ဂျပန်ရဲတွေဟာ နောက်ပြောင်နှောက်ယှက်ခံနေရတာလား? ဒီလိုတွေအရေးပေါ်တာကြောင့် အရေးပေါ်ဖုန်းခေါ်လာတယ်ဆိုပဲ…

အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ရင် ဆက်ရတဲ့ နံပါတ် ၁၁၀

ဒီနံပါတ်ကိုဆက်ရင် ချက်ချင်း ရဲတွေအပြေးရောက်လာပါတယ်။

ဂျပန်နိုင်ငံက လုံခြုံအေးချမ်းတယ်လို့ ပြောနိုင်တဲ့ အချက်တွေထဲက တစ်ခုကတော့ ဒီရဲဌာနရဲ့ ဆက်သွယ်ရေးကွန်ယက်‌လည်း ပါပါတယ်။

ဖုန်းဝင်ပြီးတာနဲ့ အခင်းဖြစ်ရာနေရာကို အပြေးရောက်လာတဲ့ အချိန်က ကမ္ဘာ့ထိပ်တန်းစာရင်းဝင်အောင် မြန်ဆန်ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီအထဲမှာ နားလည်လို့မရနိုင်တဲ့ ဖုန်းခေါ်ဆိုမှုတွေလည်း များပါတယ်။

 

Ibaraki ခရိုင်ကို လုံခြုံရေးယူရတဲ့ Ibaraki ခရိုင်ရဲဌာနကို တစ်ရက်ကို အရေးပေါ်ဖုန်း ၆၀၀ ကနေ ၇၀၀ လောက်ဝင်ပါတယ်။

ဒါပေမယ့် ၃၀%လောက်က အရေးမပေါ်နေတာမျိုး၊ ရဲတွေနဲ့မဆိုင်တဲ့ ဖုန်းခေါ်လာတာမျိုးတွေဖြစ်နေတတ်ပါတယ်။

 

အဲ့ဒီလိုဖုန်းမျိုးတွေ ဖြေရတဲ့လူဘက်က စဉ်းစားရင် စိတ်တိုဖို့အတော်ကောင်းမှာပဲ။

အရေးပေါ်ဖုန်းကြောင့် သွားလာရတဲ့ကုန်ကျစားရိတ်က အခွန်ထဲကကုန်နေတယ်ဆိုတာ စဉ်းစားလိုက်ရင်တော့ “သနားစရာကောင်းတယ်” လောက်နဲ့ မပြီးတော့ပါဘူး။

 

ဘယ်လိုဖုန်းမျိုးတွေ ဝင်လာတတ်လဲဆိုတော့…

 

ဂစ်တာသံ အရမ်းဆူလို့ အိပ်မရဘူး

ဆိုပြီးဖုန်းဝင်လာလို့၊ ပတ်ဝန်းကျင်အနှောက်အယှက် ဒီ့ထက်ပိုမဖြစ်အောင် ရဲတွေက ဆက်တဲ့နေရာကို သွားကြည့်တော့၊ ဂစ်တာတီးနေတာက အဲ့ဒီအိမ်မှာနေတဲ့ သူ့ယောက်ျားဖြစ်နေရော။

သူ့ယောက်ျားသူပြောမရတာနဲ့ ရဲကိုဖုန်းဆက်တာတဲ့…

ကိုယ့်အိမ်တွင်းရေးတော့ ကိုယ့်ဟာကို ဖြေရှင်းကြပါ။

 

ပူလွန်းလို့ သေပါတော့မယ်!!!

အဲယားကွန်းပျက်နေလို့ ပူလွန်းလို့သေပါတော့မယ်ဆိုပြီး ဖုန်းဆက်လာတာလေ။

ရဲတွေက အိမ်သုံးလျှပ်စစ်ပစ္စည်းပြင်တာမျိုး မလုပ်ပါဘူးလို့ပြောပြတော့၊ “အဲ့ဒီတော့ ငါက ဒီအတိုင်း သေလိုက်ရတော့မှာလား?” လို့ ပြန်ပက်ခံရပါတော့တယ်။

ဆိုးဝါးလွန်းပါတယ်…

 

ဒီနားတစ်ဝိုက်မှာ အန္တရာယ်အရမ်းများနေလို့ ချက်ချင်းလာပေးပါ

ချက်ချင်း သွားကြည့်တဲ့ ရဲကိုစောင့်ကြိုနေတာက မိန်းမငယ်လေးတစ်ယောက်။

မေးကြည့်လိုက်တော့ “မနက်ဖြန်ကျရင် ၃ရက်လောက် ခရီးထွက်ရမှာမို့၊ ဒီနားတစ်ဝိုက်ကို ပက်တရောင်လှည့်ပေးပါနော်”

လုံခြုံရေးကုမ္ပဏီမဟုတ်ဘူးလေ၊ မလုပ်ပေးနိုင်ပါဘူး။

 

ညနက်နေပြီကို မီးပန်းတွေဖောက်နေလို့ လာပေးပါဦး

ည ၂ နာရီအချိန်။ မီးပန်းတွေဖောက်ပြီး ဆူညံနေရင်တော့ ပတ်ဝန်းကျင်အနှောက်အယှက် ဖြစ်တာမို့လို့ ရဲ့တွေကသွားကြည့်ခဲ့ပါတယ်။

ဖြစ်တဲ့နေရာရောက်တော့ “အယ် ရဲတွေ တကယ်ရောက်ချလာတယ်ဟ!”ဆိုပြီးထွက်ပြေးသွားတဲ့ ကောင်လေးအုပ်စု။

ရဲတွေက နောက်ကလိုက်တော့ မမှီအောင်ထွက်ပြေးပြီး အဝေးကနေ နောက်ပြောင်ကြသေးတယ်။

ရဲဆိုတဲ့ကောင်တွေကလည်း နှေးလိုက်တာ!လို့လှမ်းအော်ပါတော့တယ်။

နောက်နေ့တော့ အဲ့ဒီကောင်လေးအုပ်စုလည်း အဖမ်းခံလိုက်ရပါတော့တယ်။

 

ရဲတွေအနေနဲ့ ဒီလိုကြောင်တောင်တောင်ဖုန်းတွေကို ကိုင်ရပြီး သွားကြည့်ပေးရတာက အရမ်းကိုသနားစရာကောင်းပါတယ်။

ဒီလိုအနှောက်အယှက်ဖုန်းတွေကြောင့် ရဲတွေအလုပ်ရှုပ်ရတော့၊ ရဲအသစ်တွေထပ်ခန့်ရပါတော့တယ်။

ဒီလိုအသုံးစားရိတ်တွေက ပြည်သူတွေရဲ့အခွန်ကနေ ရတာမို့လို့၊ ဒီလိုနှောက်ယှက်တာမျိုးကိုတော့ လုံးဝမလုပ်စေချင်ပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: