အထက်တန်းလွှာလူတန်းစားဆို လူသတ်လည်းရတာပဲလား? တရားသူကြီးကိုယ်တိုင်က တောင်းပန်ဖို့တောင်းဆိုခဲ့တဲ့ မူမမှန်တဲ့စီရင်ချက်

၂၀၁၉ ခုနှစ် ၄ လပိုင်း။
တိုကျိုရဲ့ မြို့လယ်ခေါင်ဖြစ်တဲ့ Ikebukuro မှာယာဉ်တိုက်မှုဖြစ်ပြီး၊ မောင်းနှင်လာတဲ့ကားက ထွက်ပြေးသွားခဲ့ပါတယ်။
အိုကီနာဝါစီရင်စု ဇာတိဖွားဖြစ်တဲ့ အသက် ၃၁ အရွယ်အမျိုးသမီး Matsunaga နဲ့၊ အသက် ၃ နှစ်အရွယ်လူမမယ်သမီးဖြစ်သူတို့ဟာ နေရာမှာပဲပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီအပြင်အနီးအနားမှာရှိခဲ့တဲ့ လူ ၉ ဦးဟာပြင်းထန်တဲ့ဒဏ်များရရှိခဲ့ကြပေမဲ့၊ ကားတိုက်ပြီးထွက်ပြေးသွားတဲ့တရားခံကိုတော့ ရဲတွေရဲ့တုံ့ပြန်မှုဟာ ပုံမှန်မဟုတ်တဲ့အတွက်၊ ဒီကိစ္စဟာသတင်းကြီးသွားပါတယ်။
ဂျပန်မှာရှိနေတဲ့မြန်မာလူမျိုးထဲမှာ ဒါကိုကြားမိလူလည်း ရှိကောင်းရှိမှာပါ။

တရားခံကတော့ သံသယရှိသူအမျိုးသား Kozo Iizuka (အသက် ၈၉ နှစ်)

https://www.tokyo-np.co.jp/article/100570

အဲ့ဒီနေ့က ဘွတ်ကင်လုပ်ထားခဲ့တဲ့ ပြင်သစ်စားသောက်ဆိုင်ရဲ့ဘွတ်ကင်အချိန်ကိုနောက်ကျတော့မယ် ဆိုတာနဲ့ပဲ၊ ၁ နာရီကို ၉၀ ကီလိုမီတာကျော်အမြန်နှုန်းနဲ့ အရှေ့မှာသွားနေတဲ့စက်ဘီးနဲ့ ကားကိုတောင်ကျော်တက်ပြီး အကြိမ်ကြိမ်ကွေ့ကောက်မောင်းခြင်းနဲ့အတူ၊ လမ်းအလယ်ကဘလော့အတုံးတွေကို တိုက်မိတာတောင် အရှိန်မလျှော့ဘဲ အနီးအနားရှိလူတွေကိုပါ ဝင်တိုက်သွားခဲ့ပါတယ်။

သို့သော် ရဲဌာနရဲ့တုံ့ပြန်မှုကထူးဆန်းနေခဲ့ပါတယ်။
ဆိုးရွားစွာ ယာဉ်စည်းကမ်းလမ်းစည်းကိုချိုးဖောက်ခဲ့တဲ့တရားခံကို လိုက်လံရှာဖွေဖမ်းဆီးခြင်းမပြုဘဲ တိုင်စာပို့ခြင်းသာလုပ်ခဲ့တယ်။

အဲ့ဒီယာဉ်မောင်းလာတဲ့ သံသယရှိသူအမျိုးသား Iizuka ဟာ ယခင်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာနမှခအကြီးတန်းအရာရှိဟောင်းဖြစ်နေပါတော့တယ်။
တစ်နည်းအားဖြင့် “ အထက်တန်းလူတန်းစား” ဖြစ်နေလို့မဖမ်းဆီးကြတာပဲမဟုတ်ဘူးလား ဆိုပြီးအင်တာနက်ပေါ်မှာ သတင်းကြီးသွားခဲ့ပါတယ်။
ဒီလောက်အထိ လူအများကအရေးယူဖို့ထုတ်ဖော်ပြောကြပေမဲ့ ရဲတွေဟာတုံ့တုံ့မျှမလှုပ်ခဲ့ပါဘူး။
ခေါင်းရှောင်တာတို့၊ သက်သေကိုဖျက်ဆီးပြီး အထောက်အထားမခိုင်လုံဘူးလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့၊ အမှန်တရားကိုသိနေတဲ့ ပြည်သူလူထုဟာ လက်မခံခဲ့ကြပါဘူး။

ဒီအပြင် သံသယရှိသူတရားခံ Iizuka ဟာ ကားကသူဟာသူအရှိန်မြင့်သွားတာ လို့ဆင်ခြင်ပေးပြီး သူ့မှာဒီအတွက်တာဝန်မရှိဘူး ဆိုပြီးချေပခဲ့ပါတယ်။

ဒီကိစ္စမှာ Toyota လည်းသည်းမခံနိုင်တော့ဘဲ ဝင်ပါလာပြီး၊ ကားကိုစစ်ဆေးခဲ့ပါတယ်။
ကားမှာတော့ ထူးဆန်းတာဘာမှမတွေ့ရတာကြောင့်၊ တရားခံ Iizuk ရဲ့အကြောင်းပြချက်ကို လုံးဝပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တရားခံ Iizuk ဟာသူ့ရဲ့ထွက်ဆိုချက်ကိုမပြောင်းလဲခဲ့ပါဘူး။
လုံးဝမဝန်ခံခဲ့ဘူး။

အမျိုးသမီးနဲ့သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ Matsunaga ဆိုတဲ့အမျိုးသားကလည်း ဝန်ခံဖို့တောင်းဆိုခဲ့ပေမဲ့၊ သူဟာ အဆုံးထိငြင်းဆိုသွားခဲ့ပါတယ်။
နောက်ဆုံးအထိ ကားကရုတ်တရက်သူ့ဟာသူအရှိန်မြင့်လာတာ ဆိုပြီးတော့ပဲ ကားပေါ်လွှဲချခဲ့ပါတယ်။

https://news.livedoor.com/article/detail/18181003/

ဒီအမှုကိုဆက်လက်ကိုင်တွယ်စစ်ဆေးမှုပြုလုပ်နေတဲ့အထဲမှာ၊ တရားခံ Iizuk ရဲ့အကြောင်းပြချက်နဲ့ကိုက်ညီမယ့်အရာ တစ်စုံတစ်ခုတောင်ထွက်မလာခဲ့ပါဘူး။
မှန်ပါတယ်၊ သူကိုယ်တိုင်ကျူးလွန်ခဲ့တာကြောင့်ပဲမို့လို့ပေါ့..

“ အထက်တန်းလွှာလူတန်းစားဆိုရင် ထောင်ထဲတောင်သွားစရာမလိုဘူးပေါ့?”

ဆိုပြီးဂျပန်တစ်ခွင်မှာ ဟိုးလေးတကျော်ဖြစ်သွားကာ၊ တရားခံ Iizuk ကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ လက်မှတ်ထိုးတောင်းဆိုသူ ၃သိန်း ၉ သောင်းရှိလာပါတယ်။
ဒါကြောင့်နောက်ဆုံးတော့ တရားစီရင်ချက်ထွက်လာခဲ့ပါတယ်။

ထောင်ဒဏ် ၅ နှစ် !!!

မိမိရဲ့တစ်ကိုယ်ကောင်းဆန်တဲ့အကြောင်းပြချက်နဲ့ ကားကိုမောင်းပြေးသွားပြီး၊ လူ ၉ ယောက်ကိုအပြင်းအထန်ဒဏ်ရာရစေသည်သာမက၊ လူမမယ်ကလေးအပါအဝင် လူ ၂ ဦးကိုသေဆုံးစေခဲ့တာတောင် ၅ နှစ်တဲ့..
အင်တာနက်ပေါ်မှာလည်း “ အထက်တန်းလူတန်းစားအလွှာတွေဆိုတော့လည်း ဒီလောက်ပဲခံရမှာပေါ့” ဆိုတဲ့ထင်မြင်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကရုတစိုက်ကားမောင်းနေသော်လည်း ကံခေရင်မတော်တဆဆိုတာ ဖြစ်နိုင်ပါတယ်။
အဲ့ဒီလိုထဲမှာ လူကိုသေစေနိုင်တဲ့အထိလည်းဖြစ်နိုင်ပါတယ်။

တောင်းပန်ဝန်ခံရုံလောက်နဲ့တော့ သေသွားတဲ့လူတွေကိုပြန်မခေါ်နိုင်ပါဘူး။
သို့သော်လည်း ရိုးသားမှုကိုပြဖို့အတွက်တော့ တောင်းပန်တာကိုလုပ်သင့်ပါတယ်။

စီရင်ချက်ကိုတစ်နာရီခန့်ဖတ်လိုက်တဲ့ တရားသူကြီးဟာ ရှင်းလင်းပြတ်သားတဲ့လေသံနဲ့ ပုံမှန်မဟုတ်တဲ့မိန့်ခွန်းကိုစတင်လိုက်ပါတယ်။

“ ခင်ဗျားရဲ့ပေါ့ဆမှုက သိသာထင်ရှားနေတယ်။
စီရင်ချက်ကိုသဘောတူမယ်ဆိုရင်၊ သေဆုံးသူမိသားစုကို
အလေးအနက် တောင်းပန်လိုက်ပါ”

ဒီလိုတရားသူကြီးကပြောခဲ့ပါတယ်။ ဒါပေမဲ့၊ အနည်းငယ်မျက်ရည်ဝဲပြီး ခေါင်းလေးတစ်ချက်ငိုက်စိုက်ရုံလောက်သာလုပ်ခဲ့ပါတယ်။

ဂျပန်မှာတော့ နိုင်ငံသူနိုင်ငံသားတွေကအကုန်လုံးတန်းတူအညီအမျှပဲဖြစ်သင့်ပေမဲ့၊ တကယ်တော့ နိုင်ငံသားထဲမှာ အထက်တန်းအလွှာနဲ့အောက်အလွှာဆိုပြီး ခွဲခြားထားတာပဲမဟုတ်လား? လို့ယူဆသွားမိတဲ့ ဂျပန်နိုင်ငံသားတွေဟာ ဒီကိစ္စမှာတော့အစိုးရအပေါ်စိတ်ပျက်သွားကြပါတယ်။

လက်ရှိအသက် ၉၀ ရှိပြီဖြစ်တဲ့သူဟာ အသက် ၉၅ နှစ်မှာထောင်ကနေထွက်လာမှာပါ…။
သူ့ကိုကားထပ်မမောင်းစေချင်တော့သလို၊ လူတွေကိုဒုက္ခမပေးဘဲ ကျန်တဲ့နေ့ရက်တွေကိုဖြတ်သန်းသွားစေချင်မိပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: