ ချစ်ခြင်းမေတ္တာ။ အင်တာနက်ပေါ်က အံ့သြဖွယ်အဖြစ်အပျက်

စာဖတ်သူတို့အတွက် တန်ဖိုးထားရတဲ့အရာက ဘာများဖြစ်မလဲ?

ဒီတစ်ခေါက်ပြောပြမယ့်တစ်ယောက်မှာတော့ သူ့မှာ ၂၇ နှစ်ကြာ တန်ဖိုးထားစီးလာတဲ့ကားရှိခဲ့ပါတယ်။

အောက်ကပုံထဲက ကားဖြစ်ပါတယ်။

Toyota ရဲ့ပြိုင်ကား SUPRA ပါ။

သေသေချာချာလေးတန်ဖိုးထားပြီး စီးလာခဲ့ပေမယ့် ငွေလိုအပ်လာလို့ ရောင်းချဖို့ဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကတော့ ချစ်ရတဲ့ကြောင်လေးနေမကောင်းဖြစ်လာခဲ့တာပါပဲ။ ဒါ့အပြင် အဲ့ဒီရောဂါဟာ ကုသရခက်တဲ့ရောဂါဖြစ်နေခဲ့ပါတယ်။

အဲ့ဒီကြောင်ရဲ့အစ်ကိုဖြစ်သူဟာလည်း တူညီတဲ့ရောဂါနဲ့ဆုံးပါးသွားတဲ့အတွက် ပိုင်ရှင်ဖြစ်သူဟာ ပြည်တွင်းမှာ အသိအမှတ်မပြုထားတဲ့ဈေးကြီးတဲ့ဆေးကုသမှုကို လုပ်ဆောင်ပေးခဲ့ပုံပါပဲ။ ဒါကြောင့် ငွေရှာဖို့အတွက် ကိုယ်ချစ်ရတဲ့ကားကို လက်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပြီး Yahoo! Auction မှာ လေလံတင်ခဲ့ပါတယ်။

ဆေးကုသမှုကုန်ကျစရိတ်ဖြစ်တဲ့ ၂.၇ သန်းနဲ့ လေလံတင်ခဲ့တာဖြစ်ပါတယ်။

ဒီလေလံအချက်အလက်ကို တွေ့ခဲ့တဲ့ ရှိဂစီရင်စုမှာနေထိုင်တဲ့ Yuto စံဟာ တွစ်တာပေါ်မှာ ဒီလေလံအချက်အလက်ကို တင်ခဲ့ပါတယ်။

 အဆင်ပြေပြေနဲ့ ကားပိုင်ရှင်အသစ်ကို ရှာတွေ့ပြီး ကြောင်လေးရဲ့ရောဂါလည်း ပျောက်ပါစေ

ပြီးတော့ Yuto စံဟာ အောက်ကပုံလိုကိုယ်တိုင်ကိုယ်ကျ ပံ့ပိုးမှုလုပ်ဆောင်ခဲ့ပါတယ်။

ပြီးတော့ မိန်းကလေးငယ်လေးတစ်ယောက်ဟာလည်း မုန့်ဖိုးထဲကနေ ယန်း ၅၀၀ လှူဒါန်းပေးပြီး အောက်ကလို ချစ်စရာကောင်းတဲ့ပုံလေးကိုလည်း ပို့ပေးခဲ့ပါတယ်။

ဒီလှုပ်ရှားမှုဟာ အင်တာပေါ်မှာ ရေပန်းစားခဲ့ပြီး အိုဆာကာစီရင်စုမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ဦးဆောင်နေတဲ့ Masakoba ကလည်း သတိထားမိခဲ့ပါတယ်။ သူဟာ ကားဟောင်းများစွာကို ပိုင်ဆိုင်တဲ့ ကားဝါသနာအိုးတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ကလည်း ချစ်ရတဲ့ခွေးလေးအတွက် ဆေးဖိုးပမာဏများစွာနဲ့ ကုသပေးဖူးသူဖြစ်ပါတယ်။

ဒါကြောင့် Masakoba စံဟာ လေလံဆွဲခဲ့ပြီး ငွေပေးချေတဲ့အချိန် ပိုင်ရှင်ဖြစ်သူက “ပြင်ရမယ့်နေရာအများကြီးရှိလို့” ဆိုကာ ဈေးလျော့ပေးဖို့လုပ်ခဲ့ပေမယ့် Masakoba စံဟာ ငြင်းဆိုခဲ့ပြီး ယန်း ၂.၇ သန်းကို အပြည့်ပေးချေခဲ့ပါတယ်။ အဲ့ဒီပိုက်ဆံနဲ့ လှူဒါန်းထားကြတဲ့ ယန်း ၅ သိန်းနဲ့ ချစ်ရတဲ့ကြောင်လေးကို ဆေးရုံခေါ်သွားပြီး ကျန်းကျန်းမာမာဖြစ်အောင် ကုသနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် အံ့သြစရာအဖြစ်အပျက်တွေ နောက်ပိုင်းမှာ ဖြစ်လာခဲ့ပါတယ်။

ကြောင်လေးကို ဆေးကုပေးပြီး ရက် ၁၀၀ အကြာမှာ ပိုင်ရှင်ဖြစ်သူက အင်တာနက်သတင်းအင်တာဗျူးမှာ အခုလို ဖြေကြားခဲ့ပါတယ်။

 အားလုံးရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေနဲ့ ကုသနိုင်ခဲ့ပါတယ်။

 ကျေးဇူးတင်ပါတယ်။

 ကိုရိုနာပြီးသွားတဲ့အခါ ကူညီအားပေးခဲ့ကြသူများကို ဖိတ်ခေါ်ပြီး ကျေးဇူးတင်တဲ့အနေနဲ့ ပါတီပွဲတစ်ခုကို ကျင်းပမယ်လို့ တွေးထားပါတယ်။

 ကားဝယ်ယူပေးတဲ့ Masakoba စံကလည်း နောက်ပိုင်းမှာ Line ကနေတစ်ဆင့် ဆက်တိုက်အားပေးစကားပြောပေးခဲ့ပါတယ်။

 လက်လွှတ်လိုက်ရတဲ့ကားကို တစ်ချိန်ချိန်မှာတော့ ပြန်ဝယ်နိုင်ဖို့ ကြိုးစားပါမယ်။

ဒါပေမယ့် ပိုင်ရှင်ရဲ့ဒီအိပ်မက်ဟာ အထမမြောက်တော့ဘူး ထင်ပါတယ်။ ချစ်ရတဲ့ကြောင်လေးကို ဆေးကုပေးပြီး တစ်လအကြာမှာ ရင်းနှီးနေတဲ့အင်ဂျင်သံကို ကြားလိုက်ရပါတယ်။ အံ့သြသွားပြီး အပြင်ထွက်ကြည့်တဲ့အခါ ရောင်းထုတ်ထားတဲ့ကားဟာ အိမ်ရှေ့မှာ ရှိနေခဲ့ပါတယ်။

တကယ်တော့ Masakoba စံဟာ သူဝယ်လိုက်တဲ့ကားကို မူလပိုင်ရှင်ဖြစ်သူက ပြန်ဝယ်နိုင်တဲ့အထိ သိမ်းထားပေးဖို့လုပ်ထားခဲ့ပါတယ်လို့ဆိုပါတယ်။ အဲ့ဒီစကားကို ကြားတဲ့အခါ မူလပိုင်ရှင်ဖြစ်သူဟာ မျက်ရည်စီးကျလာကာ အလုပ်ကိုပိုကြိုးစားလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Masakoba စံ ဟာ ကားဘော်ဒီမှာ ပျက်စီးနေတဲ့အပိုင်းကို ပြင်ဆင်ပြီး ဆေးအသစ်သုတ်ကာ ပျက်စီးနေတဲ့အတွင်းပိုင်းအစိတ်အပိုင်းတွေကို တတ်နိုင်သလောက် ပစ္စည်းအစစ်နဲ့ အစားထိုးပေးခဲ့ပါတယ်။

ကောင်းမွန်နေသေးတဲ့အစိတ်အပိုင်းတွေကိုတော့ မူလပိုင်ရှင်ရဲ့သံယောဇဥ်ရှိမယ်လို့တွေးပြီး မလဲလှယ်ဘဲ နဂိုအတိုင်းထားကာ အလွန်ကောင်းမွန်တဲ့ပြင်ဆင်မှုကို လုပ်ဆောင်ခဲ့ပါတယ်။

Masakoba စံဟာ ကြောင်နေမကောင်းဖြစ်တုန်းကလည်း ပိုင်ရှင်ဖြစ်သူနဲ့ Line ပေါ်မှာ စကားဆက်တိုက်ပြောဖြစ်ပြီး ကြောင်လေးရဲ့ အခြေအနေကို စစ်ဆေးခဲ့ပါတယ်။ ကြောင်လေး အခြေအနေအဆိုးဆုံးအချိန်မှာလည်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် ကျိုတိုမြို့ရဲ့ ဖုနမိအိနရိတိုင်းရှဆိုတဲ့ ဂျပန်ဘုရားကျောင်းမှာ နာမကျန်းမှုပျောက်ကင်းအောင် ဆုတောင်းပေးခဲ့ပုံရပါတယ်။ ပြီးတော့ ပိုင်ရှင်ရဲ့ ချစ်ရတဲ့ကြောင်လေးတွေနဲ့ SUPRA ကားရဲ့ ပုံကို Jigsaw puzzle လေးလုပ်ပြီး ပိုင်ရှင်ဆီကို အားပေးခဲ့ဖူးပါတယ်။

ဒီလိုအရာတွေပေးပို့နေစဥ်အတွင်း “ ချစ်ရတဲ့ကားနဲ့ ချစ်ရတဲ့ကြောင်လေးနဲ့အတူ မြန်မြန်နေထိုင်စေချင်တယ်” လို့ တွေးပြီး ကားကို အလကားပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

ကားပြန်ပေးဖို့လာခဲ့အချိန်မှာလည်း Masakoba စံ ဟာ လူကိုယ်တိုင်မလာရောက်ခဲ့ပါဘူး။ အားနာနေမှာစိုးတဲ့အတွက် ကားပြင်တာဝန်ခံကပဲ ကားယူလာပေးခဲ့ပုံရပါတယ်။

Masakoba စံ ဟာ “သူငယ်ချင်းမို့လို့ ပေးတာ” လို့ အဖြူရောင်မုသားကိုသုံးပြီး ယန်း သိန်းပေါင်းများစွာကို လှူဒါန်းခဲ့ပုံရပါတယ်။

ကားပြန်ပေးတဲ့အခါ

 ဒါကို လက်ခံဖို့ အားနာစရာကောင်းလွန်းပါတယ်

လို့ မူလပိုင်ရှင်ဖြစ်သူက ငြင်းဆန်ခဲ့ပေမယ့် “သူက ဒီလိုစိတ်ထားကောင်းတဲ့သူပါ အားမနာပါနဲ့”လို့ ကားပြင်တာဝန်ခံက ပြောပေးတဲ့အတွက် လက်ခံဖြစ်ခဲ့ပါတယ်။ Masakoba စံက ကိုယ်တိုင်လာမပေးခဲ့တာက ဒီလိုမျိုး ငြင်းဆန်မှာစိုးရိမ်တဲ့အတွက်ဖြစ်ဟန်တူပါတယ်။

မူလပိုင်ရှင်ဖြစ်သူဟာ Masakoba စံ ရဲ့ စဥ်းစားပေးမှုအပေါ် လေးစားကျေးဇူးတင်ရင်းနဲ့ ဒီကားကို တကယ်ပဲ ပြန်ယူတာ ကောင်းပါ့မလားဆိုပြီး အခုထိ စိတ်ပူပန်နေတုန်းလို့ ဆိုပါတယ်။ ဒီလိုမျိုး လူကောင်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပဲ Masakoba စံက လက်ဆောင်အနေနဲ့ ပေးခဲ့တာဖြစ်မယ်လို့ထင်ပါတယ်။

အားလုံးရဲ့ ချစ်ခြင်းမေတ္တာနဲ့ အင်တာနက်ပေါ်က အံ့သြဖွယ်ရာတွေကြောင့် ကျန်းမာလာတဲ့ကြောင်လေးဟာ လက်ရှိမှာ အသေးစိတ်ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်လုပ်ဆောင်ရင်း နေထိုင်လျက်ရှိပါတယ်။

ပိုင်ရှင်ဖြစ်သူလည်း အရမ်းချစ်ရတဲ့ကြောင်လေးနဲ့ SUPRA နဲ့ အတူတူ အမြဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေနော်။

အင်တာနက်ပေါ်မှာ အပျက်သဘောဆောင်တဲ့အရာတွေအများကြီးရှိပေမယ့် ဒီလိုနွေးထွေးတဲ့အကြောင်းအရာလည်း ရှိနေဆဲဖြစ်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: