အိုကီနာဝါတွင် သန္တာကျောက်ခက်များအား ပြန်လည်မွေးမြူခြင်း။ သန္တာကျောက်တန်းရဲ့ အန္တရာယ်ကိုကာကွယ်ပေးပါ။

အပြာရောင်လှပပြီးခမ်းနားတဲ့ ဟောဒီပင်လယ်ပြာ…
ဂျပန်ပြည်မကြီးကနေ ဟိုးအဝေးကြီးမှာရှိတဲ့အိုကီနာဝါမှာတော့ အဲ့ဒီလိုပင်လယ်ရှိပါတယ်။
ဒေသိယစကားနဲ့ “ 美ら海(ちゅらうみ) ချူရအုမိ” လို့ခေါ်တဲ့ ပြာလွင်ပြီးလှပတဲ့ဒီပင်လယ်ဟာ အိုကီနာဝါသားတွေအတွက်တော့ ဂုဏ်ယူရတဲ့အရာတစ်ခုဖြစ်ပါတယ်။
ဒီပင်လယ်ဟာ အခုတော့တစ်ဖြည်းဖြည်း သေဆုံးစပြုလာတယ်ဆိုတာကို မြန်မာစာဖတ်ပရိသတ်တို့ သိကြပါသလား?

လက်တွေ့ပဲ ဒီပင်လယ်ရဲ့အလှအပတွေကို ကြည့်လိုက်ရအောင်

https://intojapanwaraku.com/

လှပတဲ့ပင်လယ်ကို ထောက်ပံ့ပေးနေတာကတော့ ဟောဒီသန္တာကျောက်တန်းများဖြစ်ပါတယ်။
ဒီသန္တာကျောက်ခက်တွေဟာယခု ကမ္ဘာကြီးပူနွေးလာမှုကြောင့် သေဆုံးလာလျှက်ရှိပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ ဒီရာစုနှစ်တွေအတွင်း ကမ္ဘာ့နေရာအနှံ့ရှိ သန္တာကျောက်ခက်အားလုံးပျောက်ကွယ်လာတယ်လို့ ပြောထားပါတယ်။

သန္တာကျောက်ခက်ဆိုတာ အဏ္ဏဝါသက်ရှိ ၄ ပုံ ၁ ပုံတို့ရဲ့ နေထိုင်ရာအိမ်ဖြစ်ပါတယ်။
ငါးအကြီးတွေရဲ့ရန်ကနေ ပုန်းနေဖို့အသင့်တော်ဆုံးဖြစ်တဲ့ ဒီနေရာသာပျောက်ကွယ်သွားရင်၊ ငါးအသေးလေးတွေ ဘယ်လိုမျိုးပုန်းကွယ်နိုင်ပါတော့မလဲ?

အရောင်တွေပျောက်သွားတဲ့ သန္တာကျောက်တို့ရဲ့သေဆုံးမှု

ဒီဓါတ်ပုံထဲမှာ သန္တာကျောက်ခက်ရဲ့ထိပ်ဖူးကလေးက ဖြူစွပ်လာတာကို စာဖတ်သူတို့သတိထားမိပါသလား
စောစောက ရောက်စုံလှပနေတဲ့သန္တာကျောက်ခက်တွေနဲ့ လုံးဝကွာခြားနေပါတယ်။
၁၉၉၈ ခုနှစ်လောက်ကနေစပြီး ကမ္ဘာတစ်ဝှမ်းရှိသန္တာကျောက်ရဲ့အရောင်ဟာ အဖြူသို့ပြောင်းလဲလာခဲ့ပါတယ်…။
သန္တာကျောက်ခက်ရဲ့ ကိုယ်တွင်းမှာကပ်ပါးအဖြစ်နေထိုင်ကြတဲ့ “ 褐虫藻-ကချူးဆိုး (ခေါ်) Zooxanthellae” ဆိုတဲ့ သေးငယ်တဲ့သက်ရှိလေးတွေဟာ၊ ပင်လယ်ရေအပူချိန်ရဲ့ မြင့်တက်မှုကြောင့် ဖိစီးမှုဖြစ်ပြီး အဖြူရောင်အဖြစ်ပြောင်းလဲသွားတယ်လို့ ထင်မြင်သုံးသပ်ရပါတယ်။
သန္တာကျောက်ခက်တွေဟာ ကျောက်လက်တက်များဖြင့် ရေပိုးကောင်းများကိုဖမ်းယူစားသုံးကြပေမဲ့၊ “ Zooxanthellae” ကနေ အလင်းရောင်နဲ့အစာချက်တဲ့စွမ်းအင်ကို မရဘူးဆိုရင် အသက်မရှင်နိုင်တော့ပါဘူး။
အဖြူရောင်ဖြစ်သွားတဲ့ကျောက်ခပ်လေးတွေက ထိုအစာချက်လုပ်ငန်းကိုမစွမ်းဆောင်နိုင်တော့တာကြောင့်၊ သန္တာကျောက်ခက်သေဆုံးခြင်းအဖြစ်ကိုရောက်သွားခြင်းဖြစ်ပါတယ်။

 

ကလေးတွေအတွက် ရပ်တည်လာတဲ့ ရေငုတ်သမားများ
ပင်လယ်ပြာနဲ့အတူ နေထိုင်အသက်ရှင်တဲ့လူကို အိုကီနာဝါစကားဖြင့် 海人(うみんちゅ)-အုမင်န်ချူ လို့ခေါ်ပါတယ်။
အဓိပ္ပါယ်ကတော့ ပင်လယ်ရေငုတ်သမားဖြစ်ပါတယ်။
ကလေးတွေ၊ မြေးမြစ်တွေရဲ့လက်ထက်ထိတိုင် ဒီ “ 美ら海 ချူရအုမိ” ကို အမွေပေးခဲ့ချင်တယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့ကြပါတယ်။
စီရင်စုနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီး သဘာဝသန္တာကျောက်ခက်များကို စုဆောင်းကြပါတယ်။
စုဆောင်းထားတဲ့ကျောက်တွေကို မူရင်းမိဘသဖွယ် သန္တာကျောက်ခက်များအားဆက်ပြီးမျိုးပွားဖို့အတွက်၊ ပင်လယ်အောက်ကြမ်းပြင်မှာ သန္ဘာကျောက်ခက်ကွင်းကိုဖန်တီးခဲ့ကြပါတယ်။

သန္တာကျောက်ခက်ဟာမျိုးပွားခြင်းဖြင့် ပေါက်ကာစအရေအတွက်တိုးလာတာနဲ့လိုက်ပြီး၊ မိမိတို့ကလည်းခွဲပြီးအတုပြုလုပ်ရင်းနဲ့ ထပ်ပြီးပွားနိုင်ပါသေးတယ်။
ဒီထပ်ပိုပြီးပွားလာတဲ့သန္တာကျောက်ခက်ကို စောင့်ကြည့်ရင်းမွေးမြူတာက ကွင်းရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။
ရေအောက်ကြမ်းပြင်သဲမြေပေါ်မှာ သံချောင်းတွေကိုမြှုပ်ပြီး၊ ထိုသံချောင်းတွေပေါ်မှာ သန္တာကျောက်ခက်ကိုတင်ပြီး မွေးမြူတဲ့နည်းကိုကျင့်သုံးပါတယ်။

 


တကယ်တော့ဒါဟာ ကြောက်စရာကောင်းတဲ့အလုပ်ပါ။
ပင်လယ်ထဲကို အရမ်းလေးလံတဲ့သံချောင်းတွေသယ်ဆောင်သွားပြီး၊ လေးလံတဲ့တူနဲ့ရိုက်သွင်းရပါတယ်။
ရေထဲမှာဆိုတော့ အလုပ်ကထင်သလောက်ခရီးမရောက်ပါဘူး၊ ပါဝင်သူတွေကလည်း အချိန်တော်တော်လေးပေးပြီးလုပ်ဆောင်ခဲ့တဲ့နောက်မှာတော့ ဒီလိုပုံစံပေါ်ပေါက်လာခဲ့ပါတယ်။

နောက်ပြီးဒီကွင်းမှာမွေးမြူပြီး ပွားလာတဲ့သန္တာကျောက်ခက်တွေကိုတော့ နည်းနည်းစီဖြင့် နေရာအမျိုးမျိုးမှာ ပြောင်းစိုက်ပေးပါတယ်။

 

ဒီသေးငယ်တဲ့ သန္တာကျောက်ခက်အပင်ပေါက်လေးတွေကို နေရာအမျိုးမျိုးမှာပြောင်းစိုက်ရတာကလည်း လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။
ဘယ်လိုနည်းနဲ့ကျောက်ဆောင်တွေမှာ နေရာချရင်ကောင်းမလဲ?
နေရာမချဘူးဆိုရင်လည်း သန္တာကျောက်ခက်တွေဟာ လှိုင်းနဲ့မြောသွားနိုင်သလို၊ ကော်နဲ့ကပ်ထားမယ်ဆိုရင်လည်း၊ ကပ်တဲ့အချိန်မှာအပူထွက်လာပြီး သန္တာကျောက်ခက်သေဆုံးနိုင်ပါတယ်။
ဒီလိုစမ်းသပ်မှုအမှားတွေလည်းရှိခဲ့ပါတယ်။

islandlifemag.com

ထို့အပြင်ဒီခက်ခဲတဲ့အလုပ်ကိုလုပ်နေရင်းနဲ့၊ စိုက်ပျိုးခဲ့တဲ့သန္တာကျောက်ခက်ဟာ နောက်ထပ်အများကြီးမျိုးပွားပေးနိုင်ခဲ့တာကိုလည်း ရရှိခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ပင်လယ်ထဲကိုပစ်ချလိုက်တဲ့ ပလတ်စတစ်အမှိုက်ဆိုတာကလည်း ပင်လယ်ရဲ့အကြီးဆုံးရန်သူပါ…
ပလတ်စတစ်ဟာ နှစ်ပေါင်းများစွာရေထဲမှာမပျက်စီးဘဲရှိနေနိုင်တဲ့အတွက်၊ ငါးတွေနဲ့သန္တာကျောက်ခက်ဟာ ၎င်းကိုအစာမှတ်ပြီး မြိုချမိတတ်ပါတယ်။
ဒါဟာလည်း ဂေဟစနစ်ကိုထိန်းသိမ်းဖို့အတွက် ပြဿနာကြီးတစ်ခုဖြစ်လာတာကြောင့်၊ အမှိုက်ကောက်ခြင်းဟာမရှိမဖြစ်လိုအပ်လာပါတယ်။
“ အမှိုက်ကောက်ရင်တောင် ပင်လယ်ကနေတစ်ဆင့် နိုင်ငံခြားကအမှိုက်တွေလည်းစီးဆင်းလာအုံးမှာပဲ ကုန်တော့မှာမဟုတ်ဘူး။” လို့ပြောနေပေမဲ့ လုပ်တာတော့လုပ်ရမှာပါ။

https://www.researchgate.net/figure/

ပတ်ဝန်းကျင်ကိုဖျက်ဆီးဖို့အတွက်တော့ အရမ်းလွယ်ကူပါတယ်။

မူလအတိုင်းပြန်ထားဖို့ကတော့ အဆရာပေါင်းများစွာကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။
ဒီအလှတရားကို ဒီအတိုင်းသားမြေးတွေဆီထားခဲ့ဖို့၊ ကမ္ဘာတစ်ဝှမ်းရှိလူတွေက နည်းနည်းချင်းစီ ပူးပေါင်းသွားမယ်ဆိုရင်တော့ စောင့်ရှောက်နိုင်မှာပါ။
ခင်ဗျားတို့ရော ဒီလောက်လှတဲ့အဏ္ဏဝါကို မထိန်းသိမ်းချင်ကြဘူးလား?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: