ဂျပန်နိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပါတ်ကို မှတ်ထားရအောင်။

ဂျပန်နိုင်ငံဟာ လုံးဝ လုံခြုံနေတဲ့နိုင်ငံတစ်ခုလို့တော့မဆိုနိုင်ပါဘူး။ ရုတ်တရတ် မတော်တဆမှုဖြစ်တာတွေ ၊ နေမကောင်းဖြစ်တာတွေ ပြီးတော့ သူခိုးဆီကနေ တိုက်ခိုက်ခံရတာမျိုးလည်း ရှိနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါတွေကို ဒေသခံတွေသာမက ခရီးသွားတွေလည်း ကြုံတွေ့ကောင်းကြုံတွေ့နိုင်ပါတယ်။ ဒီလိုအချိန်မှာ အရေးပေါ်နံပါတ်ကို မမှတ်ထားရင် ပိုဒုက္ခကြီးနိုင်ပါတယ်။

ဂျပန်နိုင်ငံကို လာဖို့အစီအစဥ်ရှိတဲ့စာဖတ်သူကို သေချာပေါက်မှတ်ထားစေချင်တဲ့ အရေးပေါ်နံပါတ်နဲ့ ဖုန်းဆက်နည်းကို မိတ်ဆက်ပေးပါမယ်။

နံပါတ် ၁၁၀

https://toyokeizai.net/articles/-/425321?page=2

ဂျပန်နိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပါတ်ဟာ ဂဏန်း ၃ လုံးပဲရှိပါတယ်။ နံပါတ် ၁၁၀ က ရဲစခန်းနဲ့ ချိတ်ဆက်ထားပါတယ်။ ဖုန်းခေါ်ရာနေရာနဲ့ အနီးဆုံး ရဲစခန်းကို အလိုအလျောက်ကို ချိတ်ဆက်ဆက်သွယ်ပေးပြီး မတော်တဆမှုနဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားတဲ့အချိန် ဆက်သွယ်ရတဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်။ ဒီနံပါတ်ကိုဆက်ရင် တစ်ဖက်ကနေ ဂျပန်ဘာသာစကားနဲ့သာဖြေကြားနိုင်မှာမို့လို့ ဖုန်းမခေါ်ခင် အသက်ပြင်းပြင်းရှူလိုက်ပါ။

စိတ်တည်ငြိမ်ပြီဆိုမှ ဖုန်းခေါ်ပါ။

ပထမဆုံး “ဒီအတိုင်း အဖြစ်အပျက်လား” “မတော်တဆမှုလား” လို့ မေးမှာဖြစ်ပါတယ်။ ပြီးတော့ နေရာနဲ့ အကြောင်းအရာကို အသေးစိတ်မေးပြီး လိုအပ်ရင် ရဲသားတွေက ချက်ချင်း အပြေးရောက်လာပါလိမ့်မယ်။ ဖုန်းသေချာမဆက်နိုင်ရင်တော့ ကယ်ဆယ်ဖို့နောက်ကျမှာဖြစ်လို့ စိတ်တည်ငြိမ်အောင်လုပ်ပြီးမှ ဖုန်းဆက်ပေးပါ။

နံပါတ် ၁၁၉

https://www.tokyo-np.co.jp/article/125340

ဒါက သဘာဘေးအန္တရာယ်အရေးပေါ်စင်တာကို ချိတ်ဆက်ပေးပါလိမ့်မယ်။ မီးသတ်ဌာနက ပိုင်ဆိုင်တဲ့ မီးသတ်ကားနဲ့ လူနာတင်ယာဥ်ကို အကူအညီတောင်းလိုတဲ့အခါ ဆက်ရတဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်။ မီးသတ်သမားတွေက လူ့အသက်ကို ကယ်ဆယ်တာလည်း လုပ်ဆောင်တဲ့အတွက်ကြောင့် တစ်ခုခုအကူအညီလိုတဲ့အခါ ဒီနံပါတ်ကို ဆက်သွယ်လို့ရပါတယ်။

နိုင်ငံအများစုမှာ လူနာတင်ယာဥ်ကို အခကြေးငွေပေးရပေမယ့် ဂျပန်နိုင်ငံကတော့ အခမဲ့ဖြစ်ပါတယ်။ ပြီးတော့ အံ့သြစရာကောင်းလောက်အောင် ချက်ချင်းကယ်ဆယ်ဖို့ရောက်လာမှာဖြစ်လို့ စိတ်အေးအေးထားပြီး အခြေအနေကို ပြောပြပေးပါ။ အရေးပေါ်အခြေအနေဆိုရင် ဘယ်လိုရောဂါဖြစ်ကြောင်း၊ ပုံမှန်သောက်နေကြဆေးရှိ၊ မရှိ၊ ဖြစ်နေကျရောဂါဟုတ်၊ မဟုတ် စတာတွေကို ပြောပေးမယ်ဆိုရင် အလျှင်အမြန်ပဲ ဆေးရုံကို ခေါ်သွားပေးမှာဖြစ်ပါတယ်။

အခမဲ့ဖြစ်လို့ မလိုအပ်ဘဲ ခေါ်ဆိုရင်တော့ အနှောက်အယှက်ပေးသလိုဖြစ်မှာဖြစ်လို့ မလိုအပ်ဘဲ မခေါ်ဆိုပါနဲ့နော်။

အရေးပေါ်ဖုန်းခေါ်ဆိုနည်း

ပုံမှန်ဖုန်း၊ လက်ကိုင်ဖုန်းအပြင် အများသုံးဖုန်းနဲ့လည်း ခေါ်ဆိုနိုင်ပါတယ်။ အများသုံးဖုန်းနဲ့ခေါ်တဲ့အခါ ထူးခြားတဲ့လုပ်ဆောင်နည်းလေးရှိတဲ့အတွက် မှတ်ထားပေးပါဦးနော်။ အခမဲ့ ခေါ်ဆိုနိုင်တဲ့အတွက် အကြွေစေ့မလိုပါဘူး။ အများသုံးဖုန်းအများစုက ဒီလိုအစိမ်းရောင်ဖြစ်ပေမယ့် အဲ့ဒီမှာ မျက်စိထဲထင်းနေတဲ့ခလုတ်တစ်ခုရှိပါတယ်။

လက်ကိုင်ကိုကိုင်ပြီးဒီခလုတ်ကို နှိပ်လိုက်ပါ။

ပြီးတော့ ၁၁၀ ဒါမှမဟုတ် ၁၁၉ ကို ခေါ်လိုက်ပါ။

ဒီလိုနဲ့ ပိုက်ဆံမကုန်ဘဲ ဖုန်းဆက်နိုင်ပါတယ်။

ပိုထူးခြားတဲ့ပုံစံအနေနဲ့ အမြန်လမ်းပေါ်မှာ ဒီလိုအရေးပေါ်ဖုန်း တပ်ဆင်ထားပါတယ်။

၁ ကီလိုမီတာတိုင်း၊ လိုင်ခေါင်းထဲမှာဆိုရင် ၂၀၀ မီတာတိုင်းမှာ တပ်ဆင်ထားတဲ့အတွက် အမြန်လမ်းပေါ်မှာ မတော်တဆမှု ဒါမှမဟုတ် ဒုက္ခရောက်ရင် ပုံမှန်ဖုန်းနဲ့မဟုတ်ဘဲ ဒီလိုဖုန်းကို အသုံးပြုရင် အဆင်ပြေပါတယ်။ ပုံမှန်ဖုန်းနဲ့ဆိုရင် အခုကိုယ်ရောက်နေရာကို အတိအကျပြောရမှာဖြစ်ပေမယ့် ဒီလိုအထူးဖုန်းနဲ့သာဆိုရင် ဘယ်နေရာမှာရှိနေလဲဆိုတာ သိနိုင်တဲ့အတွက်ဖြစ်ပါတယ်။

ဒါအပြင် အရေးပေါ်ဖုန်းနံပါတ်အသစ် ၁၁၈ လည်း ထွက်လာပါသေးတယ်။

ဒါက ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကို ဆက်သွယ်နိုင်တဲ့ အရေးပေါ်နံပါတ်ဖြစ်လို့ ပင်လယ်ထဲမှာ မတော်တဆမှုဖြစ်ရင် ဆက်သွယ်နိုင်ပါတယ်။

အရေးပေါ်ခေါ်ဆိုမှုမဟုတ်ပေမယ့် ဂဏန်း ၃ လုံးရှိတဲ့ အခြားအထူးဂဏန်းတွေ ရှိပါသေးတယ်။

၁၀၄ နံပါတ်လမ်းညွှန်မှု

ဆိုင်ရဲ့ဖုန်းနံပါတ်ကို ရှာဖွေပေးပါတယ်။

၁၁၃ ဖုန်းရဲ့ချို့ယွင်းချက်

ဖုန်းရဲ့ချို့ယွင်းချက်ကို ရှာဖွေပေးပါတယ်။ ဒါပေမယ့် လက်ကိုင်ဖုန်းမဟုတ်ဘဲ အထိုင်ဖုန်းဖြစ်ပါတယ်။

၁၁၄ ဖုန်းမအားလပ်မှုအကြောင်းအရင်းကို ရှာဖွေပေးခြင်း

တစ်ဖက်ဖုန်းမှာ ဆက်တိုက်မအားလပ်နေပြီး မခေါ်ဆိုချိတ်ဆက်နိုင်သောအခါမှာ အခြေအနေအကြောင်းအရင်းကို ရှာဖွေပေးတဲ့ဖုန်းဖြစ်ပါတယ်။

၁၁၇ အချိန်သတိပေးချက်

၁၇၇ မိုးလေဝသခန့်မှန်းချက်

စသဖြင့်။

အရေးပေါ်ဖုန်းဟာ တစ်ကယ်တော့ အရေးပေါ်ဖြစ်ချိန်မှာခေါ်ဆိုရတဲ့နံပါတ်ဖြစ်ပါတယ်။

ဘာမှမဟုတ်တာလေးနဲ့ခေါ်ဆိုမိမယ်ဆိုရင် အခြားတကယ့်ကို အရေးပေါ်အခြေအနေဖြစ်နေတဲ့သူအတွက် အနှောင့်အယှက်လည်းဖြစ်စေနိုင်တာမို့လို့ ဂရုပြုပေးပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: